သဇင်ဆုဝေလွင်က ကျေးဇူးတင်စကားဆိုထားပါတယ်။

လေဖြတ်ဝေဒနာကြောင့် ဆေးကုသမှုခံယူနေရတဲ့ လူရွှင်တော် ဟာသသရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ) အတွက် မြင့်မြတ် တို့ ဇနီးမောင်နှံက ငွေကျပ်(၁၀) သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

Photo: Thazin Su Wai Lwin



သရုပ်ဆောင် မြင့်မြတ် နဲ့ ဇနီးဖြစ်သူ မခင်သူအောင် တို့ဟာ ကျန်းမာရေးမကောင်းဖြစ်နေရှာတဲ့ ဟာသလူရွှင်တော်ကြီး ဦးဝင်းနိုင်(အနုပညာ) အတွက် ငွေကျပ်(၁၀) သိန်း ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ဦးဝင်းနိုင်ရဲ့ သမီးဖြစ်သူ မသဇင်ဆုဝေလွင်က ပြောပါတယ်။ 

" ဖေဖေ့အတွက်ကူညီထောက်ပံ့ငွေ 1000000 (၁၀)သိန်းကျပ်လှူဒါန်းပေးပါသောကိုမြင့်မြတ်တို့ဇနီးမောင်နှံအားအထူးကျေးဇူးတင်ရှိပါတယ်" ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာထက်ကနေ ရေးသားခဲ့တာ တွေ့ရပါတယ်။ မြင့်မြတ် ရဲ့ အလှူအတွက် ဦးဝင်းနိုင်တို့ မိသားစုကလည်း ကျေးဇူးတင်ခဲ့ကြသလို ပရိသတ်တွေကလည်း သာဓု (၃) ကြိမ် ခေါ်ဆိုခဲ့ကြပါသေးတယ်။ 

လူရွှင်တော်ကြီး ဟာသသရုပ်ဆောင် ဦးဝင်းနိုင်ကတော့ အသက် (၆၆) နှစ်အရွယ်မှာ ပထမဆုံး လေဖြတ်ခဲ့တာကြောင့် ဆေးကုသမှု ခံယူပြီး နေပြန်ကောင်းခဲ့ပါတယ်။ သူ့ရဲ့ အသက် (၇၄) နှစ်အရွယ်မှာ ဒုတိယအကြိမ်မြောက် လေပြန်ဖြတ်ခဲ့တာကြောင့် လက်ရှိအချိန်ထိ ဆေးကုသမှု ခံယူနေရတုန်းဖြစ်ပါတယ်။ ကျန်းမာရေး မကောင်းတာကြောင့်လည်း အနုပညာအလုပ်တွေလည်း အလှမ်းဝေးကွာနေခဲ့တာကိုလည်း တွေ့ရပါတယ်။ 

Photo: Thazin Su Wai Lwin

သရုပ်ဆောင်မြင့်မြတ်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ကျန်းမာရေး မကောင်းဖြစ်နေတဲ့ လူရွှင်တော် ဟာသသရုပ်ဆောင် ဧရာကိုလည်း ကျန်းမာရေး ထောက်ပံ့ငွေ သွားရောက် လှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။ COVID-19 ကာလမှာလည်း မြောက်ဒဂုံမြို့နယ်အတွင်းက စားဝတ်နေရေး အခက်အခဲ ကြုံနေရသူတွေအတွက် ဆန် တွေပေးဝေလှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် သရုပ်ဆောင် ယုန်လေးတို့နဲ့ အတူ ဆေးရုံကြီးတွေမှာ လိုအပ်တဲ့ ဆေးပစ္စည်းတွေ လှူဒါန်းနိုင်ဖို့ ငွေကျပ်(၁၀) သိန်းလှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံကြီးမှာလည်း ငွေကျပ်(၁၆၂) သိန်း တန်ဖိုးရှိ ဆေးပစ္စည်းတွေလည်း လှူဒါန်းခဲ့ပါသေးတယ်။

Photo: Myat Wai Tun

သရုပ်ဆောင်မြင့်မြတ်ကတော့ ထိပ်တန်းသရုပ်ဆောင် တစ်ဦးဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့သူပါ။ COVID-19 ကြောင့် ရိုက်ကူးရေးတွေ ခဏနားထားရင်း မိသားစုကို အချိန်ပေးနေတယ်လို့လည်း သိရပါတယ်။ အခုဆိုရင်တော့ ဒုတိယမြောက် ရင်သွေးလေးကို ဇနီးဖြစ်သူ မခင်သူအောင်က ကိုယ်ဝန်လွယ်ထားရပြီလို့ မြင့်မြတ်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သူဟာ "အမှောင်မှာ ရွာချတဲ့မိုးတိမ်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားတာပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ ထိပ်တန်း သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က