ဧပြီလ ၁၅ ရက်နေ့မှာ ပြုလုပ်သွားမှာပါ။

နေခြည်ဦးက သူမရဲ့ ပရိသတ်လေးတွေကိုယ်စား သစ်တံခါးဆရာတော်ကြီးရဲ့ နှစ်ဦး အလှူမှာ အလှူငွေ ၃၆ သိန်းပါဝင်ကုသိုလ်ယူသွားပါမယ်တဲ့။ သူမကလည်း Chillies လေးတွေကို အရမ်းချစ်သလို Chillies လေးတွေကလည်း နေခြည်ဦးကို အရမ်းချစ်ကြပါတယ်။


Photo: Nay Chi Oo



နေခြည်ဦးက သစ်တံခါးဆရာတော်ကြီးရဲ့ နှစ်ဦးအလှူမှာ ကုသိုလ်ပါဝင်လှူဒါန်းသွားမယ်လို့ သိရပါတယ်။ သူမ နဲ့ သူမကိုချစ်တဲ့ အမာခံပရိသတ်လေးတွေအတွက် အလှူငွေ ၃၆ သိန်းကိုလည်း ပါဝင်လှူဒါန်းသွားမယ်လို့ သိရပါတယ်။

‘’ေကျးဇူးရှင် သစ်တံခါးဆရာတော်ဘုရားကြီးအားအမှူးထား၍ လာမယ့် နှစ်ဆန်းတစ်ရက်နေ့မှာ ကုသိုလ်ပြုလုပ်နိုင်ကြရန် ရည်ရွယ်၍ နှစ်ဦး အလှူတော် အကြောင်း ပြန်လည်ဝေမျှပေးလိုက်ပါတယ်။နေခြည်လည်း chillies တွေကိုယ်စားအိမ်ခြေ ၃၀၀ စာ အလှူငွေ ၃၆ သိန်း လှူဒါန်းပါမယ်’’ ဆိုပြီးတော့ ဧပြီလ ၁၀ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

သစ်တံခါး ဆရာတော် ဘုရားကြီးအားအမှူးထား၍..သစ်တံခါးဖောင်ဒေးရှင်းနှင့် ဆရာတော်၏သားသမီးများ၊ ပါရမီရှင်များက ပူးပေါင်းပြီး အိမ်ခြေ ၁၂၇၀ စာအတွက် ဆန်၊ ဆီ၊ဆား၊ ငွေကျပ် ၁၀၀၀ ဆီ တို့ကို ဧပြီလ ၁၅ ရက်နေ့မှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Photo: Nay Chi Oo

အဲဒီနောက် နေခြည်ဦးက သူမရဲ့ အလှူမှာ ငွေအားသာမက ကိုယ်တိုင်လည်း လုပ်အားပေးသွားဦးမယ်လို့ ဆိုပါတယ်။

‘’မိမိဆန္ဒအရ အလှူငွေထည့်ချင်တယ်ဆို share ထားတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ (အလှူငွေကိုယ်စား လက်မခံပေးပါ။ ဖုန်းနဲ့ တိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။)နှစ်ဆန်း တစ်ရက်နေ့ ဆရာတော်ဘုရားကျောင်းမှာ နေခြည်လဲ လုပ်အားကော ငွေအားကော သွားရောက်လှူဒါန်းဖို့ ရှိနေပါမယ်နော်’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။

Photo: Nay Chi Oo

နြေခည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်ပေါင်း ၈ သိန်းကျော်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို နေခြည်ဦးက ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။

သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။

Photo: Nay Chi Oo

နေခြည်ဦးက အခုဆိုရင်တော့ အနုပညာလောကထဲမှာ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။ သူမဟာ ‘’ဧည့်သည်’’ ၊ ‘’အောက်ဖဲမလှန်ကြေး’’၊ ‘’ ကိုယ်ပွား’’၊ ‘’ရန်သူ’’၊ စတဲ့ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။

Photo: Nay Chi Oo

အဲဒီနောက်မှာတော့ မကြာခင်မှာ သရုပ်ဆောင် အကယ်ဒမီနေတိုးနဲ့ အတူ ‘’အခမ်းနားဆုံး မေတ္တာ’’ ဆိုတဲ့ရုပ်ရှင်ကားကြီးကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒါဟာ သူမအတွက်တော့ နေတိုးနဲ့အတူ ပထမဆုံး သရုပ်ဆောင်ရမယ့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ ဇင်ဝိုင် း၊တိုင်ရွန်၊သူရိယ၊ စိုးမြတ်သူဇာ၊ နေခြည်ဦးနဲ့ ခင်သဇင်တို့က အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က