• Movie & Music
    လနဲ့ချီပြီး ပြင်ဆင်ရိုက်ကူးခဲ့ရတဲ့ ဥပါဒါန် ရုပ်ရှင်ဇာတ်ကား
Sabal Thwin
[Unicode Version]

9ft -7ft Option1(CMYK).jpg 

ဥပါဒါန် ရုပ်ရှင်က ချစ်ကြိုက်ကွဲညား ဇာတ်လမ်းမျိုးတွေထဲက ကွဲထွက်ပြီး ဗုဒ္ဓဘာသာဝင်တွေ စောင့်ထိန်းအပ်တဲ့၊ ဂရုပြုသင့်တဲ့ အရာတစ်ခုကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဘာသာရေးဇာတ်ကားတစ်ကားဖြစ်လို့ ဖန်တီးသူ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေအတွက်ပါ တာဝန်ကြီးတဲ့အတွက် သေချာပြင်ဆင်ခဲ့ရပုံတွေကို သရုပ်ဆောင်တွေက ပြောပြခဲ့ပါတယ်။

ဥပါဒါန်ဇာတ်ကားထဲမှာ အကောင်းဆုံးကြိုးစားခဲ့တဲ့ နန်းဆုဦး

သရုပ်ဆောင် နန်းဆုဦးက ရဟန်းတစ်ပါးကို သဒ္ဓါလွန်ခဲ့မိပြီး မပြုသင့်မပြုအပ်တာတွေ ပြုခဲ့မိတဲ့ ဒါယိကာမလေးအဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဇာတ်ရဲ့အဓိကကျတဲ့ ကာရိုက်တာကို သရုပ်ဆောင်ရမှာဖြစ်လို့ ဒီဇာတ်ကားမရိုက်ခင်မှာ စိတ်တည်ငြိမ်အောင် တရားထိုင်ခဲ့တယ်လို့ နန်းဆုဦးက ပြောပြခဲ့ပါတယ်။

''ညီမတို့ ဗုဒ္ဓဘာသာအနေနဲ့ ဒီဘာသာရေးနဲ့ ပတ်သက်တာကို ညီမဘက်က တက်နိုင်သလောက် ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်၊ တာဝန်လည်းကြီးတယ်၊ ဇာတ်ကားမရိုက်ခင် ၂ လလောက်အလိုမှာ ညီမတို့ လေ့ကျင့်ရတယ်။ ဇာတ်ကားထဲမှာ အိုက်တင်က အရမ်းပိုသွားရင်လည်းမကောင်းဘူးလေ နည်းနည်းတော့တာဝန်ကြီးတယ်'' လို့လည်း ဆိုပါတယ်။

35.jpg 

သရုပ်ဆောင်သစ်လေး ခိုင်ထူးသာက ဥပါဒါန်ဇာတ်ကားထဲမှာ ဥူးဇင်းလေး ဝဏ္ဏသီရိအဖြစ်ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားရဲ့ အစအလယ်အဆုံး ရဟန်းတစ်ပါးအဖြစ်နဲ့သာ ပါဝင်ထားပြီး ဇာတ်ကားရိုက်နေရင်းမှာပဲ သာသနာ့ဘောင်ကို ၂၇ ရက်ဝင်ခဲ့ရတဲ့အကြောင်း ပြောပြခဲ့ ပါသေးတယ်။

'' ဒီဇာတ်ကားထဲမှာ ဥူးဇင်းလေး ဝဏ္ဏသီရိ ဆိုတဲ့နေရာပေါ့ ဇာတ်လမ်းရဲ့ အစအလယ်အဆုံး ရဟန်းတစ်ပါးနေရာကနေ ပါဝင် သရုပ်ဆောင်ခဲ့တာပါ။ ဒီဇာတ်ကားမှာ ပါဖို့အတွက် ကိုယ်ရင်ဝတ်မလားလို့မေးတော့ ဓာတ်ပုံရှိလားအရင်မေးတယ်၊ ဥူးဇင်းဝတ်နိုင်လားမေးတယ်၊ ပြီးတော့ ဒီဇာတ်လမ်းကိုပြောပြတယ်၊ အိမ်ကမိသားစုကလည်း ကြိုက်ကြတယ်၊ အဲ့ဒါနဲ့ ဘာဖြစ်ဖြစ်ရိုက်မယ် ဆိုပေမယ့် ဥူးဇင်းဝတ်ပြီးသွားလို့ သူကြိုက်မှ ရိုက်မယ်လို့ပြောပြီး ဥူးဇင်း ၂၇ ရက်ဝတ်တယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ စိတ်ကိုစမ်းသပ်တယ်ပေါ့လေ အဲ့ဒီမှာ ကျွန်တော့်ရဲ့ စိတ်ကိုကြိုက်လို့ ရိုက်ဖြစ်သွားတာပါ'' လို့ ဆိုပါတယ်။

