မေလ ၂၆ ရက်နေ့ မနက်ပိုင်း Capital မှာ ပြမှာပါ။
 

ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးထားတဲ့ လက်စားချေနတ်သမီးရုပ်ရှင်ဇာတ်ကားကြီးကို မေလ ၂၆ ရက်နေ့ မနက်ပိုင်း သာကေတ Capital hypermarket cinema မှာ ပထမဦးဆုံးအနေနဲ့ မိဘမဲ့ ကလေးတွေကို အခမဲ့ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကြီးကို ညိုမင်းလွင်ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ညကျောင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပါတယ်။



''ဦးဦးဖျားဖျား အလှူဒါန အဖြစ် မိဘမဲ့ ကလေးတွေ ကို ဦးစားပေး ပြသပြီးသရုပ်ဆောင်များနဲ့ တွေ့ဆုံဒါန ပြုပွဲကို 26.5.18 ရက်နေ့ မှာ Mega Ace Cineplex Capital မှာ ပြုလုပ်သွားပါမယ် ခင်ဗျာ။ ရုံတင်ပြသမယ့် ရက်ကတော့ 8.6.18 ရက်နေ့ ပါ။ လက်စားချေနတ်သမီး ထုတ်လုပ်ရေးနဲ့ သရုပ်ဆောင်များ ပြုလုပ်မယ့် အလှူဒါန ကို ကျေးဇူးရှင် ပရိသတ်ကြီးလည်း ရကြပါစေ'' ဆိုပြီးတော့ လက်စားချေ နတ်သမီး ရဲ့ ဖေ့စ်ဘွတ်ပေ့ချ် မှာ ရေးသားထားပါတယ်။

 

ဒီရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၆ ခုနှစ် မေလအတွင်းမှာ စတင်ရိုက်ကူးခဲ့ပါတယ်။ လက်စားချေ နတ်သမီး ရုပ်ရှင်ဇာတ်ကား ကြီး ဟာ ပဟေဠိ တွေ၊ လျှို့ဝှက်ချက်တွေ ၊ ရင်ခုန်စရာတွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်ကားတစ်ကား ဖြစ်တယ်လို့ လည်း သိရပါတယ်။ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားကြီးကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် ဇွန်လ ၈ ရက်နေ့ ကစပြီး အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

လက်စားချေ နတ်သမီးရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာညိုမင်းလွင်က ရိုက်ကူးပြီး ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးကနေ ဒုတိယမြောက် ထုတ်လုပ်လိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဖြိုးငွေစိုး၊ သြဘာ၊ သက်မွန်မြင့်၊ နန်းဆုဦးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံး ထုတ်လုပ်တဲ့ ANANDA ( မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး သိပ္ပံရုပ်ရှင်ဇာတ်ကား) ကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ ရုံတင်ပြသနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒါရိုက်တာ ညိုမင်းလွင်ဟာ  ဒိုင်နိုဆောရွာဆိုတဲ့ ဇာတ်ကားကြီးကို ရိုက်ကူးထားပြီး မနုစာရီ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို လည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Photo: လက်စားချေ နတ်သမီးဖေ့စ်ဘွတ်ပေ့ချ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က