ဒရာမာဇာတ်ရုပ်နဲ့ ကိုမြင့်မြတ်က ဒီ သစ္စာနန်းတော် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်တွေရဲ့ မျက်ရည်ကို ဘယ်လိုချွေပြမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

သားသမီးနဲ့ မိဘ ၊ ချစ်သူတွေကြားက ချစ်ခြင်း မေတ္တာတရား ကို လှလှပပ ရိုက်ကူးပုံဖော်ထားတဲ့ ဒရာမာ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ သစ္စာနန်းတော်ရုပ်ရှင်ဇာတ်ကားကြီး မကြာမီရုပ်ရှင်ချစ်ပရိသတ်တွေ ရှေ့ရောက်လာတော့မယ်လို့ သိရပါတယ်။



“သစ္စာနန်းတော်” ဇာတ်ကားမှာ သစ္စာတရားကို အသက်ထက် တန်ဖိုးထားတဲ့ မြန်မာမိန်းကလေး တစ်ယောက်ရဲ့ ခံယူချက်၊ မိဘတွေရဲ့ သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ ၊ ချစ်သူချင်း ညှိနှိုင်းတိုင်ပင် တာမရှိရင် ပြဿ    နာတွေဝင်လာတဲ့အခါမှာ ကိုယ့်အတ္တကိုပဲကိုယ်ရှေ့တန်းတင်မိတတ်တဲ့အကြောင်း စတဲ့...  စိတ်ခံစားချက်တွေကို ပေါ်လွင်အောင်ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ 

ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ မြင့်မြတ် ၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ ရွှေမှုံရတီ၊ ဆုမြတ်နိုးဦး တို့နဲ့အတူ သရုပ်ဆောင်များစွာတို့ရဲ့ အားပြိုင်သရုပ်ဆောင်မှုတွေကိုတဝကြီး ရှု့စားကြရမယ်လို့ သိရပါတယ်။

ဒရာမာဇာတ်ရုပ်နဲ့ ကိုမြင့်မြတ်က ဒီ သစ္စာနန်းတော် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်တွေရဲ့ မျက်ရည်ကို ဘယ်လိုချွေပြမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။

ဒီလိုစိတ်ဝင်စားစရာတွေအပြည့်နဲ့ သစ္စာနန်းတော်ရုပ်ရှင်ဇာတ်ကားကြီးကို ဧပြီလ ၁၇ ရက်၊မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာပါ။

ဒါကြောင့် ဒရာမာရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ သစ္စာနန်းတော်ရုပ်ရှင်ဇာတ်ကားကြီးရုံတင်တဲ့အချိန်မှာ လက်မလွတ်တမ်း  စောင့်ကြည့်နိုင်ဖို့သတင်းကောင်းပါးလိုက်ပါတယ်။



က္က