အိမ်ရှင်းရင်း ရည်စားဟောင်းဓာတ်ပုံလေးတွေ ပြန်ရှာတွေ့ခဲ့တယ်။
ပိုပိုတစ်ယောက် အိမ်ရှင်းရင်းနဲ့ ရည်းစားဟောင်း ဓာတ်ပုံလေးတွေရော ရည်းစားစာလေးတွေ ပြန်ရှာတွေ့ခဲ့တယ်တဲ့။ သူမရဲ့ ငယ်ဘဝက ပုံလေးတွေကို ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ 

Photo : ပိုပို

အဆိုတော် ပိုပိုက သူ့ရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှထားတာတွေ့ရပါတယ်။ အိမ်ရှင်းရင်းနဲ့ ငယ်ငယ်က ပုံလေးတွေနဲ့အတူ ရည်းစားဟောင်းရဲ့ ဓာတ်ပုံလေးတွေနဲ့ ရည်းစားစာတွေ ပြန်ရှာတွေ့ခဲ့တယ်တဲ့။ တစ်ချိန်က အမှတ်တရ ပစ္စည်းလေးတွေကို ဘာလုပ်လိုက်ရင်ကောင်းမလဲဆိုပြီး ပရိသတ်တွေဆီက အကြံဉာဏ်တောင်းထားပါသေးတယ်။

၁၅ နှစ်မှ ၁၉ နှစ်အတွင်းက ပုံလေးတွေ ပြန်ရှာတွေ့လို့ Hehe..စကားမစပ် ရည်းစားဟောင်းပုံလေး ၂ ပုံတောင် ပြန်ရှာတွေ့သေးတယ် ကိုယ်ဘာလုပ်လိုက်ရမလဲဟင် ? ရည်းစားစာရော” ဆိုပြီး မတ်လ(၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ပိုပို

ထို့အပြင် အသက်(၁၅)နှစ်ကနေ (၁၉)နှစ် အတွင်းပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ပေးခဲ့ပါသေးတယ်။

“အသက် ၁၅နှစ် က ဆယ်တန်း ဖြေခါနီးစာမကျက်ပဲ  ရက်ကွက်ထဲ ပွဲမှာ တက်ဟဲသေးတာ အဲ့တုန်းက မတ်မတ်က မဆုန်သင်းပါရ် သီချင်းတက်တက်ဆိုတော့  Crush.က ဆုန်ကြီး လို့ခေါ်တော့ အသေကြိတ်ဝမ်းသာသေးတာ။ လွမ်းစရာလေးတွေပေါ့ကွယ်။ ပြီးရင် ကျူရှင်မတက်ခင် ဘော်ဒါတွေကို စည်းရုံးပြီး  ဓာတ်ပုံပြေးရိုက်တာ idea က ကိုယ်ပဲ” ဆိုပြီး အမှတ်တရလေးတွေကိုလည်း ပြောပြထားပါသေးတယ်။

Photo : ပိုပို

ပိုပိုက သူမရဲ့ အိမ်လေးကို ပြန်ပြင်ဆောက်နေရင်း ကိုယ်ပိုင်စတူဒီယိုလေး တစ်ခု ဖန်တီးနေပါတယ်။ ပိုပိုကလက်ရှိမှာ သူမရဲ့ နှလုံးသားက အရမ်းကိုတည်ငြိမ်းလွန်းနေလို့ အသည်းကွဲသီချင်းအသစ်တွေ ဖန်တီးလို့မရဘူးလို့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ပြောထားတာတွေ့ရပါတယ်။ အသက်အရွယ်အရ အချစ်ရေးမှာလည်း ရင့်ကျက်လာတဲ့အကြောင်း အခုလို ပြောပြထားပါတယ်။

‘’အခု အသက်ကြီးလာတော့ ဪ ကံပဲလေ ရေစက်က ဒီလောက်ပဲပါတာကိုး။ ချစ်တာက လုပ်ယူလို့မှ မရတာကိုး နောက်တစ်ယောက်တွဲသွားရင်တောင် အပြစ်မမြင်တော့ဘူး ကံကြမ္မာပဲလေ လို့တွေးတွေးပြီး အသည်းက ကွဲကို မကွဲဘူး။ ခံစားရရင်တောင် တရားစခန်းဝင်မယ်တွေးပြီး သီချင်းကို ထွက်မလာတော့ဘူး ကြေကွဲတယ်’’ လို့ ဆိုပါတယ်။ 

Photo : ပိုပို

ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြားရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာပရိသတ်တွေ အခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ 

အဲ့ဒီသီချင်းဟာလည်းသူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။



က္က