မန္တလေးမှာပါ။

နှစ်တိုင်း ပရိသတ်တွေနဲ့ အလှူလုပ်လေ့ရှိတဲ့ ပိုပိုက ဒီနှစ်မှာလည်း ပရိသတ်တွေနဲ့အတူတူကုသိုလ်ယူနေတာတွေ့ရပါတယ်။

Photo ; ပိုုပို

သရုပ်ဆောင် ပိုပိုက နှစ်ဆန်းတစ်ရက်နေ့မှာ ချစ်တဲ့ပရိသတ်တွေနဲ့အတူ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ ပရိသတ်တွေနဲ့အတူ မန္တလေး မဟာမြတ်မုနိဘုရားကြီးမှာ အအေးတိုက်လှူခြင်း ၊ မုန့်များဝေခြင်းတို့ကို ပရိသတ်တွေနဲ့အတူ ပြုလုပ်ခဲ့တာပါ။

၂၀၁၉ မြန်မာတို့ရဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ မန္တလေး မဟာမြတ်မုနိဘုရားမှာ ပိုပိုနဲ့  We love Po Po fans တွေနဲ့  အအေး တိုက်လှူ ခြင်း 

သကြားလုံးများ ဝေခြင်း အမှတ်တရ ဓါတ်ပုံရိုက်ရင်း ပျော်ရွှင်ခဲ့ပါတယ်။ မြန်မာပြည်သူ မြန်မာပြည်သား များ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများ ပြည့်ဝပြီး အချစ်ရေးမှာလဲ ကဲကောင်းကြပါစေရှင်။ ပိုပို့ကို ချစ်ပေးကြတဲ့ ပရိတ်သတ်များကိုလဲ ပို က ချစ်ကြပါတယ်” ဆိုပြီး ဧပြီ(၁၇) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo ; ပိုုပို

ပိုပိုဟာ နှစ်တိုင်းလိုလို နှစ်ဆန်းတစ်ရက်နေ့တိုင်း ပရိသတ်တွေနဲ့အတူ ကုသိုလ်ယူလေ့ရှိပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ ကုသိုလ်များ ပြုလုပ်ပြီး ၂၀၁၉ ခုနှစ်အတွက် သူမလိုချင်တဲ့ ဆုတွေကိုလည်း တောင်းခဲ့တာ တွေ့ရပါတယ်။

၂၀၁၉ နှစ်သစ်မှာ ကိုယ့်အတွက် ကိုယ် ဆုတောင်းရမယ်ဆိုရင် အချစ်ရေး ကံကောင်းပြီး မေတ္တာစစ်နဲ့ ချစ်မဲ့သူ ပဲတွေ့ပါရစေ ။မကောင်းတဲ့ လူမိုက် လူယုတ်မာ အခွင့်ရေးသမားများနဲ့ ကင်းဝေးပါရစေ ။စိတ်ထဲ ရှိသလို လှူ ချင်တိုင်း လှူခွင့်ရပါရစေ ။သူများ အပေါ်လဲ ဒုက္ခပေးတဲ့သူ မဖြစ်ပါရစေနဲ့ အကုသိုလ် အတွေ အကုသိုလ် အလုပ်များကိုလဲ ရှောင်ကျဉ်နိုင်သူ ဖြစ်ပါရစေ။ကျွန်မရဲ့ ချစ်ပရိတ်သတ်တွေ လဲ ကျမကို ပိုချစ်ကြပါစေ” ဆိုပြီး ဆက်လက်ပြောထားပါတယ်။

Photo ; ပိုုပို

ပိုပိုဟာ သင်္ကြန်လေးရက်စလုံး ချင်းတွင်းသင်္ကြန်မှာ ရှိနေတာပါ။ ပိုပိုဟာ သင်္ကြန်ပြီး(၅)လပိုင်းထဲမှာလည်း မယ်သီလရှင်ဝတ်သွားဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြားရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာပရိသတ်တွေ အခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

အဲ့ဒီသီချင်းဟာလည်းသူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ အဆိုတော် ပိုပိုကတော့ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲ အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။



က္က