Ei Ei Myat

မနက်(ရး၃၀) ဆို အိမ်ရှေ့ရောက်လာတဲ့ ရှုတင်ကားကြီးကို လွမ်းမိတယ်လို့ ဆိုပါတယ်။ ဇာတ်ကားရိုက်ခဲ့ရချိန်က လွမ်းစရာလေးတွေကို ရင်ဖွင့်ပြောထား တာပါ။

သရုပ်ဆောင် ကြူကြူသင်းဟာ တစ်ချိန်က ဇာတ်ကား ရိုက်ကူးခဲ့ရတဲ့အချိန်တွေကို သတိရလွမ်းဆွတ်လို့နေပါတယ်။ ဇာတ်ကားအတူ ရိုက်ခဲ့ရတဲ့ သူတွေကို လွမ်းနေသလို ရှုတင်ကားကြီးနဲ့ မြို့ပတ်ပြီး စီးခဲ့ဖူးတဲ့ ဇာတ်ပို့ဇာတ်ရံ စက်အဖွဲ့တွေကိုလည်း သတိရလို့နေပါတယ်။ ပြန်ဆုံမယ့် တစ်နေ့နေ့ကို လက်ချိုးရေတွက်နေတယ်လို့ သူမက ဆိုပါတယ်။

“မနက် ရး၃၀ ဆို အိမ်ရှေ့ကိုရောက်လာတဲ့ ရှုတင်ကားကြီးကိုလဲလွမ်းတယ်။တစ်မြို့လုံးပတ်ပြီး အတူတူစီးကြဖူးတဲ့ ဇာတ်ပို့ဇာတ်ရန် စက်အဖွဲ့တွေကို လဲလွမ်းတယ်။ တစ်နေကုန်နေရတဲ့ ရှုတင်အိမ်တွေကိုလဲလွမ်းတယ်။ အပြန်တစ်ယောက်အိမ်ရောက်တိုင်း ဆင်းသွားသူကို စနောက်တတ်တဲ့သူတွေကိုလဲလွမ်းတယ် လွမ်းတယ်လွမ်းတယ် လွမ်းတယ် ပြန်ဆုံကြမဲ့တနေ့ကိုလက်ချိုးရေရင်းးးးးဖိုက်တင်း ဈေးရောင်းလိုက်အုံးမယ်နော်” ဆိုပြီး ဇူလိုင်(၃၀) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

ဇာတ်ပို့သရုပ်ဆောင် ဖြစ်တဲ့ ကြူကြူသင်းဟာ လက်ရှိမှာ မိသားစု စားဝတ်နေရင်းအတွက် online shop လေးတွေ လုပ်နေတာ တွေ့ရပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ သူမကို နှစ်သိမ့်အားပေးလို့ နေကြပါတယ်။

ကြူကြူသင်းဟာ ဇာတ်ပို့ဇာတ်ရံထဲမှာဆိုရင် ပရိသတ်တွေရဲ့အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဝဝတုတ်တုတ် ခန္ဓာကိုယ်ကိုမှ အောက်ပိုင်းကြီးပြီး ရေအိုးတင်လို့ရအောင်ကို လှပနေတဲ့ ခန္ဓာကိုယ်ဟာ သူမကို ပရိသတ်တွေ စိတ်ဝင်စားစေတဲ့ အချက်တွေထဲက တစ်ခုပါ။

အနုပညာမျိုးရိုးကနေ ဆင်းသက်လာတဲ့ ကြူကြူသင်းဟာ အနုပညာလောကမှာ တစ်ချိန်က နာမည်ကြီး အောင်မြင်ခဲ့တဲ့ အန်တီဒေါ်ဂွက်ထော် ရဲ့ သမီးအဖြစ် ပရိသတ်တွေ သိခဲ့ကြတာပါ။ အဲ့ဒီနောက်ကစပြီး သူမပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ သရုပ်ဆောင် ပီပြင်မှုတွေကြောင့် ကြူကြူသင်း ဆိုပြီး ပရိသတ်တွေနဲ့ ပိုပြီးရင်းနှီးစေခဲ့တာလည်း ဖြစ်ပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က