ကြီးကြီးမားမား ဘာမှမဖြစ်သွားဘူးတဲ့။
Ei Ei Myat

 ပရိသတ်တွေ မစိုးရိမ်ကြဖို့ ပိုင်ဖြိုးသုက ပြောထားပါသေးတယ်။

 

Photo : ပိုင်ဖြိုးသု

ဒါရိုက်တာဏကြီး ရိုက်ကူးနေတဲ့ “ချစ်ခင်စမှော်ရုံ” ဇာတ်ကားရိုက်ကူးမှု ရပ်နားပြီး အပြန်လမ်းမှာ ကားမတော်တဆမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ ကြီးကြီးမားမားဒဏ်ရာ ဘာတစ်ခုမှ မရခဲ့တာကြောင့် ပရိသတ်တွေ စိတ်မပူကြဖို့ ပိုင်ဖြိုးက ပြောထားပါတယ်။

“အခုဖြစ်နေတဲ့ COVID 19 ကြောင့် ကိုဏကြီးရိုက်ကူးလက်စဖြစ်တဲ့ "ချစ်ခင်စမှော်ရုံ" ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှုကိုရပ်နားပြီးပြန်လာတဲ့ လမ်းမှာသုသုတို့ယာဉ်မတော်တဆမှုဖြစ်ပါတယ်။ကံကောင်းထောက် မစွာနဲ့ အရှေ့ခန်းမှာထိုင်တဲ့သုသုမန်နေဂျာနဲ့ ကားဆရာတို့ Air bagပွင့်သွားတာ ကြောင့်ဘာမှမဖြစ်ပါဘူး.။ အနောက်ခန်းမှာထိုင်တဲ့ ကိုဏကြီးနဲ့သုသုကတော့ အနည်းငယ်ထိခိုက် ဒဏ်ရာရကြပါတယ်( စိုးရိမ်စရာမရှိပါ) မျက်နှာဖူးယောင်ပွန်းပဲ့ရုံ ခြေလက်အနည်းငယ်ထိခိုက်မိရုံပါ(အရိုးကျိုးတဲ့အထိမဖြစ်ပါ).” ဆိုပြီး မတ်လ(၂၆) ရက်နေ့ ညက သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။

Photo : ပိုင်ဖြိုးသု

ပြဿနာ ဖြစ်နေချိန်မှာ လိုက်ကူညီပေးခဲ့တဲ့ သရုပ်ဆောင် ‌ဒေါင်းနဲ့ ကိုသားညီကို ကျေးဇူးတင်ကြောင်းလည်း ပြောထားပါသေးတယ်။

“ပြဿနာဖြစ်ချိန်မှာ ဒဏ်ရာတွေနဲ့‌သုသုတို့နှစ်ယောက်ကို ဆေးရုံပို့စစ်ဆေးပေးကြတဲ့ မသီတာနဲ့ မမီး ကားကိစ္စတွေ ရဲစခန်းမှာလိုက်ရှင်းပေးကြရုံသာမက အိမ်အထိသုသုတို့နှစ်ယောက်ကိုလိုက်ပို့ပေးတဲ့ ဒေါင်းနဲ့ ကိုသားညီတို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်...

ကျိုးပဲ့ခြင်းမရှိတဲ့အတွက် အခုလိုအချိန်မှာဆေးရုံမတက်ဖို့ဆုံးဖြတ်ပြီးအိမ်မှာသာ ဆေးသောက်အနားယူနေကြပါတယ်”လို့ ဆိုပါတယ်။


Photo : ပိုင်ဖြိုးသု

ပိုင်ဖြိုးသုကတော့ ပရိသတ်တွေကို စိတ်မပူဖို့ကို ပြောထားပေမယ့်လည်း သူမကို ချစ်တဲ့ပရိသတ်တွေက ကျန်းမာရေး ဂရုစိုက်ဖို့ သူမရဲ့ ပို့စ်အောက်မှာ ပြန်ပြီး မှတ်ချက်ပြုထားပါတယ်။

ပိုင်ဖြိုးသုကတော့ အနုပညာပျိုးခင်းက စင်တင်ပေးလိုက်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူမဟာ ဘီလူးမ၊ သရဲမ နဲ့ မိန်းမပျို ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။


Author


က္က