အားလုံးက အံ့သြနေကြပါတယ်။

(၁၃)နှစ်တာ သံယောဇဉ်တွေ ပြီးဆုံးသွားခဲ့တဲ့အတွက် အားလုံးက စိတ်မကောင်း ဖြစ်လို့နေပါတယ်။

Photo : ဟန်ထူးလွင်



အဆိုတော် ဟန်ထူးလွင်ကတော့ သူ့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးလိုက်ပါပြီ။ ၁၃နှစ်ကျော်ကြာ လက်တွဲခဲ့တဲ့ ဇနီးဖြစ်သူနဲ့ တရားဝင်ကွာရှင်းပြတ်စဲ လိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာ(၁၅) ရက်နေ့က ဟန်ထူးလွင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

“ကျွန်တော်နဲ့ စုလဲ့ဝင်း (ဇုံဇုံ) နဲ့ဘာမှမသက်ဆိုင်တော့ပါ။ တရားဝင်လည်းကွာရှင်းပြီးပါပြီ။ ဘာမှမမေးခြင်းဖြင့် ကူညီနိုင်ကြမယ်ထင်ပါတယ်။ Thanks.” ဆိုပြီး ပြောထားပါတယ်။

Photo : ဟန်ထူးလွင်

ပရိသတ်တွေ၊မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေကတော့ သူ့ရဲ့ အိမ်ထောင်ရေး သတင်းကို ကြားပြီး စိတ်မကောင်းဖြစ်လို့နေကြပါတယ်။

ဟန်ထူးလွင်ရဲ့ ဇနီးဖြစ်သူကလည်း သူ့ဘက်က ခံစားရတဲ့ ခံစားချက်တွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ပြောထားပါသေးတယ်။

“ဇုံဟာအိမ်ထောင်ရှင်မှမပီသဘူးလင်ယောကျာ်းဝတ္တရားလဲမကျေပွန်ဘူးကလေးတွေအပေါ်လဲ မိခင်တာဝန်မကျေပွန်ဘူး။အဆိုးဆုံးက ကိုယ့်ယောကျာ်းအပေါ်နားလည်ကူညီပံ့ပိုးမှုမရှိဘူးအရက်ဝိုင်သောက်တယ် သူသီးမခံနုင်လောက်တဲ့အထိဖြစ်သွားတယ်။ဒီအတွက် စိတ်ကျန်းမာရေးဆရာကြီးတွေနဲ့ ပြသနေရတုန်းအချိန်ပါငါ သူနဲ့တန်းတူလိုက်တူညီမျှတဲ့အရည်အချင်းလဲမရှိဘူးနင့်ကိုချစ်တာတစ်ခုပဲသိခဲ့တယ်။အဲဒါ အလွဲကြီးတဲ့၁၅နှစ် ဟန်ဆောင်ခဲ့တယ်ပြောဆိုပေမဲ့ ငါတကယ်ချစ်ခဲ့ပါတယ်။နောက်လူနဲ့ နင်စိတ်ချမ်းသာပါစေ ငါ့သမီးတွေနဲ့ငါရအောင်နေနိုင်ပါတယ်။ပျော်ချင်ရာတွေလုပ်ပါစိတ်ချမ်းသာသလိုနေပါ။ငါ့ကို နင်ရော နင်နဲ့ပတ်သက်သူရော ထပ်မနှိပ်စက်ပါနဲ့ “ ဆိုပြီး နိုဝင်ဘာ(၁၆)ရက်နေ့က ရေးသားထားပါတယ်။

photo : su lei win

ဟန်ထူးလွင်နဲ့ ဇနီးဖြစ်သူ စုလဲ့ဝင်းတို့ဟာ (၁၃)နှစ်ကျော်ကြာ လက်တွဲခဲ့ကြတဲ့ စုံတွဲတွေဖြစ်ပြီး သမီးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ပရိသတ်တွေကတော့ သမီးလေးတွေအတွက် စိတ်မကောင်း ဖြစ်လို့နေပါတယ်။ဟန်ထူးလွင် က Big Bag အဖွဲ့ရဲ့ အထင်ရှားဆုံး အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။

ဟန်ထူးလွင်ကတော့ The Voice Of Myanmar ဆိုတဲ့ သီချင်းဆိုပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင်လူကြီးတစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဟန်ထူးလွင်ဟာ အခုလက်ရှိမှာတော့ သီချင်းအသစ်တွေလည်း ဖန်တီးဖြစ်နေသလို သူဝါသနာပါတဲ့ ပန်းချီလေးတွေရေးဆွဲနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က