• Lifestyle
    မန္တလေးက လမ်းလျှောက်သင်္ကြန် ဘယ်လိုလည်မလဲ
Wai Lin Kyaw
[Unicode Version]

MDY.jpg 

၂၀၁၇ မန္တလေးသင်္ကြန်ကတော့ အရင်နှစ်တွေနဲ့ မတူဘဲတမူထူးခြားတဲ့ နှစ်တစ်နှစ်လို့ ပြောနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် မန်းစည်ပင်က ဒီနှစ်မန်းသင်္ကြန်မှာ လမ်းလျောက်သင်္ကြန်ကို ထည့်သွင်းကျင်းပဖို့ စီစဉ်ထားတာပါ။

 မန်းသင်္ကြန်ချစ်သူတွေအနေနဲ့ အရင်နှစ်တွေလိုပဲ ကျုံးပတ်လည်မှာရှိတဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ ရိုးရာမပျက်လည်ပတ်နိုင်မှာဖြစ်သလို ပုံစံသစ်နဲ့ကျင်းပမယ့် မြန်မာ့ရိုးရာသင်္ကြန်စစ်စစ်ကိုလည်း ခံစားနိုင်တော့မှာ ဖြစ်ပါတယ်။  ဒါ့ကြောင့် မန်းသင်္ကြန်ကိုလည်ပတ်ချင်တဲ့ သူတွေအနေနဲ့ ဘယ်နေရာတွေကို သွားပြီးဘယ်လို့လည်ပတ်ရမယ်ဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

17800130_10158448436350721_2196436060003672601_n.jpg 

ဘယ်လိုလုပ်မှာလဲ၊ ဘယ်လိုသွားရမလဲ

မန္တလေးမှာ ပုံစံသစ်နဲ့ ပထမဦးဆုံးပြုလုပ်မယ့် လမ်းလျှောက်သင်္ကြန်ကို ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်း၊ ၆၆ လမ်းကနေ ၇၈ လမ်းအထိ ကျင်းပသွားဖို့ စီစဉ်ထားပြီး ၆၆ လမ်းကနေ စပြီးဝင်ရောက်ရမှာပါ။

ကျုံးပတ်လည်မှာ ကားပိတ်ပြီး အချိန်တွေကုန်တာကို သက်သာစေဖို့ လမ်းလျှောက်သင်္ကြန်က ပိုအလုပ်ဖြစ်မယ်လို့ထင်ပါတယ်။ ကျုံးရဲ့ သုံးဘက်သုံးတန်မှာ အရင်နှစ်တွေလိုပဲ ကားနဲ့လည်ပတ်နိုင်သလို ကျုံးတောင်ဘက်က လမ်းလျှောက်သင်္ကြန်က သင်္ကြန်ချစ်သူတွေကို အရသာသစ်တစ်ခု ရစေမှာ သေချာပါတယ်။

လမ်လျှောက်သင်္ကြန်ကျင်းပမယ့် လမ်းတစ်လျောက်မှာ အရင်ခေတ်တွေက မန်းသင်္ကြန်အငွေ့အသက်တွေကို ပြန်လည် ခံစားလို့ရအောင်စီစဉ်ထားတယ်လို့ဆိုပါတယ်။ တစ်ခေတ်တခါက နာမည်ကြီးခဲ့တဲ့ သံချပ်ပြိုင်ပွဲတွေ၊ မြို့မလို အလှပြကားတွေ၊ မြန်မာအဆိုအကတွေနဲ့ ဖျော်ဖြေမယ့်တီးဝိုင်းတွေ၊ တိုင်းရင်းသားရိုးရာအကတွေ ပါဝင်မယ့်အပြင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်စုံတဲ့ ရိုးရာအစားအသောက်တွေကို မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာတွေအပြင် မန်းသင်္ကြန်လည်ရင် မဖြစ်မနေသွားကြတဲ့ တောင်သမန် ဦးပိန်တံတား၊ ကန်တော်ကြီး Water Park နဲ့ ခုနှစ်မိုင် အပန်းဖြေစခန်းကိုလည်း သွားရောက်လည်ပတ်လို့ ရပါသေးတယ်။

17796210_10158449264115721_6052888923266837149_n.jpg 

ဘယ်သူတွေဘယ်မှာရှိမလဲ

ဒီနှစ်မန်းသင်္ကြန်မှာတော့ လူငယ်ရောခ့်ကာတွေ သည်းခြေကြိုက် နာမည်ကြီး Iron Cross တီးဝိုင်းအဖွဲ့က ကျုံးမြောက်ဘက်မှာ ပွဲခံမှာပါ။  ဒါ့အပြင် သင်္ကြန်ပျော်လူငယ်တွေအတွက် မန္တလေးက အရှည်ဆုံးလမ်းတစ်လမ်းဖြစ်တဲ့ ၆၂ လမ်းပေါ်က တစ်ဧကကျော် ကျယ်ဝန်းပြီး လူတစ်သောင်းကျော်ဆံတဲ့ မနောရမ္မံကွင်းလို့ခေါ်တဲ့ ဟစ်တိုင်ကွင်းမှာ လူတိုင်းအခမဲ့ကြည့်ရှုနိုင်တဲ့ ဂီတဖျော်ဖြေပွဲကြီး တစ်ခုလည်းရှိပါတယ်။

