အသက်အရွယ်အားလုံးနဲ့ ကိုက်ညီမယ့် ဒဿနတွေပါတယ်တဲ့။
 

ဂီတလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ အဆိုတော် အောင်ရင်ဟာ ဂီတလောကသို့ တစ်ကျော့ပြန် ပြန်လည်ဝင်ရောက်လို့ လာပြီ ဖြစ်ပါတယ်။

အနုပညာလောကနဲ့ (၁၃)နှစ်ကြာ ကွဲကွာသွားခဲ့တဲ့  အောင်ရင်က ဒီနေ့(ဇွန်လ၂၇ရက်)မှာ သူ့ရဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိလို့ လာခဲ့ပါပြီ။ အသက်အရွယ် အားလုံးနဲ့ ကိုက်ညီမယ့် ဒဿန တွေပါဝင်မယ့်အောင်ရင်ရဲ့ သီချင်းခွေနာမည်က "ဒီရက်ပိုင်း" လို့ ပေးထားပါတယ်။

ဖျော်ဖြေပွဲမှာ သားဖြစ်သူအတွက် အမှတ်တရသီချင်းဆိုမယ့် အောင်ရင် 

ဇွန်လ(၂၇) ရက်နေ့ ဒီနေ့မှာ ထွက်ရှိလာတဲ့ အောင်ရင်ရဲ့ သီချင်းခွေကို The sun music production ကနေ ထုတ်လုပ်ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ "ဒီရက်ပိုင်း" ဆိုတဲ့ သီချင်းခွေဟာ အောင်ရင်ရဲ့ (၁၅)ခွေမြောက် တစ်ကိုယ်တော်အခွေဖြစ်ပြီး ဆိုနေကြ တေးသီချင်းအမျိုး အစားအပြင် ဆိုနေကြ မဟုတ်တဲ့ သီချင်းများလည်း ပါဝင်ထားတယ်လို့ သိရပါတယ်။

ယင်းသီချင်းခွေမှာ သီချင်းစုစုပေါင်း (၈)ပုဒ်ပါဝင်ပြီးတော့ ရွှေဂျော်ဂျော်၊ ဖိုးကာ၊ ရယ်ဂျီ၊ဝေလ၊ညီမင်းခိုင် တို့က ရေးသားပေးထားပြီး Feautring တွေအနေနဲ့ ဖြိုးပြည့်စုံနဲ့ ဂျူဝယ်လ်တို့က သီဆိုပေးထားပါတယ်။

 

အောင်ရင်ဟာမြန်မာနိုင်ငံကို ပြန်ရောက်နေတာ တော်တော်ကြာပြီဖြစ်ပြီး ၂၀၁၆ခုနှစ် အောက်တိုဘာ(၂၂) ရက်နေ့ကလည်း သူ့ရဲ့ "Aung Yin 32" ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပါသေးတယ်။ အောင်ရင်ဟာ ဂီတလောကမှာ အောင်မြင်မှု ရရှိထားတဲ့ အဆိုတော်တစ်ဦးဖြစ်သလို ယခုအချိန်အထိ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က