24.jpg 

ဒါရိုက်တာဗန်းကြီးက ဥပါဒါန်ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတဲ့အချိန်မှာလည်း ရေနဂါး၊ ကုန်းနဂါးတွေကအစ အကုန်လုံးကို ဝင်ပူးပြီး ပွဲတောင်းတာ ကြုံခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်မှာပဲ ဒီဇာတ်ကားရိုက်နေတဲ့ တစ်လျှောက်လုံး နဂါးတွေက စောင့်ရှောက်နေတယ်ဆိုတာကို သိခဲ့ရတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

''ဒီဇာတ်ကားရိုက်ဖို့ ဖြစ်လာတော့လည်း စပူးလာတာ အဲ့ဒီတုန်းကလည်း နဂါးဆိုတာ သိတော့သိတာပေါ့နော်၊ အဲ့ဒီကနေ ဇာတ်လမ်း ရိုက်ဖို့ဖြစ်လာခဲ့တယ်။ ဇာတ်ကားကန်တော့ပွဲပေးတုန်းကလည်းဖြစ်တယ်၊ ဇာတ်ကားရိုက်နေတဲ့အချိန်မှာလည်းဖြစ်တယ်။ အဲ့ဒီမှာ ရေနဂါးတွေရော၊ ကုန်းနဂါးတွေရော၊ အကုန်လုံးပဲ ပွဲတွေတောင်းကြတာ တစ်ခါကြုံဖူးတယ် လှိမ့်နေတာပဲ ပူးကြတာ ယောကျ်ားတွေ ကိုပါ ပူးတာ၊ အဲ့ဒီလို ဖြစ်ခဲ့ဖူးတယ်။ ဒီဇာတ်ကားအတွက် သူတို့တွေစောင့်ရှောက်တယ်ဆိုတာ ကျွန်တော်သိသွားပြီလေ ဇာတ်ကား ပြီးသွားလို့ ရုံရက်ရတော့ သူတို့အတွက် အဓိဌာန်တွေဝင်ပြီးတော့ အမျှအတမ်းတွေ သွားဝေပြီး မယ်တော့်ကို ဝင်ကန်တော့်တဲ့ အချိန် မှာလည်း ဝင်ပူးတယ်'' လို့ ဆိုပါတယ်။

6ft - 3ft Option1.jpg 

ဥပါဒါန်ရုပ်ရှင်ဇာတ်ကားကြီးကို ဇေယျာရွှေပြည်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာဗန်းကြီးက ရိုက်ကူးပုံဖော် ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို မေလ ၁၈  ရက်နေ့ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ စတင်ပြသသွားမယ်လို့ သိရပါတယ်။ ဥပါဒါန်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် ခိုင်ထူးသာ၊ ဇာတိ၊ နန်းဆုဦး၊ မေသဉ္ဇာဦး၊ ခင်ဇာခြည်ကျော်၊ ချိုပြုံး၊ ငြိမ်းချမ်း၊ မျိုးမျိုးခိုင် နဲ့ မေပိုင်စိုး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

 

Photo: ဥပါဒါန်ဖေ့စ်ဘွတ်ပေ့ချ်

[Zawgyi Version]

ဥပါဒါန္ ႐ုပ္ရွင္က ခ်စ္ႀကိဳက္ကြဲညား ဇာတ္လမ္းမ်ဳိးေတြထဲက ကြဲထြက္ၿပီး ဗုဒၶဘာသာဝင္ေတြ ေစာင့္ထိန္းအပ္တဲ့၊ ဂ႐ုျပဳသင့္တဲ့ အရာတစ္ခုကို ဇာတ္အိမ္ဖြဲ႕ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ကားတစ္ကားျဖစ္ပါတယ္။ ဘာသာေရးဇာတ္ကားတစ္ကားျဖစ္လို႔ ဖန္တီးသူ ဒါ႐ိုက္တာနဲ႔ သ႐ုပ္ေဆာင္ေတြအတြက္ပါ တာဝန္ႀကီးတဲ့အတြက္ ေသခ်ာျပင္ဆင္ခဲ့ရပံုေတြကို သ႐ုပ္ေဆာင္ေတြက ေျပာျပခဲ့ပါတယ္။

