မီဒီယာ မောင်နှမတွေကိုလည်း တောင်းပန်စကားဆိုခဲ့ပါတယ်။
Sabal Thwin

နန်းသူဇာက အချစ်ရေး၊ အိမ်ထောင်ရေး နဲ့ စီးပွားရေးအကြောင်းတွေကို အင်တာဗျူးတွေမှာ မဖြေဆိုတော့ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ အဲဒီအတွက် တောင်းပန်စကားလည်း ပြောပြခဲ့ပါသေးတယ်။

Photo: NanThuzar

သရုပ်ဆောင်နန်းသူဇာက သူမရဲ့ နှလုံးသားရေးရာ ကိစ္စ၊ ပုဂ္ဂိုလ်ရေးအကြောင်းတွေကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အားနာလွန်းတာကြောင့် ဖြေပေးခဲ့ရတာတွေရှိတယ်လို့ သူကပြောပါတယ်။

‘’အနုပညာအကြောင်းမှလွဲ၍ အချစ်ရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး အကြောင်းတွေ ဘာဆိုဘာမှ Interview တွေ မဖြေတော့ပါဘူးရှင့်။ ပွဲ တစ်ပွဲရောက်ရင် ပွဲ အကြောင်းမေး ပြီးရင်လည်းတွေပဲမေးကြတယ်။ ကိုယ်ကလည်း အားနာတတ်တဲ့သူ ဖြေရင်းနဲ့ ပြောမိ အဲဒီလိုနဲ့ပဲ သံသရာလည် နောက်ဆို မဖြေတော့ပါဘူးနော် ကျေးဇူးပါ’’

Photo: Nan Thuzar

နန်းသူဇာက သူမကိုယ်တိုင်လည်း ချစ်ရ ခင်ရ၊ ရင်းနှီးရတဲ့ မီဒီယာ မောင်နှမတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့အတွက်ကိုလည်း တောင်းပန်စကားဆိုခဲ့ပါသေးတယ်။

‘’တချို့ ခေါင်းစဉ်ကြီးတွေ ကြောက်လို့ပါနော်။ နားလည်ပါနော် တောင်းပန်ပါတယ်။ တချို့ Reporters ခင်တဲ့သူတွေကိုလည်း ခင်ပါတယ်၊ ချစ်ပါတယ်၊ ဆက်ပြီးလည်း ခင်နေမှာပါ။ Thank You’’ ဆိုပြီးတော့ မေလ ၂၆ ရက်နေ့ည ၇ နာရီကျော် က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Nan Thuzar

နန်းသူဇာက အဆိုတော်တစ်ယောက်ဖြစ်သလို ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ အတူ Friend စီးရီးခွေကို ထွက်ရှိထားပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ချစ်သူနှစ်ဦး နားလည်မှုနဲ့ တည်ဆောက်ထားပြီး ဘဝတစ်ခုထူထောင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ သိရပါတယ်။

သူမက လက်ရှိမှာ ပွဲတွေ တက်ဖြစ်နေသလို သီချင်းတွေလည်း ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ အတွဲခွေများစွာ မှာ သီချင်းပါဝင်သီဆိုထားတဲ့ နန်းသူဇာက တစ်ကိုယ်တော်အခွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သီချင်းပိုင်းကိုပဲ စိတ်ဝင်စားတဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းကိုကူးဖို့ အစီအစဉ်မရှိပါဘူးတဲ့။


ဆက်စပ်အကြောင်းအရာများ


က္က