မကြည့်ရသေးသူ တွေအတွက် မကြာခင်လာတော့မယ့် Final Season (Season 8 ) ကိုသူများတွေနဲ့အတူရင်ခုန်လို့ရအောင် မိတ်ဆက်အနေနဲ့ဖော်ပြပေးချင်ပါတယ်။

Games of Thrones ဇာတ်လမ်းတွဲကို ကိုယ်တိုင်မကြည့်ဖူးရင်တောင် တော်တော်များများက နာမည်ကို ကြားဖူး၊မြင်ဖူးနေကြမယ်ထင်ပါတယ်။ အမေရိကန်သမ္မတဟောင်းအိုဘားမားလို ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ အပါအဝင် တစ်ကမ္ဘာလုံးကပရိသတ်တွေ သည်းသည်းလှုပ်ဖြစ်နေတဲ့ဒီဇာတ်လမ်းတွဲကို မကြည့်ရသေးသူ တွေအတွက် မကြာခင်လာတော့မယ့် Final Season (Season 8 ) ကိုသူများတွေနဲ့အတူရင်ခုန်လို့ရအောင် မိတ်ဆက်အနေနဲ့ဖော်ပြပေးချင်ပါတယ်။ စောင့်မျှော်နေကြတဲ့ GoT ရဲ့ ဒီနောက်ဆံုံး Season ကို အချိန်နဲ့ တစ်ပြေးညီ Cookie TV မှာကြည့်ရှုနိုင်တယ်လို့လဲသိရလို့ အောက်ဆုံးမှာ Info လေးတွေပေးထားပါတယ်။ Season 1 က Spoiler အနည်းငယ်ပါနိုင်ပေမယ့် တတ်နိုင်သလောက် spoil မဖြစ်အောင် ရေးထားပါတယ်။

