• Movie & Music
    ပရိသတ်ရင်ထဲထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်တဲ့ ဥပါဒါန်ရုပ်ရှင်ဇာတ်ကား
Sabal Thwin
[Unicode Version]

24068095_168690393729015_6095766128274508186_n.jpg 

ဥပါဒါန် ရုပ်ရှင်ကားက အစွဲအလမ်းဆိုတာ ဘာအစွဲအလမ်းမှ ထားတာ မကောင်းဘူးဆိုတာကို ပြသရင်း ရဟန်းတစ်ပါးရဲ့ဘဝအကြောင်း စိတ်ဝင်စားဖွယ် တင်ဆက်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဥပါဒါန်ရုပ်ရှင် ဇာတ်ကားနဲ့ ပတ်သက်ပြီး သိရှိသူတွေအတွက် အမြည်းသဘောနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းရဲ့ Plot နဲ့ Review သက်သက်သာဖြစ်ပြီး Spoiler မပါပါဘူးနော်။

22.jpg

ဒီထဲမှာ သရုပ်ဆောင်သစ် ခိုင်ထူးသာက ကြည်ညိုဖွယ်ကောင်းတဲ့ ဥူးဇင်းလေး ဝဏ္ဏသီရိ အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဥူးဇင်းလေးရဲ့ သီလသမာဓိပညာကြောင့် မြင်တဲ့သူတိုင်းကလည်း ကြည်ညိုသဒ္ဓါပွားကြတာပေါ့။ 

ဦးဇင်းကို ကြည်ညိုမိတဲ့သူတွေထဲမှာ  ဘာသာတရားကိုင်းရှိုင်းလွန်းတဲ့ ပြည့်စုံခင် (နန်းဆုဦး) ဆိုတဲ့ မိန်းမပျိုလေးလည်း ပါဝင်ခဲ့တယ်။ ဒါပေမဲ့ ပြည့်စုံခင်ရဲ့ ကြည်ညိုံသဒ္ဓါပွားများမှုက အလွန်အကျူးဖြစ်လာတာကြောင့် ဥူးဇင်းလေးမှာ အတော်လေး အခက်တွေ့ရတယ်။ တခြားသူတွေရဲ့ အထင်အမြင်လွဲမှားမှုတွေ ကြုံတွေ့ရတယ်။

72.jpg

ပြည့်စုံခင်ကလည်း ဘယ်သူမှ တားလို့မရအောင် ကြည်ညိုသဒ္ဓါတွေလွန်ပြီး အမြဲတမ်း ဥူးဇင်းလေးအတွက်ပဲ စိတ်ရောက်နေတယ်ပေါ့။ ဒီလို အခြေအနေမျိုးမှာ ဥူးဇင်းလေး ဘယ်လိုဖြေရှင်းမလဲ၊ ပြည့်စုံခင်ကရော ဘယ်လိုတွေ သဒ္ဓါလွန်မိသလဲဆိုတာကို ပိတ်ကားပေါ်မှာ ကြည့်ရှုကြည့်လိုက်ပါနော်။

9ft -7ft Option1(CMYK).jpg

လနဲ့ချီပြီး ပြင်ဆင်ရိုက်ကူးခဲ့ရတဲ့ ဥပါဒါန် ရုပ်ရှင်ဇာတ်ကား 

ဥပါဒါန် ရုပ်ရှင်ကားကို မှတ်ချက်ပေးရမယ်ဆိုရင်တော့ ဘာသာရေးကားဖြစ်ပေမဲ့ ထင်ထားသလို ပျင်းစရာမကောင်းဘဲ အစကနေ အဆုံးအထိ ပရိသတ်ကို ဆွဲခေါ်သွားနိုင်ပါတယ်။ ဒါ့အပြင် ဝါရင့်သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ ပီပြင်လွန်းတဲ့ သရုပ်ဆောင်မှုတွေကလည်း ပရိသတ် ရင်ကို ထိရှစေခဲ့ပါတယ်။