ဥပါဒါန္ဇာတ္ကားထဲမွာ အေကာင္းဆုံးႀကိဳးစားခဲ့တဲ့ နန္းဆုဦး

သ႐ုပ္ေဆာင္ နန္းဆုဦးက ရဟန္းတစ္ပါးကို သဒၶါလြန္ခဲ့မိၿပီး မျပဳသင့္မျပဳအပ္တာေတြ ျပဳခဲ့မိတဲ့ ဒါယိကာမေလးအျဖစ္ ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။ ဇာတ္ရဲ႕အဓိကက်တဲ့ ကာ႐ိုက္တာကို သ႐ုပ္ေဆာင္ရမွာျဖစ္လို႔ ဒီဇာတ္ကားမ႐ိုက္ခင္မွာ စိတ္တည္ၿငိမ္ေအာင္ တရားထုိင္ခဲ့တယ္လို႔ နန္းဆုဦးက ေျပာျပခဲ့ပါတယ္။

''ညီမတုိ႔ ဗုဒၶဘာသာအေနနဲ႔ ဒီဘာသာေရးနဲ႔ ပတ္သက္တာကုိ ညီမဘက္က တက္ႏုိင္သေလာက္ ပါဝင္ခြင့္ရတဲ့အတြက္ ဝမ္းသာပါတယ္၊ တာဝန္လည္းႀကီးတယ္၊ ဇာတ္ကားမရုိက္ခင္ ၂ လေလာက္အလုိမွာ ညီမတုိ႔ ေလ့က်င့္ရတယ္။ ဇာတ္ကားထဲမွာ အုိက္တင္က အရမ္းပုိသြားရင္လည္းမေကာင္းဘူးေလ နည္းနည္းေတာ့တာဝန္ႀကီးတယ္'' လုိ႔လည္း ဆုိပါတယ္။

သ႐ုပ္ေဆာင္သစ္ေလး ခုိင္ထူးသာက ဥပါဒါန္ဇာတ္ကားထဲမွာ ဥဴးဇင္းေလး ဝဏၰသီရိအျဖစ္ပါဝင္သရုပ္ေဆာင္ထားတယ္လုိ႔ သိရပါတယ္။ ဒီဇာတ္ကားရဲ႕ အစအလယ္အဆုံး ရဟန္းတစ္ပါးအျဖစ္နဲ႔သာ ပါဝင္ထားၿပီး ဇာတ္ကားရုိက္ေနရင္းမွာပဲ သာသနာ့ေဘာင္ကို ၂၇ ရက္ဝင္ခဲ့ရတဲ့အေၾကာင္း ေျပာျပခဲ့ ပါေသးတယ္။

'' ဒီဇာတ္ကားထဲမွာ ဥဴးဇင္းေလး ဝဏၰသီရိ ဆုိတဲ့ေနရာေပါ့ ဇာတ္လမ္းရဲ႕ အစအလယ္အဆုံး ရဟန္းတစ္ပါးေနရာကေန ပါဝင္ သရုပ္ေဆာင္ခဲ့တာပါ။ ဒီဇာတ္ကားမွာ ပါဖုိ႔အတြက္ ကုိယ္ရင္ဝတ္မလားလုိ႔ေမးေတာ့ ဓာတ္ပုံရွိလားအရင္ေမးတယ္၊ ဥဴးဇင္းဝတ္ႏုိင္လားေမးတယ္၊ ၿပီးေတာ့ ဒီဇာတ္လမ္းကုိေျပာျပတယ္၊ အိမ္ကမိသားစုကလည္း ႀကိဳက္ၾကတယ္၊ အဲ့ဒါနဲ႔ ဘာျဖစ္ျဖစ္ရုိက္မယ္ ဆုိေပမယ့္ ဥဴးဇင္းဝတ္ၿပီးသြားလုိ႔ သူႀကိဳက္မွ ရုိက္မယ္လုိ႔ေျပာၿပီး ဥဴးဇင္း ၂၇ ရက္ဝတ္တယ္၊ ၿပီးေတာ့ ကၽြန္ေတာ့္ရဲ႕ စိတ္ကုိစမ္းသပ္တယ္ေပါ့ေလ အဲ့ဒီမွာ ကၽြန္ေတာ့္ရဲ႕ စိတ္ကုိႀကိဳက္လုိ႔ ရုိက္ျဖစ္သြားတာပါ'' လုိ႔ ဆုိပါတယ္။

