မြန်မာနိုင်ငံမှာ ဧပြီ ၂၆ ရက်မှစပြီး ရုံတင်ပြသနေပါတယ်။

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ရုံတင်ပြနေတဲ့ Avengers: Endgame ရုပ်ရှင်ဇာတ်ကားက Box Office သမိုင်းတစ်လျှောက် စံချိန်သစ်တင်လိုက်ပြီ ဖြစ်ပါတယ်။

(ရန်ကုန်မှာတွေ့ရသည့် Advengers: Endgame ပရိသတ်များ)

Endgame ဇာတ်ကားဟာ စတင်ရုံတင်အပြီး ငါးရက်အတွင်းမှာ ကမ္ဘာတစ်ဝှမ်း ရုံဝင်ကြေး အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ရရှိခဲ့ရာ Box Office သမိုင်းတစ်လျှောက် ရုံဝင်ကြေး ဒေါ်လာတစ်ဘီလီယံကို အမြန်ဆုံး ကျော်လွန်ရရှိတဲ့ ရုပ်ရှင်ဇာတ်ကားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ယခင်က ထိုသို့စံချိန်တင်ထားခဲ့တဲ့ ဇာတ်ကားမှာ Avengers: Infinity War ဖြစ်ပြီး စတင်ရုံတင်ပြီး တစ်ပတ်အတွင်း ဒေါ်လာ သန်း ၆၄၀ ရရှိခဲ့တယ်လို့ သိရပါတယ်။

(ရန်ကုန်မှာတွေ့ရသည့် Advengers: Endgame ပရိသတ်များ)

Endgame ကတော့ ကမ္ဘာတစ်ဝှမ်း စတင်ရုံတင်ပြသတဲ့ ဧပြီ ၂၄ ရက်မှ ၂၈ ရက်အထိ ငါးရက်အတွင်း အမေရိကန်တစ်နိုင်ငံတည်းမှာပင် ရုံဝင်ကြေး ဒေါ်လာ သန်း ၃၅၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာလည်း Endgame ကို ကြည့်ရှုသူအလွန်များခဲ့ပြီး ငါးရက်အတွင်း ရုံဝင်ကြေး ဒေါ်လာ သန်း ၃၅၀ စံချိန်တင်ရရှိခဲ့ပါတယ်။

(Photo: Marvel Studios)

Endgame ဟာ Marvel Cinematic Universe (MCU) မှာ ၂၂ ခုမြောက် စူပါဟီးရိုးဇာတ်ကားဖြစ်ပြီး MCU ရဲ့ ဇာတ်သိမ်းလို့ဆိုပါတယ်။ ဒီဇာတ်ကားက ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers၊ ၂၀၁၅ ခုနှစ်က Avengers: Age of Ultron နဲ့ ယမန်နှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ Avengers: Infinity War ဇာတ်ကားတွေရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်ပါတယ်။

ကြာမြင့်ချိန် ၃ နာရီနဲ့ ၂ မိနစ်အထိရှိတဲ့ Avengers: Endgame ဇာတ်ကားရဲ့ ရိုက်ကူးထုတ်လုပ်မှု ကုန်ကျစရိတ်ကတော့ ဒေါ်လ ၃၅၆ သန်းဖြစ်ကြောင်း သိရပါတယ်။ Endgame ကို မြန်မာနိုင်ငံမှာလည်း ဧပြီ ၂၆ ရက်မှစပြီး ရုံတင်ပြသနေရာ ကြည့်ရှုသူများပြီး Facebook မှာလည်း စိတ်ဝင်တစား ပြောဆိုမှုတွေ အများအပြား တွေ့ရပါတယ်။

ဆက်စပ်သတင်း - ရုံဝင်ကြေးအများဆုံးဖြင့် Box Office ရဲ့ နံပါတ်တစ်နေရာကို သိမ်းပိုက်လိုက်တဲ့ Endgame



Share

Loading Next Article...
က္က