ဒီဇာတ်ကားထဲမှာ အိန္ဒြာကျော်ဇင်၊ ဒေါင်း၊ ဝင်းခန့်မိုးနဲ့ ရဲထွဋ် တို့က ပါဝင်ထားပါတယ်။
ထူးပိုင်ဇော်ဦးကတော့ သူ့အတွက် ၁၄ နှစ်တာ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကတော့ ‘’ လရဲ့အောက်ဘက် မိုင်အဝေးမှာ ‘’ ရုပ်ရှင်ကားကြီးကို အောင်အောင်မြင်မြင် ရိုက်ကူူးဖို့ပါပဲတဲ့။

Photo: Htoo Paing Zaw Oo



ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ တတိယမြောက်ရုပ်ရှင်ကားကြီးဖြစ်တဲ့ ‘’လရဲကအောက်ဘက် မိုင်အဝေးမှာ’’ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးက မတ်လ ၂၃ ရက်နေ့မှာ ရိုက်ကူးသွားပြီလို့ သိရပါတယ်။ ဒီဇာတ်ကားဟာ ထူးပိုင်ဇော်ဦး အတွက်တော့ ၁၄ နှစ်တာ မက်ခဲ့ရတဲ့ အိပ်မက်တွေထဲက တစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

‘’လရဲ့အောက်ဘက် မိုင်အဝေးမှာ ရုပ်ရှင်ဇာတ်ကား အောင်မြင်စွာရိုက်ကူးပြီးစီးသွားပါပြီ။ ကျွန်တော့်ရဲ့ တတိယရုပ်ရှင်ဆိုပေမဲ့ ဒီရုပ်ရှင်ဟာ ကျွန်တော့်အတွက် ၁၄ နှစ်တာ အိပ်မက်ပါ။ ပြီးသွားတော့ ဝမ်းသာသလို ဝမ်းနည်းသလို ဟာတာတာနဲ့ ၊ ကျွန်တော်ရိုက်ခဲ့တဲ့ ရုပ်ရှင် ၃ ကားမှာ ကျွန်တော့်အတွက် အပင်ပန်းဆုံး ရုပ်ရှင်ဖြစ်သလို အမှတ်တရတွေလဲ အများကြီးရှိပါတယ်။ ကျေးဇူးတင်ရမယ့် သူတွေလဲ အများကြီးပါ’’ ဆိုပြီးတော့ မတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Htoo Paing Zaw Oo

ထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ ‘’ လရဲ့ အောက်ဘက် မိုင်အဝေး’’ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သရုပ်ဆောင် ဒေါင်းနဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ၆ လကျော် ရိုက်ကူးခဲ့ရတယ်လို့လည်း ဆက်လက် ပြောပြထားပါသေးတယ်။

‘’အနှစ်နှစ်အလလ စိတ်ကူးယဉ်ထားသော ဝတ္ထုကို ရုပ်ရှင်အဖြစ်ဖန်တီးဖို့ ခွင့်ပြုပေးသော ချစ်ခင်လေးစားရပါသော ဆရာမ ဂျူး၊ ကျွန်တော်ဖြစ်ချင်သမျှကို ဖြည့်ဆည်းပေးသော မိဘနှစ်ပါး ၊ ပထမဆုံး အတွေ့အကြုံပေမယ့် ဒီလို ရုပ်ရှင်ကားကြီးကို အခက်အခဲများစွာကြားက အေးဆေးတည်ငြိမ်စွာ producer အနေနဲ့ အကောင်းဆုံး လုပ်ဆောင်သွားနိုင်ခဲ့တဲ့ ကျွန်တော့်ညီ အောင်ကျော်ဝင်း၊ ၆ လကျော်တိတိ ၁ ပတ် ၆ ရက် နှုန်းနဲ့ လေ့ကျင့်မှုများကို စိတ်ပါဝင်စားစွာ ကိုယ်ရော စိတ်ရောနှစ်ပြီး တာဝန်ကျေပွန်စွာလုပ်ခဲ့ပြီး ရိုက်ကွင်းမှာလဲ ကျွန်တော်လိုချင်တဲ့ သိဒ္ဓိနဲ့ ဒီပါ ဇာတ်ကောင်များအဖြစ် အံဝင်ခွင်ကျဖြစ်အောင် လုပ်ဆောင်သွားနိုင်ခဲ့တဲ့ ညီလေး ရဲထွဋ် နဲ့ ဝင်းခန့်မိုး၊ ကျွန်တော်လိုချင်တဲ့ ဒေါ်ခင်သန့်စင်နဲ့ နေရောင်ခန့် ဖြစ်အောင် အတူတူညှိနှိုင်းပြီး အကောင်းဆုံး သရုပ်ဆောင်ပေးတဲ့၊ အသစ်တွေကိုလဲ စေတနာထားကူညီပေးတဲ့ ချစ်ရတဲ့အမ အိန္ဒြာကျော်ဇင်နဲ့ ချစ်ညီလေး ဒေါင်း၊ ဒီ ဝတ္ထုကို စဝယ်ကတည်းက စိတ်ကူးပုံဖော်ခဲ့တဲ့ သရုပ်ဆောင်တွေနဲ့ တကယ်ကို လက်တွေ့အကောင်အထည်ဖော် ပုံဖော်ခွင့်ရတဲ့ အတွက်လဲ အများကြီး ဝမ်းသာ ကျေးဇူးတင်ရပါတယ်’’ လို့လည်း ဆက်လက်ရေးသားခဲ့တာ တွေ့ရပါတယ်

Photo: Htoo Paing Zaw Oo

ထူးပိုင်ဇော်ဦးကိုတော့ ‘’ည’’ ရုပ်ရှင်ဇာတ်ကားကြီး ဖန်တီးသူတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ တက်သစ်စ လူငယ်ဒါရိုက်တာတစ်ယောက် အနေနဲ့ အကောင်းဆုံးတွေ ဖန်တီးနိုင်လို့လည်း ဝါရင့်အနုပညာရှင်ကြီးတွေရဲ့ ချီးကျူးခြင်းကို ခံထားရသူတစ်ယောက်ပါ။

Photo: Htoo Paing Zaw Oo

ဒါရိုက်တာ ထူးပိုင်ဇော်ဦး (Htoo Paing Zaw Oo)ဟာ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ‘’ည’’ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးခဲ့တဲ့နောက် ‘’သူစိမ်းအိမ်’’ ဆိုတဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးကို ပုံဖော်ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင်လွင်မိုး၊ ထွန်းအိန္ဒြာဗိုနဲ့ ဖွေးဖွေးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က