ဇန်နဝါရီလထဲမှာ ပြုလုပ်မှာပါ။

ပရိသတ်တွေနဲ့ အချိန်အတော်ကြာ ကင်းကွာနေခဲ့တဲ့ နှင်းဆီအဖွဲ့သားတွေဟာ ဇန်နဝါရီလထဲမှာ ပရိသတ်တွေရှေ့မှောက် ပြန်လည်ရောက်ရှိ လာတော့မှာပါ။ ဒီတစ်ကြိမ်လုပ်မယ့် ပွဲနာမည်က "နှင်းဆီပုဝါခြုံတဲ့လက်" လို့ နာမည်ပေးထားပါတယ်။

ပရိသတ်တွေမျှော်လင့်စောင့်စားနေကြတဲ့ နှင်းဆီအငြိမ့်က မကြာခင် ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အချိန်အတော်ကြာ ကင်းကွာ နေခဲ့တဲ့ နှင်းဆီအဖွဲ့သားတွေဟာ နှစ်သစ်မှာ ပရိသတ်တွေကို ပျော်ရွှင်မှုတွေ ပေးစွမ်းဦးမှာ ဖြစ်ပါတယ်။ ဒီတစ်ခါ ပြုလုပ်မယ့် နှင်းဆီအငြိမ့်ကို "နှင်းဆီပုဝါခြုံတဲ့လက်" ဆိုပြီး နာမည်ပေးထားတာဖြစ်ပါတယ်။


ဒီပွဲကို ဇန်နဝါရီ(၁၁) ရက်နေ့ နဲ့ (၁၂) ရက်တို့မှာ ရန်ကုန်မြို့ ၊ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ "နှင်းဆီပုဝါခြုံတဲ့ လက်" အငြိမ့်မှာ နှင်းဆီအဖွဲ့သားတွေ ဖြစ်ကြတဲ့ မင်းမော်ကွန်း၊နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ရဲလေး၊ ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည်မောင် တို့ ပါဝင်မှာ ဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်းတွေကို VIP- ငွေကျပ် ၁၀၀၀၀၀ သတ်မှတ်ထားပြီး ၅၀၀၀၀၊ ၃၀၀၀၀ ဆိုပြီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။ လက်မှတ်တွေကို ဖုန်း ၀၉-၄၂၉၂၆၁၄၄၄၄ မှာ ဆက်သွယ်မှာယူနိုင်တယ်လို့ သိရပါတယ်။

နှင်းဆီအဖွဲ့ကို နာမည်ကြီး သရုပ်ဆောင်များနဲ့ ၂၀၀၇ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ကပြဖျော်ဖြေခဲ့တာ ယခုလို ဆိုရင် ဆယ်စုနှစ်တစ်စုရှိခဲ့ပါပြီ။ မင်းသားတွေဖြစ်တဲ့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်းနဲ့ ရဲလေးတို့က လူရွှင်တော်အဖြစ် ပါဝင်ထားတဲ့ နှင်းဆီအငြိမ့်များဟာ ပရိသတ်တွေကြားမှာ အရမ်းအောင်မြင်တဲ့ အငြိမ့်ပွဲတွေ ဖြစ်ပါတယ်။

နှင်းဆီအဖွဲ့သားတွေ ဖြစ်ကြတဲ့ ဒါရိုက်တာ မောင်မျိုးမင်း၊ နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ရဲလေး၊ထွန်းထွန်းတို့ဟာနှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းကို တည်ထောင်ပြီး ပရဟိတလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါတယ်။

နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းကနေ ပညာသင်ကျောင်းတွေလည်း ဆောက်လုပ်လှူဒါန်းခဲ့သလို သက်ကြီး အနုပညာလောက သားများကိုလည်း ကူညီပေးလျက်ရှိပါတယ်။

Share

Loading Next Article...
က္က