အားလုံးပျော်နေကြတာ။

အနုပညာ ညီအစ်မတွေအတွက် အိန္ဒြာကျော်ဇင်က အဝတ်အစားတွေ လှူခဲ့တာပါ။ အားလုံး ပျော်ရွှင်နေတာကို မြင်ရတာ ကြည်နူးဖို့ ကောင်းလိုက်တာ။

Photo : ကြူကြူသင်း



သရုပ်ဆောင် အိန္ဒြာကျော်ဇင်က ဇာတ်ပို့ဇာတ်ရံလောကက အနုပညာညီအစ်မတွေအတွတ် အဝတ်အစားတွေ ပေးခဲ့တာပါ။ အြိန္ဒာကျော်ဇင်ရဲ့ စေတနာကြောင့် အားလုံး ပျော်နေကြတာ တွေ့ရပါတယ်။

“အူဝဲလေးရဲ့စေတနာ အားလုံးပျော်” ဆိုပြီး ဧပြီ(၂၈) ရက်နေ့က သရုပ်ဆောင် ကြူကြူသင်းရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။ အိန္ဒြကျော်ဇင်ရဲ့ အိမ်မှာ အားလုံး ပျော်ပျော်ပါးပါးနဲ့ ဓာတ်ပုံလေးတွေ ရိုက်ထားတာကိုလည်း တွေ့ရပါတယ်။ သူတို့ရဲ့ ပုံလေးတွေ ကြည့်ရတာ အရမ်းကို ကြည်နူးဖို့ ကောင်းလှပါတယ်။

Photo : ကြူကြူသင်း

အိန္ဒြာကျော်ဇင်နဲ့ပြေတီဦးတို့ ဇနီးမောင်နှံဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတွေလို့ ပြောရမှာပါ။ ပြေတီဦးဆိုရင်လည်း စက်အဖွဲ့သားတွေအတွက် ရှုတင်နောက်ဆုံးနေ့တွေမှာ မုန့်ဖိုးပေးတာမျိုးတွေ ရှိပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့ အသက် ၄၂ နှစ်ပြည့် မွေးနေ့ အလှူကိုတော့ ဧပြီလ ၂၄ ရက်နေ့ညက ရွှေတိဂုံစေတီတော်မှာ သူ့ကို ချစ်တဲ့ ပရိသတ်တွေနဲ့အတူ ပြုလုပ်ခဲ့ပါတယ်။

Photo : ကြူကြူသင်း

သူမရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၀ ကျော်ပြီဖြစ်ပါတယ်။ သူမကိုဟာ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။အဲဒီနောက် ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။

Photo : ကြူကြူသင်း

အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် မိသားစုကို အချိန်ပိုပေးနေတာကို တွေ့ရပါတယ်။ ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။ သမီးကြီးပြေသုဒြာ ကိုတော့ ၂၀၁၁ခုနှစ် အောက်တိုဘာ(၁၄)ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပြီး သားငယ်လေးကိုတော့ ၂၀၁၅ ခုနှစ် သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်မိသားစုလေးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က