ချမ်းသာတဲ့သူကို ယူထားလို့မဟုတ်ပါဘူး။
Ei Ei Myat

သရုပ်ဆောင် နန္ဒာလှိုင်တို့ ဇနီးမောင်နှံဟာ ဒီနေ့မှာ အိမ်ထောင်သက်(၁၂) နှစ်တိတိပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

 

Photo : နန္ဒာလှိုင်

သရုပ်ဆောင် နန္ဒာလှိုင်ဟာ ဒီနေ့ဟာ သူတို့ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်(၁၂)နှစ် ပြည့်တဲ့ နေ့ဖြစ်တယ်လို့ ဆိုပါတယ်။ သူမကို အိမ်ထောင်သက် (၁၂)နှစ်လုံးလုံး စိတ်ချမ်းသာအောင် ထားခဲ့ပေးတဲ့အတွက် ခင်ပွန်းသည်ကို ကျေးဇူးတင်‌ကြောင်း ပြောထားသလို ယောကျ်ားရ ကံကောင်းတယ်လို့လည်း ပြောထားပါတယ်။

၁၂ နှစ်ပြည့်ခဲ့ပြီ၁၂နှစ်လုံးလုံးစိတ်ချမ်းသာအောင်ထားခဲ့လို့ကျေးဇူးတင်ပါတယ်ယောကျာ်းရေ ကျွန်မကံကောင်းပါတယ်။ လင်နဲ့မယားလျှာနဲ့သွားလို့တင်စားကြသလို ဒီလျှာနဲ့ဒီသွားခလုတ်မတိုက်မိကြသေးဘူး (ဒီနေ့အထိပေါ့နော်)ဖေဖေနဲ့မေမေရန်ဖြစ်ကြလို့ကြောက်ရွှံ့နေကြရတဲ့ဒုက္ခသမီးတွေမခံစားခဲ့ရဘူး။ ‌ေယာကျာ်းက ဖောက်ပြန်လို့စိတ်ဆင်းရဲရတဲ့သောကမခံစားရဘူး (အခုအချိန်ထိပေါ့နော်)။ ကျွန်မရဲ့မိဘမောင်နှမတွေကိုကျွန်မအလိုလိုက်ချစ်ပေးတဲ့ယောကျာ်းကိုရထားလို့

အိမ်ခွဲနေရာက နေဒုတိယသမီးကိုမွေးပြီးတော့မေမေတို့နဲ့ပြန်နေချင်ပါတယ်ဆိုတာချက်ခြင်းလက်ခံ သူ့မိဘလက်ဖွဲ့ထားတဲ့အိမ်ကိုပိတ်မေမေတို့အိမ် ကိုယ်အပျိုတုန်းကနေခဲ့တဲ့ အခန်းလေးမှာ အခုချိန်ထိပျော်ပျော်ရွှင်ရွင်လိုက်နေပေးတဲ့ယောကျာ်းပါ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : နန္ဒာလှိုင်

ခင်ပွန်းသည်ဟာ အလုပ်လုပ်လို့ ရတဲ့ငွေကြေးမှန်သမျှသူမကို အပ်တဲ့ သူဖြစ်သလို သုံးစရာရှိရင်တောင် သူမဆီမှာ ပြန်တောင်းပြီး သုံးတဲ့ သူမျိုးလို့ ဆက်လက်ပြောပြထားပါသေးတယ်။

“ကျွန်မကံကောင်းပါတယ်။ငွေလုံးဝ‌မကိုင်တဲ့ယောကျာ်းရထားလို့ပါ ငွေတွေအားလုံးကျွန်မ account ထဲဘဲဝင်ပါတယ်(ချမ်းသာတဲ့သူကို ယူထားတယ်လို့ မပြောပါနဲ့အမွေဆိုတာ ထိုက်မှရတာပါ လင်ရောမယားရောအလုပ်လုပ်ပါတယ်) သူသုံးစရာရှိရင်ပြန်တောင်းပါတယ်။ အရမ်းများရင်တော့ပွစိပွစိနည်းနည်းရွတ်ပါတယ် (WLC)

တစ်ခုပါဘဲ ဘယ်တော့မှစပရိုက်အတိုက်မခံရပါဘူး စပရိုက်မတိုက်ဘူးလားမေးရင်သူ့မှာပိုက်ဆံမရှိဘူးပိုက်ဆံပေးဆိုလို့ပါ ကျွန်မကလဲ မလိုအပ်တာလုံးဝမဝယ်ပါဘူး” ဆိုပြီး ခင်ပွန်းအကြောင်းလေးကို အမှတ်တရအနေနဲ့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

Photo : နန္ဒာလှိုင်

နန္ဒာလှိုင်ဟာ ဇေသီဟနဲ့ ၂၀၀၈ ခုနှစ် မေလ(၆) ရက်နေ့က လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့မှာ သမီးလေး သုံးယောက် ထွန်းကားနေပြီဖြစ်ပြီး သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သမီးလေးတွေမှာ ဇေဝတီလှိုင်၊ ဇေရတီလှိုင်နဲ့ ဇေမဒီလှိုင်တို့ ဖြစ်ပါတယ်။

အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို နားထားခဲ့တဲ့ သရုပ်ဆောင် နန္ဒာလှိုင်ဟာ ယခုအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။

နန္ဒာလှိုင်က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီးနောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ဘဝကို တည်ဆောက်နေသူဖြစ်ပါတယ်။ မိသားစုကို အချိန်ပေးရင်းနဲ့ သူမရဲ့ ကုမ္ပဏီဖြစ်တဲ့ မဟာနန္ဒာထရိတ်ဒင်းကုမ္ပဏီကနေ Missha အလှကုန်ပစ္စည်းများကိုလည်း မြန်မာနိုင်ငံမှာ တင်သွင်းဖြန့်ဖြူးလျက်ရှိပါတယ်။


က္က