ဇာတ်လမ်း

Westeros

Game of Thrones ဟာ စာရေးဆရာကြီး George R. R. Martin ရဲ့ A Song of Ice and Fire စာအုပ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပါတယ်။ Westeros နဲ့ Essos ဆိုတဲ့ တိုက်ကြီးနှစ်တိုက် (two continents) မှာ ဇာတ်အိမ်တည်ပြီး ဇာတ်လမ်းအများစုက Westeros ပြည်ကြီးမှာ ဖြစ်ပါတယ်။ Westeros ပြည်ကြီးဟာ မြန်မာလိုခေါ်ရရင် ခုနစ်ပြည်ထောင်မင်းတွေနဲ့ တည်ထောင်ထားတဲ့ နိုင်ငံတော်ကြီးလို့ ပြောရမှာပါ။ နိုင်ငံကို ဖွဲ့စည်းထားတဲ့ House ကြီး (၇) ခုရှိတယ်။ သူတို့လက်အောက်မှာ House အသေးလေးတွေ အများကြီးရှိတယ်။ House တစ်ခုနဲ့တစ်ခုက နေရာဒေသကွဲသလို ရိုးရာ ဓလေ့ထုံးစံ၊ ကိုးကွယ်တဲ့ဘာသာ၊ အကျင့်စရိုက် အကုန်ကွဲပြားတယ်။ Game of Thrones ဇာတ်လမ်းစတဲ့အချိန်မှာတော့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ Royal House က House Baratheon ဖြစ်ပါတယ်။ ဘုရင်က Robert Baratheon ပါ။ တိုင်းပြည်မှာ အင်အားအကြီးဆုံးနဲ့ အချမ်းသာဆုံး အိမ်တော်တစ်ခုဖြစ်တဲ့ House Lannister က အရှင်သခင်ရဲ့ သမီး Cersei Lannister နဲ့ ယူထားပြီး ကလေး ၃ ယောက်ရထားတယ်။ ဘုရင်ရဲ့လက်ရုံး၊ ရှင်းရှင်းပြောရရင် သူမလုပ်သမျှ အကုန်လိုက်လုပ်ပေးရတဲ့ ဝန်ကြီးချုပ်လိုလိုရာထူးဖြစ်တဲ့ The Hand ရုတ်တရက် ဆုံးပါးသွားတယ်။ အဲဒီမှာ ဘုရင်ကြီး Robert က The Hand ဟာ အသတ်ခံရတယ်လို့ လုံးဝယုံကြည်တယ်။ ဘေးမှာ ဘယ်သူက သူ့ဘက်ကလည်း၊ သူ့ကိုသစ္စာဖေါက်မလဲဆိုပြီး မသေချာတော့တဲ့အခါ မြောက်ပိုင်းက House Stark ကို သွားတယ်။ သူနဲ့ ညီအကိုလို ခင်ရတဲ့ House Stark အိမ်တော်အရှင်သခင် Eddark Stark ကို သူ့ဆီမှာ The Hand အဖြစ် တာဝန်ထမ်းဆောင်ဖို့ အကူအညီတောင်းခဲ့တယ်။ မိသားစုကို မခွဲချင်ပေမဲ့ Eddark Stark က ဘုရင်ကြီး လုံခြုံမှုအတွက်ဆိုပြီး နေပြည်တော်ဖြစ်တဲ့ King's Landing ကို သွားရောက် တာဝန်ထမ်းဆောင်ခဲ့တယ်။ တာဝန်ထမ်းဆောင်နေတဲ့အချိန် Eddark Stark ဟာ ဘုရင့်အကြီးဆုံးသားဖြစ်သူ အိမ်ရှေ့မင်းသား Joffrey Baratheon ဟာ ဘုရင်ကြီးနဲ့ မိဖုရားကြီးတို့ရဲ့ သွေးသားအရင်းမဟုတ်ဘဲ မိဖုရားကြီးနဲ့ သူ့အမြွှာမောင်နှမတော်တဲ့ Jaime Lannister တို့ မောင်နှမချင်း ရထားတယ်ဆိုတာ သွားတွေ့ပါတယ်။ တခြား ကလေး ၂ ယောက်လည်း ဒီလိုပဲ။ ဒါနဲ့ပဲ Eddark Stark ဟာ ဘုရင့်သွေးသားရင်းမဟုတ်တဲ့ အိမ်ရှေ့မင်းသား နန်းမတက်ရစေဖို့ ကြိုးပမ်းရင်း ပြဿနာတွေ ပေါင်းစုံတက်ပါတယ်။ နောက်ဆုံး တိုင်းပြည်က အရှင်သခင်တွေအားလုံး ဒီကိစ္စကြားသွားတဲ့အခါမှာတော့ သူ့ထက်ငါ ထီးနန်းနဲ့ပိုအပ်စပ်တယ်၊ ဘုရင်ဖြစ်သင့်တယ်ဆိုပြီး သစ္စာတွေဖေါက်ကြ၊ စစ်တွေခင်းကြ၊ ညီအကိုချင်းတွေ သတ်ကြနဲ့ Westeros ပြည်ကြီး သွေးချောင်းစီးပါတော့တယ်။

