သူမက လက်ရှိမှာ ရိုက်ကူးရေးတွေ နားနေတာ တွေ့ရပါတယ်။
Sabal Thwin

ပိုင်ဖြိုးသု တစ်ယောက် ရိုက်ကူးရေးတွေ နားနေပေမယ့်လည်း ရိုက်ပြီးထားတဲ့ ရုပ်ရှင်ဇာတ်ကားအတွက် အသံသွင်းပေးနေရတယ်လို့ ဆိုပါတယ်။ အသံသွင်းရင်းနဲ့လည်း ငိုနေရတာပဲလို့ ပြောပါတယ်။

Photo: Paing Phyo Thu

ပိုင်ဖြိုးသု တစ်ယောက် လက်ရှိမှာ ဇာတ်ကားရိုက်ကူးရေးတွေ မရှိလို့ အနားယူနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ရိုက်ကူးခဲ့ပြီးသား ဇာတ်ကားအတွက် အသံတွေ သွင်းပေးနေရတဲ့အကြောင်း ရင်ဖွင့်ပြောပြထားပါတယ်။

‘’ဒီလထဲကားရိုက်မရှိလို့ မငိုရဘူးလို့ထင်နေတာလေ။ ADR တွေဆက်တိုက်သွင်းပေးရတော့ နေ့တိုင်းနီးပါး မျက်ရည်နဲ့မျက်ခွက်’’ ဆိုပြီးတော့ ဇူလိုင်လ ၉ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သရုပ်ဆောင် ဇဏ်ခီနဲ့ အတူ အနုပညာမောင်နှမများ၊ ပရိသတ်များကလည်း ပိုင်ဖြိုးသု အတွက် အားပေးစကားတွေ ပြောပြခဲ့ပါတယ်။ 

Photo: Paing Phyo Thu

ပိုင်ဖြိုးသုရဲ့ လက်ရှိ အနုပညာလှုပ်ရှားမှုကတော့ ရိုက်ကူးရေးတွေ နားထားတယ်လို့ ပြောပါတယ်။ သူမဟာ အခုလို အားတဲ့အချိန်တွေမှာတော့ အနုပညာအလုပ်အတွက် စာအုပ်ဖတ်ရင်း၊ ရုပ်ရှင်ကြည့်ရင်း လေ့လာသင်ယူဖြစ်တယ်လို့ ပြောပါတယ်။

‘’ သုသုက အမှန် ၇ လပိုင်း ၂၀ ရက်နေ့မှာ စပြီးတော့ ရုပ်ရှင်တစ်ကားရိုက်ဖို့ရှိတယ်။ ဒါပေမယ့် ဒီဇာတ်ကားလေးက အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားတယ်။ ပျက်သွားတဲ့ အခါကျတော့ နားနေတဲ့ ကာလပေါ့နော်။ အဲဒီဇာတ်ကားလေးက ၈ လပိုင်း လကုန်တဲ့အထိ Date ပေးထားတာ ဆိုတော့ အားနေတယ်။ အားနေတဲ့အချိန်မှာက သုသုအတွက် ပညာရှာတဲ့အချိန်ပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် ဝမ်းဆာဖြည့်တဲ့အချိန်လို့ သတ်မှတ်ပြီးတော့ ရုပ်ရှင်တွေ ကြည့်ဖြစ်တယ်’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ Live လွှင့်ရင်း ပြောပြခဲ့ဖူးပါတယ်။

Photo: Paing Phyo Thu

ပိုင်ဖြိုးသုဟာ အနုပညာပျိုးခင်း(၂)ရဲ့ စင်တင်မင်းသမီးချောလေး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာလက်ရှိအောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ ‘’သရဲမ၊ ဘီလူးမ နဲ့ မိန်းမပျို’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူပါ။ အခုဆိုရင်လည်း ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ အတူ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူမဟာ မီရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း Star Awards က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


က္က