ဇာတ်ပို့သရုပ်ဆောင် အိတုံကလည်း ကျေးဇူးတင်စကားဆိုထားပါတယ်။

ဒါရိုက်တာကိုပေါက်ကတော့ COVID-19 ကာလမှာ စားနပ်ရိက္ခာအခက်အခဲရှိတဲ့ ဇာတ်ပို့ဇာတ်ရံ ညီအစ်ကို မောင်နှမတွေအတွက် ဆန် နဲ့ ဆီတွေ ဝေမျှခဲ့တာ တွေ့ရပါတယ်။ 

Photo: Ei Tone



ဒါရိုက်တာကိုပေါက်တို့ ဇနီးမောင်နှံဟာ COVID-19 ကာလမှာ ဇာတ်ပို့ဇာတ်ရံ အနုပညာရှင်တွေအတွက် ဆန်နဲ့ ဆီတွေကို အိမ်တိုင်ရာရောက်လိုက်လံပို့ဆောင်နေတာ တွေ့ရပါတယ်။ အခုလို လုပ်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ကိုပေါက်က အခုလို ပြောပြထားပါတယ်။ 

" လူစုလူဝေးတွေ မလုပ်ရဘူးဆိုတော့ အဖွဲ့သားတွေကို အိမ်လည်း မခေါ်ဖြစ်တော့ဘူး။ အခုလို လုပ်ရတာကလည်း ကျွန်တော် ချမ်းသာလို့ မဟုတ်ပါဘူး။ ကိုယ့်အဖွဲ့သားတွေ အလုပ်တွေ မရှိတဲ့ အခြေအနေမှာ တတ်နိုင်သလောက် ကိုယ့်ကလေးတွေကို စောင့်ရှောက်တဲ့ သဘောပါပဲ။ ဒီ့ထက် အများကြီးလည်း စောင့်ရှောက်ချင်ပါတယ်။ ကျန်တဲ့သူတွေလည်း ကိုယ့်အဖွဲ့သားတွေကို အခုလို စောင့်ရှောက်စေချင်ပါတယ်" ဆိုပြီးတော့ ဧပြီလ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ Live လွှင့်ရေး ပြောခဲ့တာဖြစ်ပါတယ်။ 

Photo: Ei Tone

ဒါရိုက်တာ ကိုပေါက်တို့ အလှူအတွက် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် တစ်ဦးဖြစ်သူ အိတုံက ကျေးဇူးတင်စကားဆိုလာပါတယ်။ 

"အခုလိုချိန်ကြီးမှာမိုးတွေလည်းရွာနေတဲ့အချိန်တကူးတကအိမ်ရှေ့ထိလာပို့ပေးတဲ့အိတုန်ရဲ့အစ်ကိုရင်း အစ်မရင်းတွေလိုချစ်ရတဲ့ဒါရိုက်တာကိုပေါက် ချစ်မကြီး နီနီအရမ်းဝမ်းသာပါတယ်။ဘာလေးဘဲပို့ပေးရင်ထဲရှိပြီးလာပို့ပေးတဲ့အတွက်အသိအမှတ်ပြုတာကိုခံစားရပါတယ်။ မျက်ရည်တောင်ဝဲတယ်။ လာပို့မယ်လို့မထင်ထားပါဘူး။ချစ်အစ်ကို၊ ချစ်မမိသားစုဒီထက်မကလှူဒါန်းနိုင်သောလက်တစ်စုံဖြစ်ပါစေ" ဆိုပြီးတော့ ဧပြီလ ၂၇ ရက်နေ့ ညနေ ၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Ei Tone

လက်ရှိမှာ COVID-19 ကူးစက်ရောဂါဟာ ကမ္ဘာတစ်ဝှမ်းမှာ ပြန့်နှံ့လျှက်ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း ကူးစက်ရောဂါ ခံစားနေရသူ၊ ပျောက်ကင်းသွားသူတွေလည်းရှိပါတယ်။ COVID-19 ရောဂါကြောင့် စားဝတ်နေရေး ထိခိုက်ခဲ့ရတဲ့ ပြည်သူတွေလည်းရှိတာကြောင့် ကျန်းမာရေးဝန်ကြီးဌာန နဲ့အတူ အနုပညာရှင်များစွာတို့ကလည်း တစ်ဖက်တစ်လမ်းကနေ အလှူအတန်းတွေလုပ်ရင်း ကူညီပေးနေတာကို တွေ့ရပါတယ်။ 

Photo: Aung Min Naing

ကိုပေါက်က လက်ရှိမှာ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူဟာ ဒါရိုက်တာအဖြစ်နဲ့သာမက သရုပ်ဆောင်အဖြစ်နဲ့ရော၊ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်အနေနဲ့ပါ ဇာတ်ကားတွေ ထုတ်လုပ်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ကိုပေါက်ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကတော့ သော်ဝန်းကြာဖြူဆိုတဲ့ ထုတ်လုပ်ရေးပါ။ ဒီထုတ်လုပ်ရေးကနေပြီးတော့ ‘’ဆယ်လီ’’ရုပ်ရှင်ဇာတ်ကားကြီးကို ထုတ်လုပ်ပြီး ရုံတင်ပြသခဲ့ပြီးပါပြီ။ နောက်ထပ်ဇာတ်ကားကြီးဖြစ်တဲ့ ‘’အသည်းလေးတွေပေးပါ’’ ဇာတ်ကားကိုတော့ ရိုက်ကူးခဲ့ပြီးဖြစ်ပြီး ရုံမတင်ရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က