သရုပ်ဆောင်သစ် ခိုင်ထူးသာကတော့ ဒီဇာတ်ကားရဲ့ အဓိကနေရာယူထားရတဲ့အပြင် ကြည်ညိုလေးစားဖွယ် ရဟန်းတစ်ပါးအဖြစ် သရုပ်ဆောင်ရတဲ့အတွက် တာဝန်အလွန်ကြီးပါတယ်။ ဒါပေမဲ့ ထူးထူးခြားခြားပဲ သူ့ရဲ့သရုပ်ဆောင်မှုတွေက အပိုအလိုမရှိတဲ့အပြင် သူ့ရဲ့သွင်ပြင်က သိက္ခာသမာဓိရှိတဲ့ ရဟန်းတစ်ပါးအသွင် ရှိနေတာကို တွေ့ရပါတယ်။

35.jpg

နန်းဆုဦးကလည်း သူ့ရဲ့သရုပ်ဆောင်နေကျ ကာရိုက်တာနဲ့ လုံးဝကွဲပြားသွားတဲ့ ကာရိုက်တာသစ်တစ်ခုကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။

ဒီဇာတ်ကားကို မေလ ၁၈ ရက်နေ့မှာစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြှင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားတော့မှာပါ။ ဥပါဒါန် ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် ခိုင်ထူးသာ၊ ဇာတိ၊ နန်းဆုဦး၊ မေသဉ္ဇာဦး၊ ခင်ဇာခြည် ကျော်၊ ချိုပြုံး၊ ငြိမ်းချမ်း၊ မျိုးမျိုးခိုင် နဲ့ မေပိုင်စိုး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Photo: ဥပါဒါန်ရုပ်ရှင်

[Zawgyi Version]

ဥပါဒါန္ ႐ုပ္ရွင္ကားက အစြဲအလမ္းဆုိတာ ဘာအစြဲအလမ္းမွ ထားတာ မေကာင္းဘူးဆိုတာကို ျပသရင္း ရဟန္းတစ္ပါးရဲ႕ဘ၀အေၾကာင္း စိတ္ဝင္စားဖြယ္ တင္ဆက္ထားတဲ့ ဇာတ္ကားပဲျဖစ္ပါတယ္။ ဥပါဒါန္ရုပ္ရွင္ ဇာတ္ကားနဲ႔ ပတ္သက္ၿပီး သိရွိသူေတြအတြက္ အျမည္းသေဘာနဲ႔ တင္ဆက္ေပးလိုက္ပါတယ္။ ဇာတ္လမ္းရဲ႕ Plot နဲ႔ Review သက္သက္သာျဖစ္ၿပီး Spoiler မပါပါဘူးေနာ္။

ဒီထဲမွာ သ႐ုပ္ေဆာင္သစ္ ခုိင္ထူးသာက ၾကည္ညိဳဖြယ္ေကာင္းတဲ့ ဥဴးဇင္းေလး ဝဏၰသီရိ အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဥဴးဇင္းေလးရဲ႕ သီလသမာဓိပညာေၾကာင့္ ျမင္တဲ့သူတုိင္းကလည္း ၾကည္ညိဳသဒၶါပြားၾကတာေပါ့။ 

ဦးဇင္းကို ၾကည္ညိဳမိတဲ့သူေတြထဲမွာ  ဘာသာတရားကိုင္း႐ိႈင္းလြန္းတဲ့ ျပည့္စံုခင္ (နန္းဆုဦး) ဆုိတဲ့ မိန္းမပ်ဳိေလးလည္း ပါဝင္ခဲ့တယ္။ ဒါေပမဲ့ ျပည့္စံုခင္ရဲ႕ ၾကည္ညႎဳသဒၶါပြားမ်ားမႈက အလြန္အက်ဴးျဖစ္လာတာေၾကာင့္ ဥဴးဇင္းေလးမွာ အေတာ္ေလး အခက္ေတြ႕ရတယ္။ တျခားသူေတြရဲ႕ အထင္အျမင္လြဲမွားမႈေတြ ၾကံဳေတြ႕ရတယ္။

