Rami Malek က အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့ပါတယ်။

Green Book က အကောင်းဆုံး ရုပ်ရှင်ကားဆု၊ Rami Malek က Bohemian Rhapsody ရုပ်ရှင်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊ Olivia Colman က The Favourite ရုပ်ရှင်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတို့ကို ရရှိခဲ့ပါတယ်။

Photo - Oscar.go.com

၂၀၁၉ ဖေဖော်ဝါရီလ ၂၄ ရက်ညက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့ဆန်းဂျလိစ်မြို့ရှိ Dolby Theatre မှာ ၉၁ ကြိမ်မြောက် အော်စကာဆုပေးပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Bohemian Rhapsody က ဆုပေါင်း ၄ ဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး Black Panther နဲ့ Roma က ဆု ၃ ဆုဆီ ရရှိခဲ့ကြောင်း Oscar.go.com မှာ ဖော်ပြထားချက်အရ သိရပါတယ်။

Bohemian Rhapsody ဇာတ်ကားနဲ့ ရရှိခဲ့တဲ့ အော်စကာဆု ၄ ဆုက အမျိုးသားဇာတ်ဆောင်ဆု (Rami Malek) ၊ အသံပေါင်းစပ်မှုဆု (John Casali, Tim Cavagin and Paul Massey) ၊ ရုပ်ရှင်တည်းဖြတ်ဆု

(John Ottman) နဲ့ အသံတည်းဖြတ်ဆု (Nina Hartstone and John Warhurst) တို့ ဖြစ်ပါတယ်။

Bohemian Rhapsody ဇာတ်ကားနဲ့ အမျိုးသား ဇာတ်ဆောင်ဆု ရရှိခဲ့တဲ့ Rami Malek (Photo - oscar.go.com)

Black Panther က နောက်ခံတေးဂီတဆု၊ အဝတ်အစားဒီဇိုင်းဆု၊ ထုတ်လုပ်ရေးဒီဇိုင်းဆုတို့ကို ရရှိခဲ့ပြီး Roma က ဒါရိုက်တာဆု၊ နိုင်ငံခြားဘာသာစကားရုပ်ရှင်ဆု၊ ရုပ်ရှင်ရိုက်ကူးမှုဆုတွေကို အသီးသီး ဆွတ်ခူးခဲ့ပါတယ်။


(ဝဲမှ ယာ) အမျိုးသမီးဇာတ်ဆောင်ဆုရ Olivia Colman ၊ အမျိုးသားဇာတ်ပို့ဆုရ Mahershala Ali နှင့် အမျိုးသမီးဇာတ်ပို့ဆုရ Regina King (Photo - Oscar.go.com)

၂၀၁၉ ခုနှစ် အော်စကာဆုပေးပွဲ ဆုစာရင်း

Best Picture (အကောင်းဆုံးရုပ်ရှင်ကားဆု)

“Green Book”

Director: (ဒါရိုက်တာဆု)

Alfonso Cuarón, “Roma”

Actor: (အမျိုးသားဇာတ်ဆောင်ဆု)

Rami Malek, “Bohemian Rhapsody”

Actress: (အမျိုးသမီးဇာတ်ဆောင်ဆု)

Olivia Colman, “The Favourite”

Supporting Actor: (အမျိုးသားဇာတ်ပို့ဆု)

Mahershala Ali, “Green Book”

Supporting Actress: (အမျိုးသမီးဇာတ်ပို့ဆု)

Regina King, “If Beale Street Could Talk”

Original Screenplay: (မူရင်း ဇာတ်ညွှန်းဆု)

“Green Book”

Adapted Screenplay: (မူရင်းမှ ပြန်လည်ပြင်ဆင်ထားသော ဇာတ်ညွှန်းဆု)

“BlackKklansman”

Foreign Language Film: (အင်္ဂလိပ်စကားပြောမဟုတ်သော နိုင်ငံခြားဘာသာစကား ရုပ်ရှင်ဆု)

“Roma”

Animated Feature: (Amination ဇာတ်ကားဆု)

“Spider-Man: Into the Spider-Verse”

Sound Editing: (အသံတည်းဖြတ်ဆု)

“Bohemian Rhapsody”

Visual Effects:

“First Man”

Film Editing: (ရုပ်ရှင်တည်းဖြတ်ဆု)

“Bohemian Rhapsody”

Animated Short: (Animation ဇာတ်လမ်းတိုဆု)

“Bao”

Live Action Short: (သက်ရှိနဲ့ ကာတွန်း ရောနှော ဇာတ်လမ်းတိုဆု)

“Skin”

Documentary Short: (မှတ်တမ်းဇာတ်လမ်းတိုဆု)

“Period. End of Sentence.”

Original Score: (နောက်ခံတေးဂီတဆု)

“Black Panther”

Original Song: (ဇာတ်ဝင်တေးဆု)

“Shallow” from “A Star Is Born”

Production Design: (ထုတ်လုပ်ရေးဒီဇိုင်းဆု)

“Black Panther”

Cinematography: (ရုပ်ရှင်ရိုက်ကူးရေးဆု)

“Roma”

Costume Design: (အဝတ်အစားဒီဇိုင်းဆု)

“Black Panther”

Makeup and Hairstyling: (မိတ်ကပ်နှင့် ဆံပင်ပုံစံဆု)

“Vice”



က္က