အလှမယ်လည်း လုပ်ခိုင်းမယ်။
Sabal Thwin

အဆိုတော် သားစိုးရဲ့ သားဖြစ်သူ ထက်အာကာစိုး ကတော့ သီချင်းလည်းဆိုမယ်၊ သရုပ်ဆောင်လည်း လုပ်မယ်ဆိုပြီးတော့ အနုပညာအလုပ်တွေနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်ကို ပြောပြလာပါတယ်။ ညီမလေးကိုတော့ အလှမယ် လုပ်ခိုင်းမှာပါတဲ့။

Photo: Thxa Soe

အဆိုတော် သားစိုးရဲ့ ဂီတအမွေကို ဆက်ခံမယ့် ထက်အာကာစိုး(ခ) ပန်းသီး ကတော့ အနုပညာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ရည်ရွယ်ချက်ကို ပြောပြလာပါတယ်။ သူ့ရဲ့ ညီမလေးကိုတော့ အလှမယ်လုပ်ခိုင်းမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ သားက ရုပ်ရှင်ရော၊ ဂီတရောလုပ်သွားမှာပါ။ သားရဲ့ ညီမလေးကို Miss လုပ်ခိုင်းမယ်။ ပြီးရင်တော့ သားက ဂီတနဲ့ ပတ်သက်တာတွေ သူ့ကို သင်ပေးမှာပေါ့။ ပရိသတ်တွေကလည်း အခု သားရဲ့ သီချင်းတွေကို အားပေးကြပါဦး။ သားညီမလေးကိုလည်း ကြီးလာရင် သီချင်းတွေ ထုတ်ပေးမှာပါ’’ ဆိုပြီးတော့ နိုဝင်ဘာလ ၂ ရက်နေ့ မနက်က ‘’ရောသမမွှေ’’ရုပ်ရှင်ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Thxa Soe

ပန်းသီးကတော့ ဖခင်ဖြစ်တဲ့ သားစိုးနဲ့ တွဲပြီး သီချင်းအခွေထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။ သူကတော့ သီချင်း ၂ ပုဒ် ပါဝင်သီဆိုထားပါတယ်တဲ့။

‘’ သားရဲ့ အခွေချည်းပဲလည်းမဟုတ်ဘူး။ သား အဖေရဲ့ သီချင်းအသစ်တွေလည်းပါမယ်။ ဖေဖေ က သီချင်း ၃ ပုဒ်၊ သားက ‘’အသည်းလေးတွေ ပေး’’ ဆိုတဲ့ သီချင်းလေးလည်း ဆိုထားတယ်။ သီချင်း အေးအေးလေးတွေလည်း ဆိုထားတယ်။ ဘယ်လို သီချင်းပဲ ဖြစ်ဖြစ် သားက ဆိုမှာပါ။ သား အဖေကတော့ ဂစ်တာနဲ့ သီချင်းဆိုမယ် ဆိုရင် ဘယ်လိုပုံစံဆိုရတယ်၊ မိုက်ကို ဘယ်လို ကိုင်ရတယ်ဆိုတာတွေတော့ သင်ပြ၊ ပြောပြပေးပါတယ်’’ လို့ ဆိုပါတယ်။

Photo: Thxa Soe

ထက်အာကာစိုးဟာ သားစိုးရဲ့ သား ဖြစ်တာကြောင့်လည်း အနုပညာအလုပ်ကို ဝါသနာပါတယ်လို့ဆိုပါတယ်။ ဖေဖေ့ထက် ပိုတော်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ရမယ်လို့လည်း ထက်အာကာစိုးက အခုလို ပြောပြလာပါတယ်။

‘’ သားက အဆိုတော်၊ မင်းသားဖြစ်ချင်တာ။ ဘာဖြစ်လို့လည်း ဆိုတော့ သားရဲ့ အဖေက အဆိုတော်ဖြစ်နေလို့ သူ့ထက်မြင့်အောင် သားက အဆိုတော်၊ မင်းသားဖြစ်အောင် လုပ်မှာပေါ့။ ဖေဖေ့ကို ရိုးသွားပြီဆိုတော့ သားကိုပဲ ကြိုက်ကြမှာလေ အဲဒါကြောင့် ပိုအဆင့်မြင့်အောင် လုပ်လိုက်တာ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ရက်နေ့က SSC Woman Centerမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Thxa Soe

ထက်အာကာစိုးက ၂၀၁၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ အသက် ၇ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ ဖေဖေ သားစိုး ဆီက ဂီတပညာတွေ သင်ယူနေရင်းက တစ်ကိုယ်တော် သီချင်းအခွေ ထွက်ဖို့လည်း ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဂီတ နဲ့ ပတ်သက်ပြီး ပီယာနိုလည်း ကောင်းကောင်း တီးနိုင်ပြီလို့ ဖေဖေ သားစိုးက အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က