ညကြီးအချိန်မတော် ဗိုက်ဆာလို့တဲ့။

ရွှေထူးတစ်ယောက် ဇနီးချောလေး ရွှေမှုန်ရတီရဲ့ ထမင်းသုပ် လက်ရာလေးကို ကြွားလုံးထုတ်ခဲ့ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်သက်တမ်းက အခုဆိုရင် ၅ လအတွင်းကို ရောက်ရှိနေပါပြီ။

Photo: Htoo Khant



ရွှေထူးတစ်ယောက် ဇနီးချောလေး ရွှေမှုန်ရတီရဲ့ ဂရုတစိုက်ရှိလှတဲ့အကြောင်းကို ပြောလာပါတယ်။ ည အချိန်မတော် ဗိုက်ဆာတတ်တဲ့ သူ့အတွက်တော့ ဇနီးချောလေးရဲ့ ထမင်းသုပ်လက်ရာက အကောင်းဆုံးဆိုတာကို ပရိသတ်တွေဆီ ကြွားလုံးထုတ်လိုက်ပါတယ်။

‘’ညအချိန်အတော်ဗိုက်ဆာ အမေနဲ့နေတုန်းက အမေပေါ့နော်။ သူငယ်ချင်းတွေနဲ့နေတော့ ကိုယ့်ပာ့ကိုယ်ထလုပ်မိန်းမရသွားတော့ မိန်းမကိုအနိုင်ကျင့် ထမင်းသုပ်လေး Screen လျက်ပာဦး ( မှားလို့ ) စားပါဦး’’ ဆိုပြီးတော့ မတ်လ ၂၅ ရက်နေ့ ည ၁၁ နာရီ ၂၃ မိနစ်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ တေ

Photo: Htoo Khant

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုန်ရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo: Htoo Khant

အခုဆိုရင်တော့ သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းဟာ ၅ လအတွင်းကို ရောက်ရှိနေပါပြီ။ သူတို့ နှစ်ဦးဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ ‘’ဧည့်သည်’’ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေရင်းနဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ လက်ထပ်ပွဲကျင်းပဖို့ ရက်အနည်းငယ် လိုမှပဲ ပရိသတ်တွေကို ချစ်သူတွေဖြစ်ကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။

Photo: Htoo Khant

လက်ရှိမှာတော့ ရွှေထူးကလည်း ဂီတအလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေတာဖြစ်သလို ရွှေမှုန်ရတီကလည်း သရုပ်ဆောင်အလုပ်ကို ဆက်လက် လုပ်ကိုင်နေတာဖြစ်ပါတယ်။သူတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ ပထမဆုံး အတူတူသီဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအသစ်တွေ ဖန်တီးပေးဦးမှာ ဖြစ်သလို သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ္ဆ


ဆက်စပ်အကြောင်းအရာများ



က္က