ျပည့္စံုခင္ကလည္း ဘယ္သူမွ တားလို႔မရေအာင္ ၾကည္ညိဳသဒၶါေတြလြန္ၿပီး အျမဲတမ္း ဥဴးဇင္းေလးအတြက္ပဲ စိတ္ေရာက္ေနတယ္ေပါ့။ ဒီလို အေျခအေနမ်ဳိးမွာ ဥဴးဇင္းေလး ဘယ္လိုေျဖရွင္းမလဲ၊ ျပည့္စံုခင္ကေရာ ဘယ္လိုေတြ သဒၶါလြန္မိသလဲဆုိတာကို ပိတ္ကားေပၚမွာ ၾကည့္႐ႈၾကည့္လုိက္ပါေနာ္။

လနဲ႔ခ်ီၿပီး ျပင္ဆင္႐ိုက္ကူးခဲ့ရတဲ့ ဥပါဒါန္ ရုပ္ရွင္ဇာတ္ကား 

ဥပါဒါန္ ႐ုပ္ရွင္ကားကို မွတ္ခ်က္ေပးရမယ္ဆုိရင္ေတာ့ ဘာသာေရးကားျဖစ္ေပမဲ့ ထင္ထားသလို ပ်င္းစရာမေကာင္းဘဲ အစကေန အဆံုးအထိ ပရိသတ္ကို ဆြဲေခၚသြားႏိုင္ပါတယ္။ ဒါ့အျပင္ ဝါရင့္သ႐ုပ္ေဆာင္ ခင္ဇာျခည္ေက်ာ္ရဲ႕ ပီျပင္လြန္းတဲ့ သ႐ုပ္ေဆာင္မႈေတြကလည္း ပရိသတ္ ရင္ကို ထိရွေစခဲ့ပါတယ္။

သ႐ုပ္ေဆာင္သစ္ ခိုင္ထူးသာကေတာ့ ဒီဇာတ္ကားရဲ႕ အဓိကေနရာယူထားရတဲ့အျပင္ ၾကည္ညိဳေလးစားဖြယ္ ရဟန္းတစ္ပါးအျဖစ္ သ႐ုပ္ေဆာင္ရတဲ့အတြက္ တာဝန္အလြန္ႀကီးပါတယ္။ ဒါေပမဲ့ ထူးထူးျခားျခားပဲ သူ႔ရဲ႕သ႐ုပ္ေဆာင္မႈေတြက အပိုအလိုမရွိတဲ့အျပင္ သူ႔ရဲ႕သြင္ျပင္က သိကၡာသမာဓိရွိတဲ့ ရဟန္းတစ္ပါးအသြင္ ရွိေနတာကို ေတြ႕ရပါတယ္။

နန္းဆုဦးကလည္း သူ႔ရဲ႕သ႐ုပ္ေဆာင္ေနက် ကာ႐ိုက္တာနဲ႔ လံုးဝကြဲျပားသြားတဲ့ ကာ႐ိုက္တာသစ္တစ္ခုကို ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏုိင္တာ ေတြ႕ရပါတယ္။

ဒီဇာတ္ကားကုိ ေမလ ၁၈ ရက္ေန႔မွာစၿပီး ျမန္မာတစ္ႏုိင္ငံလုံးမွာရွိတဲ့ အဆင့္ျမွင့္ရုပ္ရွင္ရုံေတြမွာ ရုံတင္ျပသသြားေတာ့မွာပါ။ ဥပါဒါန္ ရုပ္ရွင္ဇာတ္ကားထဲမွာ သရုပ္ေဆာင္ ခုိင္ထူးသာ၊ ဇာတိ၊ နန္းဆုဦး၊ ေမသဥၨာဦး၊ ခင္ဇာျခည္ ေက်ာ္၊ ခ်ဳိၿပဳံး၊ ျငိမ္းခ်မ္း၊ မ်ဳိးမ်ဳိးခုိင္ နဲ႔ ေမပုိင္စုိး တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။

Photo: ဥပါဒါန္ရုပ္ရွင္


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs