စိုင်းစိုင်းက စိုင်းစိုင်းပါပဲနော်။

အခုချိန်မှာ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က လွန်ခဲ့တဲ့ ၉ နှစ် က ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို ပရိသတ်တွေဆီ ချပြခဲ့ပါတယ်။ မကြာခဏ ဆိုသလို သူ့နဲ့ ပရိသတ်တွေရဲ့ အမှတ်တရ ဓာတ်ပုံတွေကို ကြည့်လေ့ရှိတယ်လို့ ဆိုပါတယ်။

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ဟာ လွန်ခဲ့တဲ့ ၉ နှစ်အရွယ်က ရိုက်ထားတဲ့ ဓာတ်ပုံလေးကို ပရိသတ်တွေဆီ ချပြခဲ့ပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ အသက်ဟာ ၄၀ အရွယ်ကို ရောက်ရှိလို့နေပါပြီ။

‘’အသက် ၃၁ နှစ်တုန်းကပေါ့’’ ဆိုပြီးတော့ ၃၁ နှစ်အရွယ်တုန်းက ရိုက်ကူးထားတဲ့ အမှတ်တရ ဓာတ်ပုံလေးကို ဧပြီလ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီ မိနစ် ၂၀ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။ စိုင်းစိုင်းရဲ့ ပရိသတ်တွေကလည်း Comment ကနေ တဆင့် ဘယ်တုန်းကတည်းက ချစ်ခင် အားပေးခဲ့ရတယ် ဆိုတဲ့ အကြောင်းတွေ ရေးသားထားကြပါတယ်။

Photo: Sai Sai ( အသက် ၃၁ နှစ်အရွယ်က ဓာတ်ပုံပါ)

အဲဒီနောက် အားတဲ့အချိန်တိုင်းလည်း Instagram မှာ သူနဲ့အတူ ပရိသတ်တွေ တင်ထားတဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း ထိုင်ကြည့်လေ့ရှိတယ်လို့ စိုင်းစိုင်းက ပြောပါတယ်။

‘’ Instagram မှာ #Bdayshow19 လို့ရှာလိုက်ရင် ဓာတ်ပုံပေါင်း ၃၇၀၀ကျော် အမှတ်တရ ရှိနေပါတယ်။ ကျွန်တော်တော့ အားနေ အဲ့ပုံတွေ ပြန်ကြည့်ပြီး Feel နေတာပဲ။ အဓိကအားဖြင့် ပရိသတ်တွေတင်ထားတဲ့ အမှတ်တရပုံတွေပေါ့။မကြည့်ရသေးတဲ့ SAISAI ပရိသတ်တွေလည်း Birthday Show မြင်ကွင်းကို ခံစားလို့ရအောင် သွားကြည့်ဖို့ တိုက်တွန်းချင်ပါတယ် SAISAI SHOW ရဲ့ Vibe က ဘယ်လိုလဲဆိုတာကို ခံစားစေချင်လို့ပါ။ မန္တလေးပွဲကျလို့ရှိရင်လည်း အဲလို မှတ်မှတ်သားသား Hashtag တစ်ခုတည်းနဲ့ အားလုံး ညီညီညာညာတင်ကြရအောင်နော်။ #BdayShow19 #SaiMdy19’’ ဆိုပြီးတော့ ၂၇ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်က မကြာခင် မန္တလေးမှာ ဖျော်ဖြေပွဲလုပ်ဖို့ ပြင်ဆင်နေ ပြီဖြစ်ပါတယ်။ လာရောက်အားပေးကြမယ့် ပရိသတ် ဦးရေနဲ့ ပွဲကျင်းပမယ့် နေရာကို ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။

‘’Mandalayမှာပွဲလုပ်မယ်ဆိုရင် တက်ရောက်မယ့်လူဦးရေသိချင်ပါတယ်။ ဖြစ်နိုင်မဖြစ်နိုင်လုပ်သင့် မသင့်နဲ့ ဘယ်ကွင်းမှာလုပ်ရမလဲ ရွေးချယ်ချင်လို့ပါ ။ ဒါကြောင့်SAISAI SHOW ကိုလာမယ့်သူတွေက Share ပေးပါ လာနိုင်မယ့် Potential Fans တွေသူငယ်ချင်းတွေကိုလည်း Mention ခေါ်ပေးပါ’’ဆိုပြီးတော့ ဧပြီလ ၂၆ ရက်နေ့ နေ့လယ် ၁၂နာရီ ၁၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Win Min

စိုင်းစိုင်း (Sai Sai Kham Leng)ဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာမင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက်စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။



က္က