ဒါရုိက္တာဗန္းႀကီးက ဥပါဒါန္ရုပ္ရွင္ဇာတ္ကားႀကီးရုိက္ကူးေနတဲ့အခ်ိန္မွာလည္း ေရနဂါး၊ ကုန္းနဂါးေတြကအစ အကုန္လုံးကုိ ဝင္ပူးၿပီး ပြဲေတာင္းတာ ႀကဳံခဲ့ဖူးတယ္လုိ႔ ဆုိပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ ဒီဇာတ္ကားရုိက္ေနတဲ့ တစ္ေလွ်ာက္လုံး နဂါးေတြက ေစာင့္ေရွာက္ေနတယ္ဆုိတာကုိ သိခဲ့ရတဲ့အေၾကာင္း ေျပာျပခဲ့ပါတယ္။

''ဒီဇာတ္ကားရုိက္ဖုိ႔ ျဖစ္လာေတာ့လည္း စပူးလာတာ အဲ့ဒီတုန္းကလည္း နဂါးဆုိတာ သိေတာ့သိတာေပါ့ေနာ္၊ အဲ့ဒီကေန ဇာတ္လမ္း ရုိက္ဖုိ႔ျဖစ္လာခဲ့တယ္။ ဇာတ္ကားကန္ေတာ့ပြဲေပးတုန္းကလည္းျဖစ္တယ္၊ ဇာတ္ကားရုိက္ေနတဲ့အခ်ိန္မွာလည္းျဖစ္တယ္။ အဲ့ဒီမွာ ေရနဂါးေတြေရာ၊ ကုန္းနဂါးေတြေရာ၊ အကုန္လုံးပဲ ပြဲေတြေတာင္းၾကတာ တစ္ခါႀကဳံဖူးတယ္ လိွမ့္ေနတာပဲ ပူးၾကတာ ေယာက်္ားေတြ ကိုပါ ပူးတာ၊ အဲ့ဒီလုိ ျဖစ္ခဲ့ဖူးတယ္။ ဒီဇာတ္ကားအတြက္ သူတုိ႔ေတြေစာင့္ေရွာက္တယ္ဆုိတာ ကၽြန္ေတာ္သိသြားၿပီေလ ဇာတ္ကား ၿပီးသြားလုိ႔ ရုံရက္ရေတာ့ သူတုိ႔အတြက္ အဓိဌာန္ေတြဝင္ၿပီးေတာ့ အမွ်အတမ္းေတြ သြားေဝၿပီး မယ္ေတာ့္ကုိ ဝင္ကန္ေတာ့္တဲ့ အခ်ိန္ မွာလည္း ဝင္ပူးတယ္'' လုိ႔ ဆုိပါတယ္။

ဥပါဒါန္ရုပ္ရွင္ဇာတ္ကားႀကီးကုိ ေဇယ်ာေရႊျပည္ရုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္ၿပီး ဒါရုိက္တာဗန္းႀကီးက ရုိက္ကူးပုံေဖာ္ ထားတာျဖစ္ပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးကို ေမလ ၁၈  ရက္ေန႔ကစၿပီး ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အဆင့္ျမင့္ရုပ္ရွင္ရုံေတြမွာ စတင္ျပသသြားမယ္လုိ႔ သိရပါတယ္။ ဥပါဒါန္ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ သရုပ္ေဆာင္ ခုိင္ထူးသာ၊ ဇာတိ၊ နန္းဆုဦး၊ ေမသဥၨာဦး၊ ခင္ဇာျခည္ေက်ာ္၊ ခ်ဳိၿပဳံး၊ ျငိမ္းခ်မ္း၊ မ်ဳိးမ်ဳိးခုိင္ နဲ႔ ေမပုိင္စုိး တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။

 

Photo: ဥပါဒါန္ေဖ့စ္ဘြတ္ေပ့ခ်္


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs