၂၀၂၀ ခုနှစ် ဧပြီလမှာ ရုံတင်ပြသသွားမှာပါ။

နာမည်ကြီး James Bond ရုပ်ရှင်ဇာတ်ကားတွေမှာ အဓိကဇာတ်ကောင် MI6 လျှို့ဝှက်အေးဂျင့်ဂျိမ်းစ်ဘွန်းရဲ့ အေးဂျင့်ကုတ်နံပါတ် 007 ကို လူမည်းအမျိုးသမီးအေးဂျင့်က ဆက်ခံထားခဲ့တယ်လို့ ဆိုပါတယ်။

(ဂျမေကာမှာတွေရသည့် ခရိတ်ဂျ်၊ နာအိုမီဟာရစ်နဲ့ လက်ရှ်ဟန်နာ) (Photo: Gilbert Bellamy/Reuters)

လက်ရှိ အီတလီနဲ့ဗြိတိန်နိုင်ငံတွေမှာ ရိုက်ကူးနေတဲ့ James Bond ဇာတ်ကားတွဲရဲ့ ၂၅ ခုမြောက် ဇာတ်ကားထဲမှာ ဂျိမ်းစ်ဘွန်းရဲ့ အေးဂျင့်နံပါတ် 007 ကို လွှဲပြောင်းရယူထားသူ လူမည်းအမျိုးသမီးအေးဂျင့် နိုမီ (Nomi) အဖြစ် ဗြိတိန်မင်းသမီး လက်ရှ်ဟန်နာလင့်ချ် (Lashana Lynch) က ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

နိုမီက ဂျိမ်းစ်ဘွန်းအသစ် ဖြစ်လာတာမျိုး မဟုတ်ဘဲ MI6 ကနေ ဂျိမ်းစ်ဘွန်း အနားယူသွားပြီးနောက် ၎င်းရဲ့ လျှို့ဝှက်အေးဂျင်နံပါတ် 007 ကို ဆက်ခံတာဖြစ်တယ်လို့ Daily Mail သတင်းက ဖော်ပြပါတယ်။ ၂၅ ခုမြောက် James Bond ရုပ်ရှင်ဇာတ်လမ်းမှာ ဂျိမ်းစ်ဘွန်းက MI6 ကနေ အနားယူသွားပြီး ဂျမေကာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဇာတ်ဝင်ခန်းဖြင့် စတင်ထားတယ်လို့ ဆိုပါတယ်။

(ဗြိတိန်မင်းသမီး လက်ရှ်ဟန်နာလင့်ချ်) (Photo: Matrix Picures)

ဒါပေမဲ့ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်နေတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းရန်အတွက် MI6 အကြီးအကဲနဲ့ ဂျိမ်းစ်ဘွန်းရဲ့အထက်အရာရှိ M က ၎င်းကိုပြန်ခေါ်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ အစပိုင်းမှာတွေ့ရတဲ့ အဓိက ဇာတ်ဝင်ခန်းတစ်ခုအရ MI6 အကြီးအကဲ M က 'ဝင်လာခဲ့ပါ 007' လို့ ပြောလိုက်ရာမှာ နိုမီအဖြစ် သရုပ်ဆောင်ထားတဲ့ လူမည်းမင်းသမီး လက်ရှ်ဟန်နာ လမ်းလျှောက်ဝင်လာတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီပြကွက်ကို ကြည့်ခြင်းအားဖြင့် လူမည်းအမျိုးသမီးအေးဂျင့် နိုမီက ဂျိမ်းစ်ဘွန်းရဲ့ MI6 အေးဂျင့်နံပါတ် 007 ကို ဆက်ခံထားတယ် ပြောရမှာဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်းကတော့ ဂျိမ်းစ်ဘွန်းအဖြစ်သာ ဆက်ရှိနေပြီး သူ့ရဲ့ အေးဂျင့်နံပါတ်ကို နိုမီက ဆက်ခံရယူခဲ့တဲ့သဘော ဖြစ်ပါတယ်။

(James Bond ဇာတ်ကားထဲမှ ဒန်နီရယ်ခရိတ်ဂျ်) (Photo: Insider)

၂၅ ခုမြောက် James Bond ဇာတ်ကားမှာ မင်းသား ဒန်နီရယ်ခရိတ်ဂျ် ဂျိမ်းစ်ဘွန်းအဖြစ် ဆက်လက် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ယခုဇာတ်ကားဟာ ဒန်နီရယ်ခရိတ်ချ် ပါဝင်သရုပ်ဆောင်တဲ့ ပဉ္စမမြောက် James Bond ဇာတ်ကားလည်း ဖြစ်ပါတယ်။

007 နံပါတ်ကို ဂျိမ်းစ်ဘွန်းထံမှ ဆက်ခံရယူခဲ့သူ အေးဂျင့်နိုမီအဖြစ် ပါဝင်သရုပ်ဆောင်တဲ့ အသက် ၃၁ နှစ်အရွယ် လူမည်းမင်းသမီး လက်ရှ်ဟန်နာကတော့ ယခုနှစ် အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ Captain Marvel ဇာတ်ကားထဲမှာ လေယာဉ်မှူး Maria Rambeau ဇာတ်ကောင်အဖြစ် လူသိများပါတယ်။

(Captain Marvel ဇာတ်ကားထဲမှ လက်ရှ်ဟန်နာ) (Photo: Insider)

နာမည်ကြီး James Bond ဇာတ်ကားတွဲတွေကို ၁၉၆၂ ခုနှစ်မှာ Dr. No ဇာတ်ကားအမည်ဖြင့် စတင်ရိုက်ကူး ထုတ်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိ ရိုက်ကူးနေတဲ့ ဇာတ်ကားကတော့ ၂၅ ကားမြောက် ဖြစ်ပါတယ်။ ၂၅ ခုမြောက် James Bond ဇာတ်ကားကို Bond 25 လို့ လတ်တလော နာမည်ပေးထားပြီး လာမယ့် ၂၀၂၀ ခုနှစ် ဧပြီလအတွင်း ရုံတင်ပြသနိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။



Share

Loading Next Article...
က္က