သူ့ရဲ့ ခံစားချက်တွေကို အခုလို ဖွင့်ပြောလာပါတယ်။

ရွှေမှုံရတီအတွက်တော့ ကောင်းကင်ကြီးလို လူသားတစ်ယောက်ဖြစ်ချင်တယ်လို့ ခင်ပွန်းဖြစ်သူ ရွှေထူးက ပြောပါတယ်။

Photo: Htoo Khant



ရွှေထူးကတော့ သူချစ်ရတဲ့ ဇနီးချောလေးအပေါ်ထားတဲ့ သူ့ရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ အခုဆိုရင်တော့ သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းက ၉ လ ကျော်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

‘’တချို့လူတွေအတွက်တော့ ကျွန်တော်က မြေကြီး ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ သူမအတွက် ကောင်းကင်ဖြစ်နေရင် ကျေနပ်ပြီ။ 8.7.2019’’ ဆိုပြီးတော့ ဇူလိုင်လ ၈ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ပရိသတ်တွေကလည်း ရွှေထူးရဲ့ ဒီ စာသားလေးကို သဘောကျ နှစ်သက်တဲ့အကြောင်းတွေ comment ကနေတဆင့်ပြောထားကြပါသေးတယ်။

Photo: Htoo Khant

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo: Htoo Khant

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ပထမဆုံး အတူတူသီဆိုထားတဲ့ ‘’အမှား’’ သီချင်း ကလည်း ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအသစ်တွေ ဖန်တီးပေးဦးမှာ ဖြစ်သလို သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း ရွှေထူးကဂီတအလုပ်တွေ ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်လက်ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဇနီးမောင်နံှ နှစ်ယောက်စလုံးဟာ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာဖြစ်သလို အလှူအတန်းနဲ့ ပတ်သက်ပြီးတော့လည်း တက်ညီလက်ညီ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က