• Movie & Music
    ၁၄ နာရီအတွင်း ကြည့်ရှုသူ လေးသန်းကျော်သွားတဲ့ Jurassic World: Fallen Kingdom - Final Trailer
Ei Ei Mar
[Unicode Version]

 

ဒိုင်နိုဆောတွေက ကြောက်စရာအရမ်းကောင်းတာ မှန်ပေမဲ့ လူတွေက ပိုပြီး ကြောက်ဖို့ကောင်းတယ်ဆိုတာ Jurassic World: Fallen Kingdom ရဲ့ နမူနာထဲမှာ မြင်တွေ့ရပါတယ်။

Jurassic World ဇာတ်လမ်းတွေထဲမှာ ကြည့်လို့ အလန်းဆုံး မြင်ကွင်းတွေကို ဒီနမူနာထဲမှာ မြင်တွေ့ရပြီး လူတွေက ဘာလို့ Jurassic Park ကို ပြန်လာကြတယ်ဆိုတာကိုလည်း သိရှိလိုက်ရပါတယ်။

images (4).jpg 

Blue ဆိုတဲ့ ဒိုင်နိုဆောမလေးက သူတို့မျိုးစိတ်ထဲမှာ နောက်ဆုံးကျန်ရှိတဲ့ ဒိုင်နိုဆောတစ်ကောင်ဖြစ်ပြီး ထရိန်နာ Owen Grady (Chris Pratt) ဟာ သိပ္ပံစမ်းသပ်မှုတွေ ထပ်မံပြုလုပ်ဖို့အတွက် Blue ကို ကယ်တင်ဖို့ တာဝန်ပေးခံရပါတယ်။ ဒါပေမဲ့ Bule ကို ကယ်တင်တာဟာ ယုတ်မာတဲ့ အကြံအစည်တွေရှိနေတယ်ဆိုတာကို Owen တစ်ယောက် သိရှိသွားခဲ့တယ်။

ဒိုင်နိုဆောတွေက အန္တရာယ်ပေးနိုင်တဲ့အကောင်တွေ ဖြစ်ပေမဲ့ ယုတ်မာပက်စက်တဲ့ ရည်ရွယ်ချက်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုခံရချိန်မှာတော့ အဆပေါင်းများစွာ ပိုမို ကြောက်စရာကောင်းလာတာကို မြင်တွေ့ရပါတယ်။

jurassicworld.jpg 

Jurassic World: Fallen Kingdom ရုပ်ရှင်ကားက ၂၀၁၅ ခုနှစ်မှာ အရမ်းအောင်မြင်ခဲ့တဲ့ ဒါရိုက်တာ Colin Trevorrow ရိုက်ကူးတဲ့ Jurassic World ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်ပါတယ်။

ယခုဇာတ်ကားကိုတော့ J. A. Bayona က ရိုက်ကူးထားပြီး Chirs Patt နဲ့ Bryce Dallas Howard တို့ ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပါတယ်။

ဇွန်လ ၂၂ မှာ ရုံတင်မယ့် Jurassic World: Fallen Kingdom ကို စိတ်ဝင်စားသူ များပြားလှပြီး နောက်ဆုံးထွက်ရှိလာတဲ့ နမူနာကို ကြည့်ရှုသူက ၁၄ နာရီအတွင်းမှာ ၄ သန်းကျော်ရှိသွားပြီဖြစ်တဲ့အတွက် လက်မှတ်ရောင်းချရမှု စံချိန်တင်နိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

[Zawgyi Version]

 

ဒိုင္ႏိုေဆာေတြက ေၾကာက္စရာအရမ္းေကာင္းတာ မွန္ေပမဲ့ လူေတြက ပိုၿပီး ေၾကာက္ဖို႔ေကာင္းတယ္ဆုိတာ Jurassic World: Fallen Kingdom ရဲ႕ နမူနာထဲမွာ ျမင္ေတြ႕ရပါတယ္။

Jurassic World ဇာတ္လမ္းေတြထဲမွာ ၾကည့္လို႔ အလန္းဆံုး ျမင္ကြင္းေတြကို ဒီနမူနာထဲမွာ ျမင္ေတြ႕ရၿပီး လူေတြက ဘာလို႔ Jurassic Park ကုိ ျပန္လာၾကတယ္ဆုိတာကိုလည္း သိရွိလုိက္ရပါတယ္။

Blue ဆုိတဲ့ ဒိုင္ႏုိေဆာမေလးက သူတုိ႔မ်ဳိးစိတ္ထဲမွာ ေနာက္ဆံုးက်န္ရွိတဲ့ ဒိုင္ႏိုေဆာတစ္ေကာင္ျဖစ္ၿပီး ထရိန္နာ Owen Grady (Chris Pratt) ဟာ သိပၸံစမ္းသပ္မႈေတြ ထပ္မံျပဳလုပ္ဖို႔အတြက္ Blue ကို ကယ္တင္ဖုိ႔ တာ၀န္ေပးခံရပါတယ္။ ဒါေပမဲ့ Bule ကို ကယ္တင္တာဟာ ယုတ္မာတဲ့ အၾကံအစည္ေတြရွိေနတယ္ဆုိတာကို Owen တစ္ေယာက္ သိရွိသြားခဲ့တယ္။

ဒိုင္ႏိုေဆာေတြက အႏၱရာယ္ေပးႏိုင္တဲ့အေကာင္ေတြ ျဖစ္ေပမဲ့ ယုတ္မာပက္စက္တဲ့ ရည္ရြယ္ခ်က္ေတြနဲ႔ အဖြဲ႕အစည္းေတြရဲ႕ ထိန္းခ်ဳပ္မႈခံရခ်ိန္မွာေတာ့ အဆေပါင္းမ်ားစြာ ပိုမို ေၾကာက္စရာေကာင္းလာတာကို ျမင္ေတြ႕ရပါတယ္။

Jurassic World: Fallen Kingdom ႐ုပ္ရွင္ကားက ၂၀၁၅ ခုႏွစ္မွာ အရမ္းေအာင္ျမင္ခဲ့တဲ့ ဒါ႐ိုက္တာ Colin Trevorrow ႐ိုက္ကူးတဲ့ Jurassic World ရဲ႕ ေနာက္ဆက္တြဲ ဇာတ္လမ္းျဖစ္ပါတယ္။

ယခုဇာတ္ကားကိုေတာ့ J. A. Bayona က ႐ိုက္ကူးထားၿပီး Chirs Patt နဲ႔ Bryce Dallas Howard တို႔ ေခါင္းေဆာင္ပါဝင္ထားတာျဖစ္ပါတယ္။

ဇြန္လ ၂၂ မွာ ႐ံုတင္မယ့္ Jurassic World: Fallen Kingdom ကို စိတ္ဝင္စားသူ မ်ားျပားလွၿပီး ေနာက္ဆံုးထြက္ရွိလာတဲ့ နမူနာကို ၾကည့္႐ႈသူက ၁၄ နာရီအတြင္းမွာ ၄ သန္းေက်ာ္ရွိသြားၿပီျဖစ္တဲ့အတြက္ လက္မွတ္ေရာင္းခ်ရမႈ စံခ်ိန္တင္ႏုိင္မယ့္ ဇာတ္ကားေကာင္းတစ္ကားျဖစ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs