သွေးလေးဖက်နာရောဂါ ခံစားနေရတယ်တဲ့။

Photo : ခိုင်နှင်းဝေ FB

 

သွေးလေးဖက်နာရောဂါရရှိနေတဲ့ ကလေးငယ်လေးရဲ့ ရောဂါအခြေအနေကို အလှူရှင်တွေသိအောင် သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အခုလို ချပြလိုက်ပါပြီ။ ရောဂါပျောက်ကင်းဖို့ အတွက်လည်း အချိန်ယူပြီး ဆေးကုသရဦးမှာဖြစ်တာကြောင့် အလှူရှင်များစွာ လိုအပ်နေသေးတယ်ဆိုပြီးတော့ ပြောပြခဲ့ပါသေးတယ်။

'' သမီးလေး ရဲ့အခြေအနေလေးပါ။ အလှူရှင်များ စိတ်ချမ်းသာစေဖို့တင်ပေးလိုက်ပါတယ်ရှင်။ သာဓု သာဓု သာဓု ရောဂါပျောက်ကင်းဖို့ အချိန်ယူကုသရပါအုံးမယ်။ စိတ်မချရသေးပါဘူး။ သမီးလေးရောဂါအတွက် အသက်ဆက်ဖို့အတွက် အလှူရှင်များလိုအပ်နေပါတယ်ရှင်'' ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့ည ၉ နာရီ ၈ မိနစ်အချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ တာဖြစ်ပါတယ်။

Photo : ခိုင်နှင်းဝေ FB

သရုပ်ဆောင်ခိုင်နှင်းဝေဟာ သွေးလေးဖက်နာရောဂါ ခံစားနေရတဲ့ မချစ်သုဝေ ဆိုတဲ့ ကောင်မလေးကို ရွှေကြာလူမှုကူညီရေး အသင်းကြီးရဲ့ အကူအညီနဲ့ ဇွန်လ ၁၁ ရက်နေ့ ညက သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ မချစ်သုဝေရဲ့ အသက်ကတော့ ၁၀နှစ်လို့ သိရပါတယ်။ သွေးလေးဖက်နာရောဂါကို ခံစားနေရတာက အသက် ၈ နှစ်အရွယ်ကတည်းကပါဆိုပြီးတော့ ခိုင်နှင်းဝေက ပြောပြထားပါသေးတယ်။ မချစ်သုဝေကို  သွားရောက်ခေါ်ဆောင်ခဲ့ပြီးတဲ့နောက် ရန်ကုန်ကလေးဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူဖို့ အတွက် ထောက်ပံ့ကူညီ ပေးခဲ့တယ်လို့ သိရပါတယ်။

ချို့တဲ့အိမ်ထောင်စုတွေကို အလှူငွေသွားလှူခဲ့တဲ့ ခိုင်နှင်းဝေ  

အသက် ၈ နှစ်အရွယ်ကတည်းက သွေးလေးဖက်နာ ရောဂါကို ခံစားနေရတဲ့ မချစ်သုဝေကိုတော့ မိသားစုက ငွေကြေးမတတ်နိုင်ခဲ့လို့ ဆေးရုံမပြဘဲ နေခဲ့တာကြာပြီ ဆိုပြီးတော့ ခိုင်နှင်းဝေက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ ဘေးပတ်ဝန်းကျင်ကလည်း မချစ်သုဝေရဲ့ ရောဂါဝေဒနာကို  သနားသောအားဖြင့် ခိုင်နှင်းဝေဆီကို တိုက်ရိုက်ဆက်သွယ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရန်ကုန်ကလေးဆေးရုံကြီးမှာ ဆေးဝါးကုသမှုစားရိတ်လှူဒါန်းလိုသူများလည်း ခိုင်နှင်းဝေကို ဆက်သွယ်လို့ ရတယ်လို့ ဆိုပါတယ်။

Photo : ခိုင်နှင်းဝေ FB

 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ သူ့အနေနဲ့ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သံတမန်အဖြစ် ခန့်အပ်ခြင်း ခံရပြီး နောက်ပိုင်းမှာလည်း အမျိုးသမီးတွေနဲ့ ကလေးတွေအတွက်သူမတတ်စွမ်းသလောက် အားတက်သရော ပါဝင်ကူညီဆောင်ရွက် ပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။ အဲ့ဒီနောက် ပြည်သူ့ဂုဏ်ရည်ဆု အတွက် ဆန်ခါတင်စာရင်းထဲပါဝင်နေသူတစ်ဦး လို့ သိရပါတယ်။

Photo : ခိုင်နှင်းဝေ FB

 

ထိုင်းနိုင်ငံမှာရှိတဲ့ ခိုင်နှင်းဝေရဲ့ ပရိသတ်တွေနဲ့အတူ တည်ထောင်ထားတဲ့ ခိုင်နှင်းဝေပရဟိတကိုယ်စားလှယ်အသင်းဟာ ဒီနေ့(မေလ ၈)ရက်နေ့ တုန်းက အလုပ်မရရှိသေးတဲ့ မြန်မာနိုင်ငံသား အယောက်၂၀၀ ကို အလှူလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ပရဟိတ အသင်းရဲ့ ရည်ရွယ်ချက်ကတော့ ပြည်ပမှာ ရောက်ရှိနေပေမယ့် ဒုက္ခရောက်နေကြတဲ့ မြန်မာလူမျိုးတွေကို အချင်းချင်း ကူညီရိုင်းပင်းပြီး တတ်စွမ်းသမျှကူညီပေးနိုင်ဖို့အတွက်ရည်ရွယ်ချက်ထားတယ်လို့လည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က