• Lifestyle
    ရှစ်တန်းအောင်သူတွေ အာဆီယံ ပညာသင်ဆုလျှောက်ထားနိုင်
Thurein Tun
[Unicode Version]

scholarship_stock.jpg 

အဌမတန်း (Grade-9) အောင်မြင်သူတွေဟာ  ၂၀၁၈ ပညာသင်နှစ်အတွက် အာဆီယံ ပညာသင်ဆုလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ် ပညာသင်နှစ်အတွက် စင်ကာပူအစိုးရကျောင်းတွေမှာ Secondary Three မှ Pre-University Two Level အဆင့်ထိ  လေးနှစ်တာ ပညာသင်ကြားခွင့်ရရှိမယ့် အာဆီယံပညာသင်ဆုကို ဧပြီလ ၂၆ ရက်နေ့နောက်ဆုံးထားပြီး လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

အာဆီယံပညာသင်ဆုလျှောက်ထားလိုသူတွေဟာ မြန်မာနိုင်ငံသား ဖြစ်ရမှာဖြစ်ပြီး တိုင်းဒေသပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ အနိမ့်ဆုံး အဌမတန်း (Grade-9) အောင်မြင်ပြီးသူတွေဖြစ်ရမယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ကြောညာချက်အရ သိရပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကကျောင်းတွေက အဌမတန်းအောင်မြင်ပြီးသူတွေလည်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - စက်ဝိုင်းနှစ်ခုနဲ့ သင့်ကံကြမ္မာ)

Apply for Scholarships.jpg 

အာဆီယံ ပညာသင်ဆု ပဏာမရေးဖြေစာမေးပွဲကို မေလ ၁၁ ရက်မှာ တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးရုံးတွေက သတ်မှတ်ပေးတဲ့ နေရာမှာ သင်္ချာ၊ အင်္ဂလိပ် နဲ့ သိပ္ဗံဘာသာရပ်တွေကိုဖြေဆိုရမှာဖြစ်တယ်လို့သိရပါတယ်။

ရေးဖြေစာမေးပွဲ ဖြေဆိုအောင်မြင်တဲ့ သူတွေဟာ အဆင့်မြင့် ပညာဦးစီးဌာနဝင်း၊ အဆောင် ၃၊ သထုံလမ်း၊ ကမာရွတ်မြို့နယ် ရန်ကုန်မြို့ရှိ ပညာရေးသုတေသန စီမံကိန်းနဲ့လေ့ကျင့်ရေး ဦးစီးဌာန  (သင်ရိုးဌာနခွဲ)မှာ အာဆီယံ ပညာသင်ဆုလျှောက်လွှာပုံစံတွေထပ်မံ ဖြည့်သွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်  စင်ကာပူ နိုင်ငံမှလာရောက်စစ်ဆေးမယ့် ရေးဖြေစာမေးပွဲကို ရန်ကုန်မြို့မှာ ဖြေဆိုရမှာဖြစ်ပြီး ထပ်မံရွေးချယ်ခံရသူတွေကို  စက်တင်ဘာလထဲမှာ လူတွေ့စစ်ဆေးမှာ ဖြစ်ပါတယ်။

Photos & Source: Kumdra, မာရီခိုင်

[Zawgyi Version]

အဌမတန္း (Grade-9) ေအာင္ျမင္သူေတြဟာ  ၂၀၁၈ ပညာသင္ႏွစ္အတြက္ အာဆီယံ ပညာသင္ဆုေလွ်ာက္ထားႏိုင္တယ္လို႔ သိရပါတယ္။

၂၀၁၈ ခုႏွစ္ ပညာသင္ႏွစ္အတြက္ စင္ကာပူအစိုးရေက်ာင္းေတြမွာ Secondary Three မွ Pre-University Two Level အဆင့္ထိ  ေလးႏွစ္တာ ပညာသင္ၾကားခြင့္ရရွိမယ့္ အာဆီယံပညာသင္ဆုကို ဧၿပီလ ၂၆ ရက္ေန႔ေနာက္ဆံုးထားၿပီး ေလွ်ာက္ထားႏိုင္မွာျဖစ္ပါတယ္။

အာဆီယံပညာသင္ဆုေလွ်ာက္ထားလိုသူေတြဟာ ျမန္မာႏိုင္ငံသား ျဖစ္ရမွာျဖစ္ၿပီး တိုင္းေဒသျပည္နယ္အသီးသီးရွိ အေျခခံပညာ အထက္တန္းေက်ာင္း၊ အလယ္တန္းေက်ာင္းနဲ႔ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းေတြမွာ အနိမ့္ဆံုး အဌမတန္း (Grade-9) ေအာင္ျမင္ၿပီးသူေတြျဖစ္ရမယ္လို႔ ပညာေရးဝန္ၾကီးဌာနရဲ႕ေၾကာညာခ်က္အရ သိရပါတယ္။ ဒါ့အျပင္ ပုဂၢလိကေက်ာင္းေတြက အဌမတန္းေအာင္ျမင္ၿပီးသူေတြလည္း ေလွ်ာက္ထားႏိုင္တယ္လို႔ သိရပါတယ္။

(သင္စိ္တ္ဝင္စားႏုိင္တဲ့ ေဆာင္းပါး - စက္ဝိုင္းႏွစ္ခုနဲ႔ သင့္ကံၾကမၼာ)

အာဆီယံ ပညာသင္ဆု ပဏာမေရးေျဖစာေမးပြဲကို ေမလ ၁၁ ရက္မွာ တိုင္းေဒသႀကီး ျပည္နယ္ပညာေရးမွဴး႐ံုးေတြက သတ္မွတ္ေပးတဲ့ ေနရာမွာ သခ်ၤာ၊ အဂၤလိပ္ နဲ႔ သိပၺံဘာသာရပ္ေတြကိုေျဖဆိုရမွာျဖစ္တယ္လို႔သိရပါတယ္။

ေရးေျဖစာေမးပြဲ ေျဖဆိုေအာင္ျမင္တဲ့ သူေတြဟာ အဆင့္ျမင့္ ပညာဦးစီးဌာနဝင္း၊ အေဆာင္ ၃၊ သထံုလမ္း၊ ကမာရြတ္ၿမိဳ႕နယ္ ရန္ကုန္ၿမိဳ႕ရွိ ပညာေရးသုေတသန စီမံကိန္းနဲ႔ေလ့က်င့္ေရး ဦးစီးဌာန  (သင္႐ိုးဌာနခြဲ)မွာ အာဆီယံ ပညာသင္ဆုေလွ်ာက္လႊာပံုစံေတြထပ္မံ ျဖည့္သြင္းရမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္  စင္ကာပူ ႏိုင္ငံမွလာေရာက္စစ္ေဆးမယ့္ ေရးေျဖစာေမးပြဲကို ရန္ကုန္ၿမိဳ႕မွာ ေျဖဆိုရမွာျဖစ္ၿပီး ထပ္မံေရြးခ်ယ္ခံရသူေတြကုိ  စက္တင္ဘာလထဲမွာ လူေတြ႕စစ္ေဆးမွာ ျဖစ္ပါတယ္။

Photos & Source: Kumdra, မာရီခိုင္


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs