သူအတွက် ဒါရိုက်တာ အနေနဲ့ မှတ်တိုင်တစ်ခု ဖြစ်လို့လာပါပြီ။

ခင်လှိုင်ကတော့ သူကိုယ်တိုင်ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံတင်ပြသခွင့်ရပြီလို့ဆိုပါတယ်။ ဖေဖေ ခင်လှိုင်အတွက် သမီးငယ် သဇင်ထူးမြင့်ကလည်း ဝမ်းသာမဆုံးဖြစ်လို့နေပါပြီ။

Photo: ခင်လှိုင်



ခင်လှိုင်ဟာ သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ပထမဆုံးဖန်တီးပုံဖော်လိုက်တဲ့ ‘’ချိုးရုပ်’’ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသခွင့်ရပြီဖြစ်လို့ ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။ ဒါကြောင့်လည်း တာဝန်ရှိသူတေါကို ကျေးဇူးတင်ကြောင်းတွေ ပြောလာပါတယ်။

‘’ဒီနေ့ကျွန်တော်ဘဝအတွက်အပျော်ရွှင်ဆုံးနေ့ရက်တွေထဲကရင်တွေတုန်နေအောင်ပျော်ရတဲ့အပျော်တွေရသောရက်ပါ။ ကျွန်တော် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ နှစ်ကားထဲက ချိုးရုပ်ဇာတ်ကားကြီးကိုပြသခွင့်ပြုလိုက်ပါပြီ။ ပြသခွင့်ပြုပေးခဲ့သော မင်္ဂလာ Group မှတာဝန်ရှိလူကြီးမင်းများကိုအထူးကျေးဇူးတင်ပါတယ်’’ လို့ အစပျိုးကာ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၂ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Zaw Myo Htet

အဲဒီနောက် ခင်လှိုင့်အတွက် မိသားစုတွေနဲ့ အတူ အနုပညာအသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမတွေကလည်း ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။

‘’ကျွန်တော့်ကိုယုံကြည်စွာဖြင့်အနုပညာဖန်တီးတင်ပြခွင့်ပေးခဲ့သောအောင်သီရိရုပ်ရှင်ထုပ်လုပ်ရေးကိုလဲအထူးကျေးဇူးတင်ပါတယ်။ ချစ်မိတ်ဆွေတို့ရေ ကျွန်တော်တတ်သမျှမှတ်သမျှကြိုးစားထားတဲ့ ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီး 17.10.2019 မှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံကြီးများမှာပြသပါတော့မယ် အားပေးဝန်းရံ အကြံပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါသေးတယ်။

Photo: Khin Hlaing

ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အောက်တိုဘာလ ၁၇ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မြင့်မြတ်၊ အိချောပို၊ တိုင်ရွန်၊ ခင်လှိုင်၊ ဂျိုကာ၊ ကြက်ဖ နဲ့ ရွှေပိုးအိမ် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

အဲဒီနောက် ခင်လှိုင်ရဲ့ သမီးလေးလည်းဖြစ်၊ အနုပညာအလုပ်တွေ လုပ်ကိုင်လာပြီဖြစ်တဲ့ သရုပ်ဆောင်သဇင်ထူးမြင့်ကလည်း ဖခင်အတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်။

‘’ Congratulations ဖေဖေ။ ဒါရိုက်တာအနေနဲ့ပထမဆုံးရုံတင်မယ့်ကားကြီး။ ရုံတင်ဖို့ရွေးတဲ့ထဲပါပြီဆိုတော့ အပြည့်အဝကို ဝန်းရံပြီ’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Khin Hlaing

ခင်လှိုင် (Khin Hlaing) ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိတာကိုလည်း တွေ့ရပါတယ်။



Share

Loading Next Article...
က္က