Essos

အရှေ့ဘက်က တိုက်ကြီး Essos မှာလည်း ဇာတ်လမ်းတွေရှိပါတယ်။ GOT မဖြစ်ခင် နှစ်အနည်းငယ်အလိုတုန်းက Westeros ပြည်ကြီးရဲ့အရှင်သခင်တွေက နဂါးသခင်တွေဖြစ်တဲ့ Targaryen တွေဖြစ်ပါတယ်။ နဂါးတွေကို ထိန်းကျောင်းနိုင်စွမ်းရှိတဲ့ Targaryen မျိုးတွေဟာ သွေးနှောမှာစိုးလို့ သွေးသားရင်းချာတွေဖြစ်တဲ့ မောင်နှမချင်းလို မျိုးတွေနဲ့ပဲ အမြဲပေးစားပါတယ်။ ဒါကြောင့် နောက်ပိုင်း မျိုးဆက်တွေမှာ ဦးနောက်မမှန်တဲ့ သူတွေ ပေါပေါလာတယ်။ Mad King လို့နာမည်ကြီးတဲ့ Aerys Targaryen လက်ထက်မှာတော့ သူဟာ စိတ်ဖေါက်ပြီး House Lord တွေ ခေါ်သတ်၊ ပြည်သူတွေ ဒုက္ခရောက် သေကြေအောင် လျှောက်လုပ်လို့ဆိုပြီး အခု Season 1 မှာဘုရင်ဖြစ်နေတဲ့ Robert Baratheon ဦးဆောင်တဲ့ တော်လှန်ရေးကြီးဖြစ်ပါတယ်။ နောက်ဆုံးတော်လှန်ရေးကြီးပြီးလို့ Targaryen တွေ အရေးနိမ့်တယ်၊ မျိုးဖြုတ်သတ်ဖြတ်ခံရတယ်။ ဒါပေမဲ့ လွတ်သွားတာက Viserys နဲ့ Daenerys ဆိုတဲ့ ဘုရင့်မျိုးနွယ် မောင်နှမ နှစ်ယောက်ပါ။ မင်းနေပြည်တော်ကျသွားတဲ့အခိုက်မှာ အရှေ့ဘက်က Essos ပြည်ကို လှေနဲ့ ခိုးထုတ်သွားခဲ့လို့ အသက်မသေဘဲ လွတ်ခဲ့တယ်။ နှစ်ပေါင်းများစွာကြာလို့ ညီမဖြစ်သူ Daenerys ပျိုဖော်ဝင်လာတဲ့အခါမှာ အကိုဖြစ်သူ Viserys က သူ့အကြံကို အကောင်အထည်ဖော်ပါတယ်။ စစ်တိုက်ကျွမ်းကျင်လှတဲ့ Dothraki တွေထဲကမှ အကြမ်းဆုံးအရှင်သခင်တစ်ယောက်ဖြစ်တဲ့ Khal Drogo ကို သူ့ညီမနဲ့ ပေးစား၊ Khal Drogo ရဲ့ တပ်တွေကို ခေါ်ပြီး Westeros ကို ချီတက်၊ ထီးနန်းပြန်သိမ်းဖို့ပါ။ ဆိုတော့ ညီမကိုရောင်းစားတယ်ပေါ့။ အဲဒီမှာ Daenerys နဲ့ Khal Drogo တို့ညားပြီး တစ်ချိန်ကျရင် Westeros ကိုပြန်ဖို့ အစီအစဉ်ရှိပါတယ်။



