Thurein Tun

983918_1379406235452998_1696095779370661213_n.jpg 

လူငယ်တွေအတွက် စွန့်ဦးတီထွင်ခြင်းနဲ့ စီးပွားရေးဆိုင်ရာ ပညာရပ်တွေကို သင်ကြားပေးမယ့် Pen Youth Camp ကို Matrix Institute of Professionals က ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

အတွေ့အကြုံရင့် လိုင်စင်ရ Cefe Methodology Trainer ကိုယ်တိုင် ဦးစီးသင်ကြားပေးသွားမှာဖြစ်ပြီး စီးပွားရေးနယ်ပယ်မှာ အောင်မြင်နေတဲ့  စီးပွားရေးလုပ်ငန်းရှင်တွေ၊ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင် အားဖြည့်သင်ကြားပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ PEM Youth Camp မှာ တက်ရောက်ရမယ့် ကာလဟာ ၅ ရက်ဖြစ်ပြီး Games တွေ၊ Activities တွေ နဲ့ Interactive Learning Style တွေကိုသုံးပြီး လေ့လာရမှာဖြစ်တယ်လို့ သိရပါတယ်။

Entrepreneurship, Marketing, Budgeting, Personal Grooming, Presentation skills တို့နဲ့ပတ်သက်ပြီး အခြေခံတွေကို လေ့လာကာ လက်တွေ့လုပ်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ သတင်း - အဝေးသင် ကျောင်းအပ်ရက် ထပ်တိုးပေးထား၊ ဧပြီ ၂၈ ရက်နေ့ထိ အပ်လို့ရ)

youths_becoming_unproductive.jpg 

PEM Youth Camp ဟာ  တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေပြီးစ လူငယ်တွေအတွက် “စွန့်ဦးတီထွင်ခြင်း” ဆိုတာကို မိတ်ဆက်ပေးပြီး ကိုယ်စိတ်ဝင်စားတဲ့တက္ကသိုလ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေအကြောင်းကိုလည်းဆွေးနွေးပေးမယ့် Camp လည်း ဖြစ်ပါတယ်။

စုစုပေါင်း နာရီ ၄၀ ကြာမြင့်မယ် အဆိုပါ camp အတွက် သင်တန်းကြေးဟာ သုံးသိန်းဖြစ်ပြီး ဧပြီ ၂၄ ရက်ကနေ ၂၈ ရက်နေ့ထိ တက်ရောက်ရမှာ ဖြစ်ပါတယ်။ ၅ယောက်နဲ့အထက် စာရင်းသွင်းမယ်ဆိုရင်တော့ သင်တန်းကြေး ၂၅၀၀၀၀ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုသူတွေအနေနဲ့ အမှတ် 182 -194, ဒုတိယထပ်, ဗိုလ်တထောင်ဘုရားလမ်း (အနော်ရထာလမ်း နှင့် မဟာဗန္ခုလမ်းကြား), ပုဇွန်တောင်မြို့နယ်, ရန်ကုန်မြို့၊ ဖုန်း- ၀၉ ၄၄၅၅၃၃ ၂၈၈, ၀၁-၂၄၅ ၆၆၀ ကို စုံစမ်းနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က