မေတ္တာတရားကို ဦးစားပေး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။

ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် မင်းမော်ကွန်း၊ထွန်းထွန်း၊နေမင်း၊ မင်းသွေး၊စည်ဖြိုး၊ ပိုင်ဖြိုးသု၊ ရွှေသမီး၊ သံသာမိုးသိမ့်၊ သားညီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး ဇန်နဝါရီ(၂၅) ရက်နေ့မှာ မြန်မာနိုင်ငံရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသသွားမှာပါ။

Photo : လေးပါးကျော့ရှိန် FB



ပရိသတ်တွေစောင့်မျှော်နေကြတဲ့ မင်းသွေးရဲ့ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားက မကြာခင် ရုံတင်ပြသတော့မှာပါ။ ယင်းဇာတ်ကားက “လေးပါးကျော့ရှိန်ဝရဇိန်” ဇာတ်ကားပါ။ ထိုဇာတ်ကားကြီး အထူးပွဲ ပြသခြင်းကို ဇန်နဝါရီ(၂၀) ရက်နေ့ နံနက် (ရး၃၀)က ရန်ကုန်မြို့ ၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

ဒါရိုက်တာ သားညီ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ စွန့်စားခန်းတွေပါဝင်ပြီး အက်ရှင်ဇာတ်လမ်းမျိုး ဖြစ်ကာ ဟာသအနည်းငယ် ပါဝင်တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် မင်းမော်ကွန်း၊ထွန်းထွန်း၊နေမင်း၊ မင်းသွေး၊စည်ဖြိုး၊ ပိုင်ဖြိုးသု၊ ရွှေသမီး၊ သံသာမိုးသိမ့်၊ သားညီတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး ဇန်နဝါရီ(၂၅) ရက်နေ့မှာ မြန်မာနိုင်ငံရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် ရုံတင်ပြသသွားမှာပါ။

Photo : သားညီ

“လေးပါးကျော့ရှိန်ဝရဇိန်” ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ကိုယ်တိုင် ပုံဖော်ရိုက်ကူးထားတဲ့ ဒါရိုက်တာ သားညီရဲ့ ရင်တွင်းစကားသံကိုလည်း ယခုလို ကြားရမှာပါ။

“ဒီဇာတ်ကားကို ပြန်ကြည့်ရတော့ မင်းသွေးကို အရမ်းသတိရတယ်။ဒီဇာတ်ကားရိုက်ဖို့အတွက် Location ရွေးတာကအစ မင်းသွေးရွေးပေးခဲ့တာလေ။ ဂေါ်ရန်ဂျီကျွန်းမှာ အမျိုးတွေရှိတယ် သွားရိုက်ရင် ကျွန်တော်တို့အတွက် အဆင်ပြေမယ်ဆိုပြီး သူကိုယ်တိုင် ရွေးပေးခဲ့တာ။ သွားရိုက်တော့လည်း သူကိုယ်တိုင် အစစအရာရာ အားလုံးအတွက် စီစဉ်ပေးခဲ့တာ။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး မင်းသွေးရဲ့ အကြံဉာဏ်တွေ အများကြီးပါဝင်တယ်”လို့ ဒါရိုက်တာ သားညီက ဇန်နဝါရီ(၂၀) ရက်နေ့က ပြုလုပ်တဲ့ Press show မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ မင်းလေး (၄)ယောက်စလုံးဟာ ဇာတ်ကားမရိုက်ကူးမီ အချိန်ကတည်းက အသားမဲအောင် ရက်အတော်ကြာ ကမ်းခြေမှာ နေပူဆာလှုံတာတွေ ပြုလုပ်ခဲ့ရတယ်လို့ မင်းမော်ကွန်းက ဆိုပါတယ်။

“ ကျွန်တော်တို့ ဒီကားထဲမှာ အသားမဲဖို့အတွက် မိတ်ကပ်တွေကို သုံးတာထက် ကမ်းခြေမှာ နေပူဆာလှုံပြီး အသားမဲအောင် လေးယောက်စလုံးလုပ်ခဲ့ကြတာ။ ကျွန်တော်က ဒီကားထဲမှာ အရက်သမားပေ့ါ။ အရက်ကို အရမ်းကြိုက်တဲ့သူတစ်ယောက်၊ ကြက်ဖဆိုတဲ့ နေရာက သရုပ်ဆောင်ထားတာပါ။ ဇာတ်ကားကို ပြန်ကြည့်တဲ့အခါမှာ မင်းသွေးကို သတိရမိတယ်။ မင်းသွေးနဲ့ ပတ်သက်ပြီးတော့လည်း ဇာတ်ကားရိုက်ကူးခဲ့တဲ့ တလျှောက်လုံး အမှတ်တရတွေရှိခဲ့တယ်။ သူ့ရဲ့ အကြံဉာဏ်အကူအညီတွေအများကြီး ရခဲ့တယ်”လိုု့ မင်းမော်ကွန်းက ပြောပြခဲ့ပါတယ်။

ဒီဇာတ်ကားကြီးမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေအားလုံးဟာသူတို့နဲ့ အတူ ကြိုးစားရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်မင်းသွေးအတွက် စိတ်မကောင်းဖြစ်လို့နေကြပါတယ်။

Photo : လေးပါးကျော့ရှိန် FB

“လေးပါးကျော့်ရှိန်ဝရဇိန်” ရုပ်ရှင်ဇာတ်ကားကြီးကို ရည်ရွယ်ချက် လေးခုနဲ့ ရိုက်ကူးတင်ပြထားတာ ဖြစ်ပါတယ်။ လူတန်းစားနှစ်ရပ်ရဲ့ ငွေအပေါ် နားလည်လိုအပ်နေပုံ မတူတဲ့ ဘဝအမြင်များကို တင်ပြလိုခြင်း၊ လက်ရှိလူမှုဘဝတွေဟာ ငွေကို ငြင်းပယ်လို့ မရနိုင်အောင် ငွေရဲ့ သြဇာခံသဖွယ် ရပ်တည်ရှင်သန်နေပုံကို ထင်ရှားပြသလိုခြင်း၊ လောဘကြီးတဲ့ လောကအမြင်နဲ့ လောဘကင်းတဲ့ လောကအမြင်တို့ရဲ့ အပူအအေးတို့ကို ဇာတ်ကောင်စရိုက်နဲ့ နှိုင်းယှဉ်ပြသလိုခြင်းနဲ့ ပေါ့ပါးတဲ့ လူငယ်စရိုက်၊ ရှုခင်းရသများနဲ့ အတွေးရသများ၊ ဟာသဘဝအမြင်အချို့တို့ကို ပရိသတ်တွေခံစားနိုင်အောင် ရိုက်ကူးတင်ပြခြင်း ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က