အခုထိ ငယ်ရုပ်လေး မပျောက်သေးဘူး။

X Box က ငယ်ငယ်တုန်းက ပုံလေးတွေကို သူ့ရဲ့ ပရိသတ်တွေအတွက် ဝေမျှပေးထားပါတယ်။ ငယ်ရုပ်မပျောက်သေးတဲ့ သူ့ရဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေ အသည်းယားနေကြပါတယ်။

ကိုရင်ဝတ်တုန်းကပုံလေး Photo : X Box

နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ လူငယ်အဆိုတော်လေး X Box က သူ့ရဲ့ ငယ်ဘဝက ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေလိုက်တာ ဖြစ်ပါတယ်။ ငယ်ရုပ်မပျောက်သေးတဲ့ သူ့ရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး ပရိသတ်တွေအသည်းယားလို့နေပါတယ်။ သူတင်ထားတဲ့ ပုံလေးတွေထဲမှာ ငယ်ငယ်က ကိုရင်ဝတ်တုန်းက ပုံရိပ်လေး၊ (၄)တန်းတုန်းက ကျောင်းကပွဲမှာ ချင်းတိုင်းရင်းသားလေးအနေနဲ့ ကခဲ့တဲ့ပုံလေးနဲ့ မိသားစုပုံလေးကို တင်ထားခဲ့တာ ဖြစ်ပါတယ်။

၄တန်း ကျောင်းကပွဲတုန်းက Photo : X Box

X-Box ဟာ Rap ဂီတလောကမှာ အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အဲ့ဒီနောက် မိန်းကလေး ပရိသတ်၊ ယောကျ်ားလေး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အခိုင်အမာရရှိထားသူဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း တစ်ကိုယ်တော် သီချင်းအသစ်တွေ ဖန်တီးနေတာဖြစ်ပြီး ဖျော်ဖြေရေးတွေလည်း သီဆိုနေရတယ်လို့ ဆိုပါတယ်။

Photo : X Box

သူ့ရဲ့ အချစ်ရေးဟာလည်း ပရိသတ်တွေကြား စိတ်ဝင်စားမှု ရရှိနေတယ်ဆိုရင်လည်း မမှားပါဘူး။သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့လည်း အင်တာဗျူးတွေမှာ ယခုလို ဖြေဆိုခဲ့ဖူးပါတယ်။

‘’လူပျိုကြီး မလုပ်ပါဘူး။ အချိန်တန် မိန်းမယူမယ်၊ ကလေးယူမယ်။ လောလောဆယ် Valentine’s Day တွေ၊ ဘာတွေ ဆိုတာကတော့ မသိဘူး။ ကျွန်တော် ငယ်ငယ်လေးကတည်းက သိပ်စိတ်မဝင်စားခဲ့လို့ပါ’’ လို့ ဇန်နဝါရီလ ၃၁ ရက်နေ့ က Shake The World ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

သူ့ရဲ့ အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့လည်း “တစ်ကိုယ်တော်ရှိုးပွဲ မလုပ်ခင် ကျွန်တော့်ရဲ့ တတိယမြောက်အခွေ ‘’Brand’’ လို့ အမည်ပေးထားတယ်။ ၂၀၁၈ မှာ ကျွန်တော် ပျောက်နေတယ်။ ၂၀၁၉ မှာတော့ ကျွန်တော် စုဆောင်းထားတဲ့ အရာတွေနဲ့ ပရိသတ်ဆီကို ပြန်လာမယ်’’ ဆိုပြီး ပြောပြခဲ့ပါသေးတယ်။

Photo : X Box

X-Box ကိုတော့ Rap သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူဟာ ‘’အိပ်ရေး မပျက်စေနဲ့’’ သီချင်းကနေ ပရိသတ်အားပေးမှု အများကြီးရရှိလာခဲ့တာပါ။ X-Box ဟာ ၂၀၁၄ ခုနှစ်က 4 Album ဆိုတဲ့ အခွေကို အဆိုတော် ရွှေထူး၊ အဆိုတော် ထက်ယံ၊ အဆိုတော် Lil’z တို့နဲ့ အတူ ထွက်ရှိခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၈ ခုနှစ်မှာ ၉၉ ပေါက်ဆိုတဲ့ ဒုတိယ တစ်ကိုယ်တော်အခွေကို ထွက်ရှိခဲ့ပါတယ်။ လက်ရှိမှာ လည်း X-Box ရဲ့ ‘’Hurt’’ ဆိုတဲ့ သီချင်းဟာ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ 



က္က