ကျန်းမာရေးအခြေအနေကိုလည်း ပြောပြထားပါသေးတယ်။

 ဖြိုးပြည့်စုံကတော့ အဝေးတစ်နေရာမှာ ၁၀ ရက်တာ တရားစခန်းဝင်မှာ ဖြစ်သလို ဒီဇင်ဘာလောက်မှာလည်း သာသနာ့ဘောင်ထဲဝင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

 

Photo : HSU



အဆိုတော် ဖြိုးပြည့်စုံက လက်ရှိ သူ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ နိုဝင်ဘာလထဲမှာ (၁၀) ရက်တာ တရားစခန်းဝင်တော့မယ့်အကြောင်း သူ့ရဲ့ ပရိသတ်တွေကို ပြောပြထားပါတယ်။

“နှခေါင်း ထိပ်ကပ်နာ (Sinusitis)ကနေ ပြန်ကျတဲ့ post nasal drop အရည် ကြောင့် လေပြွန်ရောင်နေတာပါ တစ်လလောက် ဆေးဖြန်း ၊ ဆေးသောက် နဲ့ ထိန်းကြည့်ရမှာပါ။ အစာအိမ်ကတော့ အခြေအနေ မဆိုးပါဘူး တဲ့။ ကြီးကြီးမားမား vocal rest ယူစရာ မလိုဘူးလို့တော့ ပြောပါတယ်။သော်ငြားလည်း ကျွန်တော် နောက်လ နိုဝင်ဘာ တော့ ၁၀ ရက် (ဝဇီပိတ်) တရားစခန်းလေး (အဝေးတစ်နေရာမှာ) ဝင်ပါဦးမယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၂၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ဖြိုးပြည့်စုံ

တရားစခန်းဝင်ပြီးနောက် ဒီဇင်ဘာလဆန်းပိုင်းလောက်မှာလည်း သာသနာ့ဘောင်ထဲ ဝင်ဖို့ ရည်ရွယ်ထားပါသေးတယ်။ နှစ်ဟောင်းကို ကုသိုလ်ရေးနဲ့ နှုတ်ဆက်ပြီး နှစ်သစ်ကို ကတုံးလေးနဲ့ ကြိုမယ်ဆိုပြီး ဖြိုးပြည့်စုံက ပြောထားပါသေးတယ်။

၂၀၂၀ ပိုင်းလောက်မှာလည်း သူ့ရဲ့ အခွေသစ် ထွက်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“၂၀၂၀ မှာ တေးAlbum သစ်လေးထွက်ဖို့ ကြိုးစားမှာပါ။ဝိုင်းဝန်းစိတ်ပူ ဆုတောင်း ကူကြတဲ့ ဘော်ဒါများ ကိုအကျိုးအကြောင်းလေးပြောရင်းကိုယ်လည်း ကျန်းမာ စိတ်ချမ်းသာကြပါစေ ဗျာ’ လို့ သူက ပြောပါတယ်။

Photo : ဖြိုးပြည့်စုံ

အဆိုတော် ဖြိုးပြည့်စုံကိုတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ခြေဆန့်ခဲ့သူတစ်ယောက်ပါ။ သူဟာ အဆိုတော် တစ်ယောက်အဖြစ်သာမက ဆရာဝန်ဘွဲ့ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က