ဖြစ်ချင်တဲ့အိပ်မက်တွေကို အကောင်အထည်ဖော်သွားနိုင်လို့တဲ့။

ရဲလေးကသူငယ်ချင်းတွေနဲ့အတူ ယုန်လေးဖန်တီးထားတဲ့ “သတိအန္တရာယ်ရှိသည်” ဆိုတဲ့ ဇာတ်ကားကို သွားရောက်အားပေးခဲ့တာပါ။ ယုန်လေးရဲ့ ဖန်တီးမှုတွေကိုလည်း ရဲလေးက ချီးကျူးစကား ဆိုထားပါသေးတယ်။

 

Photo : ရဲလေး



အဆိုတော် ရဲလေးက သူငယ်ချင်း ယုန်လေးရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြု ဂုဏ်ပြုစကားဆိုထားတာပါ။ ယုန်လေးဖန်တီးထားတဲ့ “သတိအန္တရာယ်ရှိသည်” ဇာတ်ကို သွားကြည့်ခဲ့ပြီး ဇာတ်ကားအရမ်းကောင်းတာကြောင့် ပျင်းဖို့တောင် အချိန်မရှိခဲ့ဘူးလို့ဆိုပါတယ်။

“ယုန်စုတ်ရေ ညက ဂျိုကြီး အပါအဝင် (၈) ယောက် တောင်သွားအားပေးခဲ့တယ် သူငယ်ချင်း ငါတို့စကြည့်ကတည်းက အီပြီးပျင်းဖို့အချိန်တောင်မရှိဘူး တောက်လျှောက် ဇာတ်လမ်းက Tempo တတ်သွားတာ မင်းဖြစ်ချင်တဲ့မင်းရဲ့ အိမ်မက်တွေကို ပုံဖော်သွားတာ $ ရမ်းမိုက်တယ် ယုန်လေး Actors တွေအားလုံး ကို နေရာပေးထားတာအားလုံး မျှတယ်သူ့တာဝန်သူ ကျေသွားကျတယ်အားလုံး “ ဆိုပြီး ဇွန်လ(၂၄) ရက်နေ့က ရဲလေးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ရဲလေး

ယုန်လေး ဖြစ်ချင်တာတွေကို သေသေချာချာ အကောင်အထည် ဖော်နိုင်ခဲ့တာကြောင့်လည်း ချီးကျူးထားပါသေးတယ်။

“မင်းဒီကားမှာတော့ မင်းဖြစ်ချင်တာတွေတစ်ကယ် လုပ်ထားတာတွေ့တယ် သူငယ်ချင်း Congratulations ယုန်လေး နဲ့သတိအန္တရာယ်ရှိသည်အဖွဲ့သားများအားလုံး လို့ပြောရင်း ငါလည်း ငါ့အိမ်မက်တွေအတွက် အကောင်အထည်ဖော်ဖို့ ဆက် ကြိ ုးစားလိုက်အုံးမယ်သူငယ်ချင်း” ဆိုပြီး ဆက်လက်ပြောထားပါတယ်။

ယုန်လေး ရိုက်ကူးထားတဲ့ “သတိအန္တရာယ်” ရှိသည်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားက လက်ရှိမှာ ရုံတင်ပြသလျက်ရှိပြီး ပရိသတ်အားပေးမှု ရရှိနေတာလည်း တွေ့ရပါတယ်။ အဲဒီဇာတ်ကားထဲမှာ မြင့်မြတ်၊ ယုန်လေး၊ Kညီ၊ အောင်လေး၊ တိုင်ရွန် တို့အပြင် အခြားသော သရုပ်ဆောင်တွေ များစွာ ပါဝင်ထားပါတယ်။

ရဲလေးက လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ ပြုလုပ်နေသလို သီချင်းသစ်တွေလည်း ဖန်တီးနေတာ တွေ့ရပါတယ်။ သူ့ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေကြောင်းလည်း အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

Photo : ရဲလေး

ရဲလေးဟာအနုပညာ နဲ့ ပတ်သက်လာရင် ဂီတအပိုင်းမှာလည်း အောင်မြင်မှုတွေရရှိခဲ့သလို၊ သရုပ်ဆောင် ပိုင်းမှာလည်း ပရိသတ် လက်ခံ အားပေးလျှက်ရှိတဲ့ မင်းသားချော တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း တော်တော်ကြာနေပြီဖြစ်ပါတယ်။ ရဲလေးက ဟိုအရင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့သလို ဒီနေ့အချိန်ထိလည်း ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က