ထာဝရနှောင်ကြိုး ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

ဒါရိုက်တာခရစ္စတီးနားခီက နောက်ထပ်အချစ်ဇာတ်ကားတွေ ထပ်မရိုက်နိုင်တော့လောက်အောင် ရင်ထဲထိခဲ့ရတဲ့ ဇာတ်ကားအကြောင်းပြောပြလာပါတယ်။

Photo: Christina Kyi



ခရစ္စတီးနားခီဟာ ခင်ပွန်းဖြစ်သူ ဇဏ်ခီပါဝင်ရိုက်ကူးထားတဲ့ ‘’ထာဝရနှောင်ကြိုး’’ဇာတ်ကားဟာ သူ့အတွက်တော့ အရမ်းနှစ်သက်မိတဲ့ဇာတ်ကားဖြစ်တယ်လို့ဆိုပါတယ်။ ကိုယ်တိုင် ဒါရိုက်တာလုပ်ခွင့်ရတာကိုလည်း ကံကောင်းသူတစ်ယောက်လို့ ခံယူထားပါတယ်တဲ့။

‘’နောက်တစ်ခါအချစ်ဇာတ်လမ်း မရိုက်နိုင်တော့လောက်အောင် သူ့အချစ်ဇာတ်လမ်းအား အလွန်နှစ်သက်မိပါကြောင်း။ ယုံကြည်စွာနဲ့သေချာရေးပေးပြီး အမြဲဖတ်ဖြစ်၊ ကြည့်ဖြစ်မယ့် အချစ်ရုပ်ရှင်ဇာတ်ကားအား ဒါရိုက်တာလုပ်ခွင့်ရတာ အရမ်းကံကောင်းတယ်လို့ခံယူထားပါကြောင်း

#NowAndEver #ထာဝရနှောင်ကြိုး’’ ဆိုပြီးတော့ ဧပြီလ ၉ ရက်နေ့ ညနေ ၅ နာရီ ၅၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Christina Kyi

‘’ထာဝရနှောင်ကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးကို Central Base ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီက ပုံဖော်ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်ဇာဏ်ခီနဲ့ ပိုင်ဖြိုးသုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး မြင်စိုင်းသားအောင်အောင်၊ ရဲနောင်ချို၊ မင်းညို၊ ဂျူးဂျူးကေ၊ ခင်သဇင်နဲ့ ဇူးဇူးဟန်နီထွေးတို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားပါတယ်။

Photo: Christina Kyi

ခရစ္စတီးနားခီဟာ ‘’ထာဝရနှောင်ကြိုး’’(Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးကို အကောင်းဆုံးရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်ဖို့ အဖွဲ့သားတွေကလည်း အားကြိုးမာန်တက် ကြိုးစားကြတယ်လို့ဆိုထားဖူူးပါတယ်။

 ‘’မနက် ၄နာရီထပြီး shooting အတွက် မိတ်ကပ်လိမ်း ပြင်ဆင် စရိုက်ကြတာ ၂ ရက်ဆက်တိုက် လုပ်ပေမယ့်လည်း ထမင်းစားရင်း နောက်ရက်ဆက်ရိုက်ဖို့တိုင်ပင်၊ ရာသီဥတုကြောင့် ရိုက်ကူးရေး နောက်ကျကုန်တော့ အားလုံးကို တစ်ရက်လောက် လည်ပတ်စေချင်ပေမယ့်လည်း ရိုက်ကူးရေးဆက်ရပါဦးမယ်။ ရုပ်ရှင်ကတော့စပြီး edit လုပ်နေပါပြီ။ ကြည့်ချင်ကြပြီးလား..ခရစ္စတော့ အရမ်းကြည့်ချင်နေပါပြီ’’လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။



Photo: Christina Kyi

ခရစ္စတီးနားခီကိုတော့ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ကားကြီးရဲ့ ပုံဖော်သူ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ‘’မုုဒြာရဲ့ ခေါ်သံ’’ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသပြီးချိန်မှာတော့ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ‘’Now & Ever’’ ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးနေတာ ဖြစ်ပါတယ်။ သူမဟာ အနုပညာနဲ့ ပတ်သက်လာရင် ဒါရိုက်တာ တစ်ယောက်အဖြစ်သာမက မြန်မာအက ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ကပြနိုင်သူ တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က