ဇူလိုင်လ (၅) ရက်နေ့မှာ သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။

ယုန်လေးဟာ အလှူအတန်းနဲ့ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ဖြစ်တာကြောင့် အခုဆိုရင် YGW မိဘမဲ့ကျောင်းက ကလေးငယ်တွေအတွက် လိုအပ်တာတွေ သွားရောက် လှူဒါန်းမယ်လို့ ဆိုပါတယ်။ 

Photo: Yone Lay



အဆိုတော် ယုန်လေးကတော့ YGW မိဘမဲ့ကျောင်းက ကလေးငယ်တွေအတွက် စာရေးကိရိယာတွေနဲ့ အသုံးအဆောင် တွေ သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီအလှူမှာ ဆရာတော်အရှင်ဆေကိန္ဒကလည်း ဖိနပ်အရံ(၅၀၀) လှူဒါန်းခဲ့ပါသေးတယ်တဲ့။ 

" ၈၉ မိုင်က YGW မိဘမဲ့ ကလေး စောင့်ရှောက်ရေးကျောင်းလေးမှာ ကလေးလေးတွေ နို့စို့ အရွယ်ကနေ ၁၅ နှစ် လောက်အထိ ရှိပါတယ်။ ကလေး ဦးရေ ၆၅၀ လောက်ရှိပါတယ်။ နို့စို့ အရွယ်ကလေးလေး တွေအတွက် နို့မုန့်လုံးဝ မရှိတော့ပါဘူး။ ပညာသင်နေတဲ့ ကလေးလေးတွေ အတွက်လည်း စာအုပ် ဒါဇင် ၅၀၀ လိုအပ်နေတယ်လို့ သိရပါတယ်။ ဘုန်းဘုန်း ရှင်ဆေကိန္ဒ မှ ဖိနပ် အရံ ၅၀၀ လှူဒါန်းပါတယ်။ ကျွန်တော် တက်နိုင်သလောက် ယုန်လေး 300000 ကျပ်၊ ဦးကျော်နိုင်ဦး Naing Group 500000 ကျပ်၊ ကို သိုက် IB Gas 500000 ကျပ်၊ Ko Ye Welove Yone Lay 100000 ကျပ်၊ 777 Toy & Baby Store မှ စာအုပ် 54 ဒါဇင် ကျွန်တော်တို့ စမတည်ပါတယ်" ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇူလိုင် (၁) ရက်နေ့ နေ့လယ် (၁၁) နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Yone Lay

အဆိုပါ အလှူကိုတော့ ဇူလိုင်လ(၅) ရက်နေ့မှာ သွားရောက် လှူဒါန်းမယ်လို့ ယုန်လေးက ပြောပါတယ်။ အလှူမှာ ပါဝင်ကုသိုလ်ယူချင်တဲ့ ပရိသတ်တွေကိုလည်း ထပ်မံ လှူဒါန်းပေးကြဖို့ ယုန်လေးက တိုက်တွန်းထားပါသေးတယ်။ သူဟာ အလှူ အတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ အနုပညာရှင်တစ်ယောက်ပါ။ Covid ကာလအတွင်းမှာလည်း ရန်ကုန်ဆေးရုံကြီးနဲ့ ဘိုကလေး ဆေးရုံကြီးတွေမှာ COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် COVID-19 ကာလမှာ စားဝတ်နေရေး ခက်ခဲမှုရှိနေတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ နဲ့ တောင်ဒဂုံ က မိသားစုတွေ ဆီကိုလည်း စားနပ်ရိက္ခာတွေ ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ပါသေးတယ်။ 

Photo: Yone Lay

ယုန်လေးဟာ လက်ရှိမှာ လူငယ်အကြိုက် အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးနေတာဖြစ်ပါတယ်။ သူဟာ Original Gangster 1 ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့တာက စပြီး ပရိသတ်တွေနဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုနေရာ တစ်နေရာကို ရရှိလာခဲ့တာဖြစ်ပါတယ်။ ယုန်လေးက အနုပညာလောကထဲကို အဆိုတော် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့သူပါ။ လက်ရှိအချိန်ထိလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က