The North

Westeros ကို ပြန်သွားကြရအောင်။ Westeros ပြည်ကြီးမှာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက The Long Night လို့ခေါ်တဲ့ အဖြစ်အပျက်ကြီးတစ်ခုရှိခဲ့ပါတယ်။ အရမ်းရှည်လျားလွန်းတဲ့ ဆောင်းတွင်းကြီးကိုခေါ်တာပါ။ ပေါပေါင်းများစွာ မြင့်တဲ့ ဆီးနှင်းတွေကျ၊ အရမ်းကိုအေးချမ်းလွန်းလှတဲ့ အဲဒီ Long Night မှာ နေရောင်ကို နှစ် ၁၀၀ လောက် မမြင်ခဲ့ရဘူး။ တချို့တွေဆို မွေးပြီး သေသာ သေသွားတယ်၊ နေမမြင်ဖူးလိုက်ဘူး။ အဲလောက်ဆိုးတယ်။ အဲထက်ပိုဆိုးတာက Long Night မှာ ပါလာတဲ့ကောင်တွေပါ။ White Walker လို့ခေါ်တဲ့ undead တွေဖြစ်ပါတယ်။ Zombie တွေလိုဖြစ်နေတဲ့ ဒီ White Walker တွေဟာ ဆောင်းနဲ့အတူပါလာပြီး ရှိသမျှ သက်ရှိအကုန်လုံးကို သတ်ဖြတ်ခဲ့တယ်။ သေတဲ့သူတွေဟာလည်း သေပြီးတာနဲ့ သူတို့ဘက်ပါပြီး Wight တွေဖြစ်ကုန်ရော။ ဆိုတော့ White Walker အရေအတွက်က ကြာလေ များလေဖြစ်ခဲ့တယ်။ နောက်ဆုံး လူတွေစုပေါင်းပြီး War for the Dawn စစ်ပွဲနဲ့အတူ White Walker တွေကို မြောက်ပိုင်းကို ပြန်မောင်းထုတ်နိုင်ခဲ့တယ်။ နောက်ဆုံး လူတွေ၊ လူ့ဘီလူးကြီးတွေ အကူအညီနဲ့ မြောက်ပိုင်းမှာ ပေရာပေါင်းများစွာမြင့်ပြီး မိုင်ပေါင်းများစွာရှည်လျားတဲ့ ရေခဲနံရံကြီး The Wall ကိုဖန်တီးပြီး မြောက်ဘက်အစွန်ကို ပိတ်ထားပစ်ခဲ့ကြတယ်။ နံရံကြီးကို Night's Watch ဆိုတဲ့ တပ်ဖွဲ့က စောင့်တယ်။ နှစ်ထောင်ပေါင်းများစွာကြာတဲ့အခါမှာတော့ ဒီ Long Night နဲ့ White Walker တွေက ကလေးတွေကို ခြောက်တဲ့ ပုံပြင်တွေလို့ပဲ မှတ်ယူကြပါတော့တယ်။ ဒါပေမဲ့ Season 1 အစမှာတော့ White Walker တွေ ပြန်ပေါ်လာပါပြီ။ Walker တွေပြန်လာရင် သူတို့အကျိုးစီးပွားအတွက် အိမ်တော်တွေဘာတွေနဲ့ ပူးပေါင်းတာတွေဘာတွေ လုပ်မှာမျိုးမဟုတ်ဘဲ Westeros ပြည်ကြီးတစ်ခုလုံးကို အသတ်ခံရမှာပါ။

Season 8 ကရော??

Season 7 ဇာတ်သိမ်းက အခြေအနေကို ပြောပြပါ့မယ်။ ဆိုတော့ Season 7 အထိ မကြည့်ရသေးသူတွေအတွက် Spoiler alert ပါ။ Daenerys Targaryen က Unsullied, Second Sons, Dothraki စတဲ့ စစ်တပ်ကြီးတွေနဲ့အတူ နဂါး ၂ ကောင်ကျန်တယ်။ (၁ ကောင်က Night King သတ်လို့သေပြီ)။ King in the North ဖြစ်နေတဲ့ Jon Snow က Daenerys ကို Queen of Westeros လို့ အသိအမှတ်ပြုပြီး ဒူးထောက် ခစားတယ်။ (ဆိုတော့ King in the North မဟုတ်ဘဲ Warden of the North ပြန်ဖြစ်သွားပြီ)။ ၂ ယောက်ပေါင်းပြီး မြောက်ပိုင်းက White Walker တွေကို ရင်ဆိုင်ဖို့လုပ်တယ်။ Westeros ရဲ့ တရားဝင် အရှင်သခင်ဖြစ်နေတဲ့ Queen Cersei ဟာ Jon Snow, Daenerys Targaryen တို့နဲ့ အတူ တွေ့ဆုံပြီး မြောက်ပိုင်းက White Walker တွေရန်ကို ကာကွယ်ဖို့ စစ်ပြေငြိမ်းမယ်၊ မြောက်ဘက်ကို စစ်သည်တွေ ပို့မယ်လို့ သဘောတူတယ်။ ဒါပေမဲ့ နောက်ကွယ်မှာတော့ White Walker တွေကိစ္စ ဖြစ်ချင်ရာဖြစ်၊ Jon တို့ကို နောက်ကျောက ဓါးနဲ့ထိုးဖို့ အကြံတွေလုပ်နေတယ်။ ဒါကို Jaime က သဘောမတူလို့ ရာထူးအကုန်စွန့်ပြီး မြောက်ပိုင်းကာကွယ်ရေးမှာ ပါဖို့ တစ်ကိုယ်ထဲ ထွက်သွားခဲ့တယ်။ အဲအချိန် Jon Snow နဲ့ Daenerys Targaryen တို့ ကြိုက်ပြီး သင်္ဘောပေါ်မှာ ဇာတ်လမ်းတွေဖြစ်တယ်။ ဖြစ်ချင်တော့ Jon Snow ဟာ မျိုးမစစ်ကောင်မဟုတ်ဘူး။ Daenerys Targaryen ရဲ့ အကိုတစ်ယောက်ဖြစ်သူ Rhaegar Targaryen နဲ့ Eddark Stark ရဲ့ ညီမ Lyanna Stark တို့ရဲ့ သား။ နာမည်ရင်းက Aegon Targaryen ပါ။ ဆိုတော့ သူလည်း Westeros ရဲ့ ဘုရင်မျိုးနွယ်ဝင်တစ်ယောက်ပဲ။ ဆိုတော့ သူနဲ့အခုကြိုက်နေတဲ့ Daenerys က သူ့အဒေါ်။ နှစ်ယောက်လုံး ဒီကိစ္စ မသိကြဘူး။ Bran Stark နဲ့ Samwell Tarly တို့ပဲ သိတယ်။ အဲအချိန် White Walker တို့ရဲ့ခေါင်းဆောင် Night King က သူသတ်လိုက်တဲ့ နဂါးကို အသက်ပြန်သွင်းတယ်။ နဂါးကြီးကို စီးပြီး The Wall ကို ဖြိုဖျက်လိုက်တဲ့အတွက် White Walker တွေနဲ့ လူတွေအကြားမှာ ခြားထားတာ မရှိတော့ပါဘူး။