ဒီပွဲမှာ လူငယ်ကြိုက်အဆိုတော်တွေဖြစ်တဲ့ ဝေလ၊ ဂျီလတ်၊ စိန်လင်း( Aroma) ကျော်ဇင်မင်း၊ ရှမ်းလေး၊ စိုးထက်၊ လိမ္မော်သီး၊ ဟေဇယ်နဲ့ ထွန်းအိန္ဒြာဗိုတို့က Heaven Born တီးဝိုင်းနဲ့ သင်္ကြန်တွင်းကာလကို ဖြတ်သန်းဖို့ စီစဉ်ထားပါတယ်။ ဒီကွင်းထဲမှာ လူငယ်တွေကြိုက် EDM သီချင်းတွေကို DJ Alvin က တင်ဆက်သွားဖို့ရှိပြီး ပေ ၃၅၀၊ ၁၅၀ ပတ်လည်ကျယ်ဝန်းတဲ့ ကွင်းထဲမှာ ရေပန်းတွေ ပက်ဖြန်းပေးထားပြီး ပျော်ပျော်ရွင်ရွင် ကခုန်နိုင်မယ့် အစီအစဉ်တွေလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

မြန်မာ Idol Season 2 ရဲ့နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့တဲ့ သားငယ်နဲ့ ဘီလီလမင်းအေးတို့ကလည်း မြို့တော်ဝန်မဏ္ဍပ်မှာ ရှိနေမယ်လို့မယ်လို့ သိရပါတယ်။

[Zawgyi Version]

၂၀၁၇ မႏၱေလးသႀကၤန္ကေတာ့ အရင္ႏွစ္ေတြနဲ႔ မတူဘဲတမူထူးျခားတဲ့ ႏွစ္တစ္ႏွစ္လို႔ ေျပာႏိုင္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုရင္ မန္းစည္ပင္က ဒီႏွစ္မန္းသႀကၤန္မွာ လမ္းေလ်ာက္သႀကၤန္ကုိ ထည့္သြင္းက်င္းပဖို႔ စီစဥ္ထားတာပါ။

 မန္းသႀကၤန္ခ်စ္သူေတြအေနနဲ႔ အရင္ႏွစ္ေတြလိုပဲ က်ံဳးပတ္လည္မွာရွိတဲ့ သႀကၤန္မ႑ပ္ေတြမွာ ရိုးရာမပ်က္လည္ပတ္ႏိုင္မွာျဖစ္သလို ပံုစံသစ္နဲ႔က်င္းပမယ့္ ျမန္မာ့ရိုးရာသႀကၤန္စစ္စစ္ကိုလည္း ခံစားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။  ဒါ့ေၾကာင့္ မန္းသႀကၤန္ကုိလည္ပတ္ခ်င္တဲ့ သူေတြအေနနဲ႔ ဘယ္ေနရာေတြကုိ သြားၿပီးဘယ္လို႔လည္ပတ္ရမယ္ဆိုတာကို တင္ဆက္ေပးလိုက္ပါတယ္။

ဘယ္လိုလုပ္မွာလဲ၊ ဘယ္လုိသြားရမလဲ

မႏၱေလးမွာ ပံုစံသစ္နဲ႔ ပထမဦးဆံုးျပဳလုပ္မယ့္ လမ္းေလွ်ာက္သႀကၤန္ကို က်ံဳးေတာင္ဘက္ျခမ္း ၂၆ လမ္း၊ ၆၆ လမ္းကေန ၇၈ လမ္းအထိ က်င္းပသြားဖို႔ စီစဥ္ထားၿပီး ၆၆ လမ္းကေန စၿပီး၀င္ေရာက္ရမွာပါ။

က်ံဳးပတ္လည္မွာ ကားပိတ္ၿပီး အခ်ိန္ေတြကုန္တာကို သက္သာေစဖို႔ လမ္းေလွ်ာက္သႀကၤန္က ပိုအလုပ္ျဖစ္မယ္လို႔ထင္ပါတယ္။ က်ံဳးရဲ႕ သံုးဘက္သံုးတန္မွာ အရင္ႏွစ္ေတြလိုပဲ ကားနဲ႔လည္ပတ္ႏိုင္သလို က်ံဳးေတာင္ဘက္က လမ္းေလွ်ာက္သႀကၤန္က သႀကၤန္ခ်စ္သူေတြကို အရသာသစ္တစ္ခု ရေစမွာ ေသခ်ာပါတယ္။

