လေ့ကျင့်နေတုန်းဆိုတော့ သိပ်မ Ro သေးဘူး။
Sabal Thwin

စိုင်းဝဏ္ဏအောင်ကတော့ Innocence ရုပ်သံဇာတ်လမ်းတွဲမှာ တုနှိုင်းခ ဇာတ်ကောင်မှာ ပါဝင်မယ့်  သရုပ်ဆောင် အီသန် နဲ့ ကာရိုက်တာမိမိ သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံရဲ့ ပထမဆုံး Boy Love Series တစ်ခုဖြစ်တဲ့ "The Innocence" ရုပ်သံဇာတ်လမ်းတွဲမှာတော့ မြူခိုး နဲ့ တုနှိုင်းခ ကာရိုက်တာကို စိုင်းဝဏ္ဏအောင် နဲ့  သရုပ်ဆောင် အီသန် တို့က တွဲဖက်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ " မြူခိုး" ကာရိုက်တာနဲ့ ပါဝင်သွားမယ့် စိုင်းဝဏ္ဏအောင်ရဲ့ ကြိုတင်ပြင်ဆင်နေမှုတွေကို Duwun ကနေ အခုလို ပြောပြလာပါတယ်။ 

“ တစ်ယောက်နဲ့တစ်ယောက် Chemistry မိတာမျိုးရှိတယ်။ အဓိက ကတော့ ညီလေး အီသန်ကို အီသန်လို့ မမြင်တော့ဘူး တုနှိုင်းခ လို့ မြင်လိုက်တယ်။ ဇာတ်ညွှန်းထဲ မှာ တုနှိုင်းခကို ချစ်သလို ကျွန်တော် ချစ်လိုက်တယ်။ ဇာတ်ကား တကယ်ရိုက်တဲ့ အခါကျရင်တော့ ပိုပြီးတော့ Chemistry ပိုမိမယ်လို့ ကျွန်တော် ထင်တယ်။ အခုချိန်မှာက လေ့ကျင့်နေတယ် ဆိုတာကို စိတ်ထဲမှာ ထည့်ထားနေမိသေးတယ်” ဆိုပြီးတော့ ဇူလိုင် (၁၀) ရက်နေ့က Innocence စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

\Photo: Channel VIII

Innocence ဇာတ်လမ်းတွဲရိုက်မယ် ဆိုကတည်းက အားပေးစောင့်မျှော်နေကြတဲ့ ပရိသတ်တွေလည်း အများကြီးပါပဲ။ ဒီဇာတ်ကားမှာ ပရိသတ်ကို ဆွဲဆောင်ထားနိုင်မယ့် အရာလေးတွေလည်းရှိတယ်လို့ စိုင်းဝဏ္ဏအောင် က ပြောပါတယ်။ 

“ ပရိသတ်တွေကတော့ ကျွန်တော်တို့ နှစ်ယောက် Ro မယ့် အခန်းလေးတွေဆိုရင် သဘောကျမယ်လို့ ထင်တယ်။ မျှော်လည်း မျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်သိသလောက် BL Fan တွေက Ro တဲ့ အခန်းလေးတွေ ဆိုရင် အရမ်းသဘောကျတယ်ဆိုတော့ သူတို့ အရမ်းသဘောကျမယ်လို့ ကျွန်တော် မြင်တယ်" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Channel VIII

Innocence ရုပ်သံဇာတ်လမ်းတွဲမှာတော့ မြူခိုး ဇာတ်ကောင်နေရာမှာ စိုင်းဝဏ္ဏအောင်က ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး တုနှိုင်းခ ဇာတ်ကောင်ကိုတော့ အီသန်က ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မြူခိုး ဇာတ်ကောင်နေရာအတွက် ထက်ဦးထွဋ်၊ မိုးဟန် စတဲ့ အနုပညာရှင်တွေနဲ့ သရုပ်ဆောင် အပြောင်းအလဲတွေလည်း ဖြစ်ခဲ့ဖူးပါတယ်။ တုနှိုင်းခ ကာရိုက်တာကိုတော့ အရင်က Jay Baas သရုပ်ဆောင်မှာ ဖြစ်ပေမယ့် ၂၀၂၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာပဲ နှုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က