Ref; GOT Wiki Games of Thrones ဇာတ်လမ်းတွဲ

Season 8 ကို ဧပြီလ ၁၅ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲမှာ စတင်ထုတ်လွှင့်မှာဖြစ်ပြီး Cookie TV app ရဲ့ " ထိရှိ " Plan ကိုဝယ်ယူကာ HBO HD လိုင်းမှာအချိန်နဲ့တပြေး ညီကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Cookie TV app ကိုစပြီး download လုပ်ကာ Sign Up လုပ်တဲ့ User တွေကို Welcome Cookie 10000 လက်ဆောင်ပေးနေတာဆိုတော့ အဲဒီ Cookie နဲ့ပဲတစ်ခါတည်း Plan ဝယ်ယူကာ Games of Thrones ဇာတ်လမ်းတွဲ Season 8 ကိုတစ်ကမ္ဘာလုံးနဲ့ပြိုင်တူကြည့်ရှုနိုင်မယ့်အကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

 Cookie TV app Download ရယူရန်

Android - http://bit.ly/CookieTVAppDownloadAndroid

 iOS - http://bit.ly/CookieTVDownloadAppStore

Cookie TV ကနေစီစဉ်ထားတဲ့ Cookie’s GOT Event လေးမှာ Fans အချင်းချင်းပျော်ပျော်ပါးပါးတွေ့ပြီး ဂိမ်းတွေဆော့မယ်… HBO ရဲ့ Premium လက်ဆောင်တွေ ရယူကြမယ်လေ ။ Talk Show ၊ ဖျော်ဖြေရေးတင်ဆက်မှုတွေအပြင် အကနဲ့ Cosplay Performance တွေပါ ပါဦးမှာပါ။ ဒီပွဲကို ဧပြီလ(၁၁) ရက်နေ့၊ ညနေ (၅) နာရီကနေ (၇) နာရီအထိ Junction City မှာ ကျင်းပပေးသွားမှာဖြစ်လို့ ဒီလင့်ခ် https://bit.ly/2UaNUZX  မှာ Register လုပ်လိုက်ပါ။ (***မှတ်ချက်။ ။ပထမဆုံး Register လုပ်တဲ့ အယောက် ၁၀၀ အတွက် HBO Premium လက်ဆောင်တွေ စီစဉ်ပေးထားသေးတာမို့ လာမယ်ဆို Register လုပ်ဖို့ မမေ့နဲ့နော်။)



က္က