လမ္ေလွ်ာက္သႀကၤန္က်င္းပမယ့္ လမ္းတစ္ေလ်ာက္မွာ အရင္ေခတ္ေတြက မန္းသႀကၤန္အေငြ႕အသက္ေတြကို ျပန္လည္ ခံစားလို႔ရေအာင္စီစဥ္ထားတယ္လို႔ဆိုပါတယ္။ တစ္ေခတ္တခါက နာမည္ႀကီးခဲ့တဲ့ သံခ်ပ္ၿပိဳင္ပြဲေတြ၊ ၿမိဳ႕မလို အလွျပကားေတြ၊ ျမန္မာအဆိုအကေတြနဲ႔ ေဖ်ာ္ေျဖမယ့္တီး၀ိုင္းေတြ၊ တိုင္းရင္းသားရိုးရာအကေတြ ပါ၀င္မယ့္အျပင္ က်န္းမာေရးနဲ႔ ညီညြတ္ၿပီး အာဟာရျပည့္စံုတဲ့ ရိုးရာအစားအေသာက္ေတြကို ျမည္းစမ္းႏိုင္မွာ ျဖစ္ပါတယ္။

ဒီေနရာေတြအျပင္ မန္းသႀကၤန္လည္ရင္ မျဖစ္မေနသြားၾကတဲ့ ေတာင္သမန္ ဦးပိန္တံတား၊ ကန္ေတာ္ႀကီး Water Park နဲ႔ ခုႏွစ္မိုင္ အပန္းေျဖစခန္းကိုလည္း သြားေရာက္လည္ပတ္လို႔ ရပါေသးတယ္။

ဘယ္သူေတြဘယ္မွာရွိမလဲ

ဒီႏွစ္မန္းသႀကၤန္မွာေတာ့ လူငယ္ေရာခ့္ကာေတြ သည္းေျခႀကိဳက္ နာမည္ႀကီး Iron Cross တီး၀ိုင္းအဖြဲ႕က က်ံဳးေျမာက္ဘက္မွာ ပြဲခံမွာပါ။  ဒါ့အျပင္ သႀကၤန္ေပ်ာ္လူငယ္ေတြအတြက္ မႏၱေလးက အရွည္ဆံုးလမ္းတစ္လမ္းျဖစ္တဲ့ ၆၂ လမ္းေပၚက တစ္ဧကေက်ာ္ က်ယ္၀န္းၿပီး လူတစ္ေသာင္းေက်ာ္ဆံတဲ့ မေနာရမၼံကြင္းလို႔ေခၚတဲ့ ဟစ္တိုင္ကြင္းမွာ လူတိုင္းအခမဲ့ၾကည့္ရႈႏိုင္တဲ့ ဂီတေဖ်ာ္ေျဖပြဲႀကီး တစ္ခုလည္းရွိပါတယ္။

ဒီပြဲမွာ လူငယ္ႀကိဳက္အဆိုေတာ္ေတြျဖစ္တဲ့ ေဝလ၊ ဂ်ီလတ္၊ စိန္လင္း( Aroma) ေက်ာ္ဇင္မင္း၊ ရွမ္းေလး၊ စိုးထက္၊ လိေမၼာ္သီး၊ ေဟဇယ္နဲ႔ ထြန္းအိျႏၵာဗိုတို႔က Heaven Born တီးဝိုင္းနဲ႔ သႀကၤန္တြင္းကာလကို ျဖတ္သန္းဖို႔ စီစဥ္ထားပါတယ္။ ဒီကြင္းထဲမွာ လူငယ္ေတြႀကိဳက္ EDM သီခ်င္းေတြကို DJ Alvin က တင္ဆက္သြားဖို႔ရွိၿပီး ေပ ၃၅၀၊ ၁၅၀ ပတ္လည္က်ယ္၀န္းတဲ့ ကြင္းထဲမွာ ေရပန္းေတြ ပက္ျဖန္းေပးထားၿပီး ေပ်ာ္ေပ်ာ္ရြင္ရြင္ ကခုန္ႏိုင္မယ့္ အစီအစဥ္ေတြလည္း ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

ျမန္မာ Idol Season 2 ရဲ႕ေနာက္ဆံုးအဆင့္ကို ေရာက္ရွိခဲ့တဲ့ သားငယ္နဲ႔ ဘီလီလမင္းေအးတို႔ကလည္း ၿမိဳ႕ေတာ္၀န္မ႑ပ္မွာ ရွိေနမယ္လို႔မယ္လုိ႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs