အိမ်မက်ဆုံရာ Season 4 ကနေတဆင့် ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ နန့်ချစ်နဒီဇော်ရဲ့ တစ်ကိုယ်တော်အခွေဟာ မကြာခင် ပရိသတ်တွေဆီရောက်တော့မှာပါ။ ဒီအခွေအတွက် ခက်ခက်ခဲခဲကြိုးစားခဲ့ရတာတွေကိုလည်း Duwun Media ကနေတဆင့် ပြောပြခဲပါသေးတယ်။
'' နန့်ချစ်ရဲ့ ပထမဦးဆုံးတစ်ကိုယ်တော်အခွေ Surprise အခွေလေးကို နန့်ချစ် လုပ်နေတာကြာပါပြီ။ နန့်ချစ်အနုပညာလောကထဲကို စဝင်လာတာ ၂၀၁၃ ခုနှစ်ကတည်းကပါ အဲ့ဒီကစပြီးတော့ ဒါက ပထမဆုံးတစ်ကိုယ်တော်အခွေလို့ ပြောလို့ရပါတယ်။ နန့်ချစ်ရဲ့ တစ်ကိုယ်တော်အခွေကို အများကြီးကြိုးစားထားတဲ့အတွက် ပရိသတ်တွေ မမျှော်မှန်းထားတဲ့ သီချင်းပုံစံတွေ ထည့်သွင်းထားပါတယ်'' လို့ သူကဆိုပါတယ်။
ပထမဆုံးတစ်ကိုယ်တော်အခွေထွက်ရှိဖို့ ကြိုးစားနေချိန်မှာလည်း အတားအဆီးတွေအများကြီးရှိခဲ့တယ်လို့ သိရပါတယ်။
'' အနုပညာရှင်တစ်ယောက် ဒီလို တစ်ကိုယ်တော်အခွေထွက်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ။ နန့်ချစ်ကိုယ်တိုင် လုပ်ပြီးသွားပြီမို့လို့ နန့်ချစ် သိရတာပေါ့နော်။ အများကြီးလည်းကြိုးစားထားတယ်၊ အခက်အခဲတွေရော အတားအဆီးတွေရော နန့်ချစ်မှာအများကြီးရှိတယ်။ အဲ့ဒါတွေကို စိတ်မပျက်ပဲ နန့်ချစ်ရဲ့ ပရိသတ်တွေအတွက်အများကြီးကြိုးစားထားပါတယ်'' လို့ နန့်ချစ်နဒီဇော်က ပြောပါတယ်။
မနောနဲ့အတူ စုံတွဲသီချင်းဆိုဦးမယ်ဆိုတဲ့ ဗီဗာဟိန်း
Surprise အခွေလုပ်နေရင်း စိတ်ဓာတ်တွေလည်းကျခဲ့သလို ဆက်မလုပ်ချင်လောက်အောင် ပင်ပန်းခဲ့တယ်လို့ သူကဆိုပါတယ်။
'' ဒီအခွေလုပ်နေရင်းဆိုရင် နန့်ချစ် အရမ်းပင်ပန်းလွန်းလို့ ဝိတ်တွေလည်းကျသွားတယ်။ စိတ်တွေလည်းအရမ်းကျတယ် ဆက်ပြီး မလုပ်ချင်တော့လောက်အောင်ကို တအားပင်ပန်းတယ်၊ လုပ်ရတာတွေကလည်း ကိုယ်ကိုယ်တိုင်လုပ်ရတာတွေ ဖြစ်နေတဲ့အခါ ကျတော့ စိတ်ဓာတ်ကျသွားတဲ့အခါကျရင် ပရိသတ်တွေဆီဘယ်လိုလုပ်ရောက်တော့မလဲ'' လို့ ဆိုပါတယ်။
နန့်ချစ်နဒီဇော်ရဲ့ Surprise အခွေကို မေလ ၂၀ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေဆီအရောက် ပို့ပေး တော့ မယ်လို့ သိရပါတယ်။ အခွေထဲမှာ ပါဝင်တဲ့ သီချင်းလေးတွေကလည်း အရမ်းကို ထူးခြားတယ်လို့ သိရပါတယ်။ နန့်ချစ်နဒီဇော်ကို သူ့ရဲ့ ပရိသတ်တွေက ၂၀၁၃ ခုနှစ် အိမ်မက်ဆုံရာ Season 4 မှာကတည်းက အားပေးခဲ့ကြတာဖြစ်ပြီး 1 st Runner Up ဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ အဆိုအပိုင်းမှာသာမက သရုပ်ဆောင်အပိုင်းနဲ့ ပတ်သက်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။
အိမ္မက္ဆုံရာ Season 4 ကေနတဆင့္ ပရိသတ္အားေပးမႈအမ်ားႀကီးရရွိခဲ့တဲ့ နန္႔ခ်စ္နဒီေဇာ္ရဲ႕ တစ္ကုိယ္ေတာ္အေခြဟာ မၾကာခင္ ပရိသတ္ေတြဆီေရာက္ေတာ့မွာပါ။ ဒီအေခြအတြက္ ခက္ခက္ခဲခဲႀကိဳးစားခဲ့ရတာေတြကုိလည္း Duwun Media ကေနတဆင့္ ေျပာျပခဲပါေသးတယ္။
'' နန္႔ခ်စ္ရဲ႔ ပထမဦးဆုံးတစ္ကုိယ္ေတာ္အေခြ Surprise အေခြေလးကုိ နန္႔ခ်စ္ လုပ္ေနတာၾကာပါၿပီ။ နန္႔ခ်စ္အႏုပညာေလာကထဲကုိ စဝင္လာတာ ၂၀၁၃ ခုႏွစ္ကတည္းကပါ အဲ့ဒီကစၿပီးေတာ့ ဒါက ပထမဆုံးတစ္ကုိယ္ေတာ္အေခြလုိ႔ ေျပာလုိ႔ရပါတယ္။ နန္႔ခ်စ္ရဲ႕ တစ္ကုိယ္ေတာ္အေခြကုိ အမ်ားႀကီးႀကိဳးစားထားတဲ့အတြက္ ပရိသတ္ေတြ မေမွ်ာ္မွန္းထားတဲ့ သီခ်င္းပုံစံေတြ ထည့္သြင္းထားပါတယ္'' လုိ႔ သူကဆုိပါတယ္။
ပထမဆုံးတစ္ကုိယ္ေတာ္အေခြထြက္ရွိဖုိ႔ ႀကိဳးစားေနခ်ိန္မွာလည္း အတားအဆီးေတြအမ်ားႀကီးရွိခဲ့တယ္လုိ႔ သိရပါတယ္။
'' အႏုပညာရွင္တစ္ေယာက္ ဒီလုိ တစ္ကုိယ္ေတာ္အေခြထြက္ႏုိင္ဖုိ႔ဆုိတာ ေတာ္ေတာ္မလြယ္တဲ့ကိစၥပါ။ နန္႔ခ်စ္ကုိယ္တုိင္ လုပ္ၿပီးသြားၿပီမုိ႔လုိ႔ နန္႔ခ်စ္ သိရတာေပါ့ေနာ္။ အမ်ားႀကီးလည္းႀကိဳးစားထားတယ္၊ အခက္အခဲေတြေရာ အတားအဆီးေတြေရာ နန္႔ခ်စ္မွာအမ်ားႀကီးရွိတယ္။ အဲ့ဒါေတြကုိ စိတ္မပ်က္ပဲ နန္႔ခ်စ္ရဲ႕ ပရိသတ္ေတြအတြက္အမ်ားႀကီးႀကိဳးစားထားပါတယ္'' လုိ႔ နန္႔ခ်စ္နဒီေဇာ္က ေျပာပါတယ္။
မေနာနဲ႔အတူ စုံတြဲသီခ်င္းဆုိဦးမယ္ဆုိတ့ဲ ဗီဗာဟိန္း
Surprise အေခြလုပ္ေနရင္း စိတ္ဓာတ္ေတြလည္းက်ခဲ့သလုိ ဆက္မလုပ္ခ်င္ေလာက္ေအာင္ ပင္ပန္းခဲ့တယ္လုိ႔ သူကဆုိပါတယ္။
'' ဒီအေခြလုပ္ေနရင္းဆုိရင္ နန္႔ခ်စ္ အရမ္းပင္ပန္းလြန္းလုိ႔ ဝိတ္ေတြလည္းက်သြားတယ္။ စိတ္ေတြလည္းအရမ္းက်တယ္ ဆက္ၿပီး မလုပ္ခ်င္ေတာ့ေလာက္ေအာင္ကုိ တအားပင္ပန္းတယ္၊ လုပ္ရတာေတြကလည္း ကုိယ္ကုိယ္တုိင္လုပ္ရတာေတြ ျဖစ္ေနတဲ့အခါ က်ေတာ့ စိတ္ဓာတ္က်သြားတဲ့အခါက်ရင္ ပရိသတ္ေတြဆီဘယ္လိုလုပ္ေရာက္ေတာ့မလဲ'' လုိ႔ ဆုိပါတယ္။
နန္႔ခ်စ္နဒီေဇာ္ရဲ႕ Surprise အေခြကုိ ေမလ ၂၀ ရက္ေန႔ကစၿပီး ျမန္မာတစ္ႏုိင္ငံလုံးမွာရွိတဲ့ ပရိသတ္ေတြဆီအေရာက္ ပုိ႔ေပး ေတာ့ မယ္လုိ႔ သိရပါတယ္။ အေခြထဲမွာ ပါဝင္တဲ့ သီခ်င္းေလးေတြကလည္း အရမ္းကုိ ထူးျခားတယ္လုိ႔ သိရပါတယ္။ နန္႔ခ်စ္နဒီေဇာ္ကုိ သူ႔ရဲ႕ ပရိသတ္ေတြက ၂၀၁၃ ခုႏွစ္ အိမ္မက္ဆုံရာ Season 4 မွာကတည္းက အားေပးခဲ့ၾကတာျဖစ္ၿပီး 1 st Runner Up ဆုကုိလည္း ရရွိခဲ့သူျဖစ္ပါတယ္။ သူ႔အေနနဲ႔ အဆုိအပုိင္းမွာသာမက သရုပ္ေဆာင္အပုိင္းနဲ႔ ပတ္သက္ၿပီး ရုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ရုိက္ကူးထားတယ္လုိ႔ သိရပါတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.