ကီနူးရိဗ်နဲ့ ကာရီအန်မော့စ်တို့ အတွဲအဖက်ကို ပြန်မြင်တွေ့ရတော့မှာပါ။

ကမ္ဘာကျော် The Matrix ဇာတ်ကားတွဲရဲ့ စတုတ္တမြောက် ဇာတ်ကားသစ်ကို ပရိသတ်တွေ ကြည့်ရှုနိုင်တော့မှာဖြစ်ပြီး မင်းသားကီနူးရိဗ်ကို ဆက်လက် ပါဝင်လာမယ်လို့ ဆိုပါတယ်။

(The Matrix ဇာတ်ဝင်ခန်းတစ်ခု) (Photo: Photofest)

ဒါရိုက်တာ လာနာဝါချောင်စကီး (Lana Wachowski) က စတုတ္တမြောက် The Matrix ဇာတ်ကားကို ဇာတ်ညွန်းရေးသားပြီး ရိုက်ကူးသွားမှာဖြစ်ပြီး မင်းသားကီနူးရိဗ်နဲ့ မင်းသမီးကာရီအန်မော့စ်တို့ အတွဲအဖက်ကို ပြန်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။



ထွက်ရှိပြီးခဲ့ကာ ကမ္ဘာကျော်ခဲ့တဲ့ The Matrix ဇာတ်ကားတွဲတွေမှာ မင်းသားကီနူးရိဗ် (Keanu Reeves) က နီယို (Neo) အဖြစ်လည်းကောင်း၊ မင်းသမီးကာရီအန်းမော့စ် (Carrie-Anne Moss) က ထရီနစ်တီ (Trinity) အဖြစ်လည်းကောင်း တွဲဖက်ညီညီ သရုပ်ဆောင်ခဲ့ကြပြီး နာမည်ကျော် လူသိများခဲ့ပါတယ်။ ယခု ရိုက်ကူးသွားမယ့် စတုတ္တမြောက် The Marix ဇာတ်ကားမှာလည်း ၎င်းတို့နှစ်ဦးက ဆက်လက် ပါဝင်ကြမှာပါ။

(The Matrix ဇာတ်ကားထဲမှ နီယိုနဲ့ ထရီနစ်တီ) (Photo: Getty Images)

The Matrix ဇာတ်ကားသစ်ကို Warner Bros. Pictures နဲ့ Village Roadshow Pictures ကုမ္ပဏီတို့က ရိုက်ကူးထုတ်လုပ်ပြီး ကမ္ဘာတစ်ဝှမ်း ဖြန့်ချိသွာားမယ်လို့ သိရပါတယ်။ Warner Bros. Pictures ဥက္ကဋ္ဌ Toby Emmerich က The Matrix ဇာတ်ကားသစ် ရိုက်ကူးသွားမယ့်အကြောင်းကို အင်္ဂါနေ့ (သြဂုတ် ၂၀ ရက်) မှာ ကြေညာခဲ့ပါတယ်။

"လာနာနဲ့ The Matrix ပြန်ရိုက်ကူးထုတ်လုပ်ရမှာလောက် စိတ်လှုပ်ရှားနိုင်စရာ မရှိပါဘူး၊ လာနာက အမှန်အကန် စိတ်ကူစိတ်သန်းကောင်းပြီး တစ်မူထူးခြားသူ၊ ပင်ကိုယ် တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ ရုပ်ရှင်ဒါရိုက်တာပါ၊ The Matrix ဇာတ်ကားသစ်ကို သူမက ဇာတ်ညွန်းရေးသားပြီး ရိုက်ကူးထုတ်လုပ်တော့ ကျွန်တော်တို့ ပျော်ရွှင်ရင်ခုန်မိပါတယ်" Toby Emmerich က ဆိုပါတယ်။

(ဒါရိုက်တာ လာနာဝါချောင်စကီး) (Photo: Getty Images)

The Matrix ဇာတ်ကားသစ်ကို ၂၀၂၀ ခုနှစ် အစောပိုင်းမှာ စတင်ရိုက်ကူးသွားမယ်လို့ သတင်းရင်းမြစ်တွေကပြောကြောင်း Variety သတင်းက ဖော်ပြထားပါတယ်။ ပထမဆုံး The Matrix ဇာတ်ကားကို ၁၉၉၉ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး အောင်မြင်မှုများစွာရခဲ့ပါတယ်။ ထို့နောက် ၂၀၀၃ ခုနှစ်မှာတော့ ဒုတိယနဲ့ တတိယမြောက် The Matrix ဇာတ်ကားများအဖြစ် The Matrix Reloaded နဲ့ The Matrix Revolutions တို့ ဆက်လက်ထွက်ရှိထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က