ဘယ်ကုမ္မဏီက အလုပ်ခန့်ကြမှာလဲတဲ့။
Sabal Thwin

ကြူကြူသင်းက ဇာတ်ကားတွေမရိုက်ရတော့တဲ့အချိန်မှာ ဇာတ်ပို့သရုပ်ဆောင်တွေက တခြားအလုပ် မလုပ်တတ်တဲ့သူမဟုတ်ဘူးလို့ဆိုပါတယ်။ ပရိသတ်တွေ အထင်မလွဲစေချင်ဘူးလို့လည်း သူကပြောပါတယ်။

Photo: Kyu Kyu Thin

ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကြူကြူသင်းက လက်ရှိ ရပ်တည်နေရတဲ့ မိသားစု စားဝတ်နေရေးအကြောင်းကို ရင်ဖွင့်ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း လက်ရှိမှာ ကော်ရည်ခေါက်ဆွဲနဲ့ နေကြာစိ ရောင်းနေတာပါတဲ့။

‘’လူတွေရဲ့အပြောတချို့ကိုရှင်းပြကြချင်တယ်။ အနုပညာသမားတွေကားမရိုက်ရတဲ့အချိန် ဈေးဘဲရောင်းနေကြတယ်။ အသနားခံချင်လို့လို့ထင်ကြတယ်။ တခြားအလုပ်မလုပ်တတ်ကြဘူးလားတဲ့။ ဒီအသက်ရွယ်တွေမှာဘယ်ကုမ္မဏီကအလုပ်ပေးမလဲ။ ဘယ်အစိုးရကဝန်ထမ်းလာလျောက်ခွင့်ပေးမလဲ။ ကိုယ့်ဝမ်းစာကိုယ်သာသိဆိုသလိုကောင်းရောင်းကောင်းဝယ်လေးလုပ်စားတာပါ။ အသနားခံပြီးရောင်းစားတာမဟုတ်ပါဘူး။ မီဒီယာတွေကတဖက်တလမ်းကူပြီးတင်ပြပေးကြတာပါ အမြင်တွေမစောင်းကြပါနဲ့တောင်းပန်ပါတယ်။ မသိဘူးရောင်းမယ်ကော်ရည်ခေါက်ဆွဲနေကြာစိ’’ ဆိုပြီးတော့ သြဂုတ်လ ၂၂ ရက်နေ့ မနက် ၈ နာရီ ၅၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Kyu Kyu Thin

ဇာတ်ပို့သရုပ်ဆောင် ဖြစ်တဲ့ ကြူကြူသင်းဟာ လက်ရှိမှာ မိသားစု စားဝတ်နေရင်းအတွက် online shop လေးတွေ လုပ်နေတာ တွေ့ရပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ သူမကို နှစ်သိမ့်အားပေးလို့ နေကြပါတယ်။ သူမက ဇာတ်ပို့ဇာတ်ရံထဲမှာဆိုရင် ပရိသတ်တွေရဲ့အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဝဝတုတ်တုတ် ခန္ဓာကိုယ်ကိုမှ အောက်ပိုင်းကြီးပြီး ရေအိုးတင်လို့ရအောင်ကို လှပနေတဲ့ ခန္ဓာကိုယ်ဟာ သူမကို ပရိသတ်တွေ စိတ်ဝင်စားစေတဲ့ အချက်တွေထဲက တစ်ခုပါ။

Photo: Kyu Kyu Thin

အနုပညာမျိုးရိုးကနေ ဆင်းသက်လာတဲ့ ကြူကြူသင်းဟာ အနုပညာလောကမှာ တစ်ချိန်က နာမည်ကြီး အောင်မြင်ခဲ့တဲ့ အန်တီဒေါ်ဂွက်ထော် ရဲ့ သမီးအဖြစ် ပရိသတ်တွေ သိခဲ့ကြတာပါ။ အဲ့ဒီနောက်ကစပြီး သူမပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ သရုပ်ဆောင် ပီပြင်မှုတွေကြောင့် ကြူကြူသင်း ဆိုပြီး ပရိသတ်တွေနဲ့ ပိုပြီးရင်းနှီးစေခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က