• Lifestyle
    အရေးတကြီးလိုအပ်နေတဲ့တန်ဖိုးကြီးပစ္စည်းတွေကို ငွေအလုံးအရင်းမသုံးရဘဲ ဝယ်ယူနိုင်မယ့် အရစ်ကျငွေပေးချေမှုစနစ်အကြောင်း
Phyo Min Thant
[Unicode Version]

644--364 (1).jpg 

မိုဘိုင်းလ်ဖုန်း၊ ကွန်ပြူတာ ဒါမှမဟုတ် အခြားတန်ဖိုးကြီးပစ္စည်းတစ်ခုခုကို အရေးတကြီးဝယ်ဖို့လိုနေတဲ့အချိန်လက်ထဲမှာ ငွေကအပြည့်မရှိဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အရင်တုန်းကဆိုရင်တော့ ဒါဟာအတော်လေးဖြေရှင်းရခက်တဲ့ အခြေအနေတစ်ရပ်ဖြစ်မှာပါ။

ဒီနေ့ခေတ်မှာတော့ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ပြန်လည်တိုးတက်လာခြင်းနှင့်အတူ ပုံမှန်ဝင်ငွေရှိသူတွေအနေနဲ့ တန်ဖိုးကြီးမားတဲ့ကုန်ပစ္စည်းတွေကို ငွေတစ်လုံးတစ်ခဲတည်းသုံးစရာမလိုဘဲ အရစ်ကျပေးချေမှုစနစ်နဲ့ ဝယ်ယူဖို့ အခွင့်အလမ်းတွေရှိနေပြီဖြစ်ပါတယ်။ အရစ်ကျငွေပေးချေမှုစနစ်(Hire Purchase) ဆိုတာက ဝယ်ယူလိုတဲ့ကုန်ပစ္စည်း( ဥပမာ မော်တော်ကား၊ စက်ပစ္စည်း၊ တိုက်ခန်း၊ အဆောက်အအုံနှင့် အသုံးအဆောင်ပစ္စည်းများ)ရဲ့ တန်ဖိုးအပေါ် ကနဦးပေးသွင်းရမယ့် ငွေပမာဏကို customer က ကြိုတင်ပေးသွင်းရပြီး ကျန်ငွေကိုဘဏ်က စိုက်ထုတ်ပေးချေဆောင်ရွက်ပေးထားတဲ့ ချေးငွေဖြစ်ပါတယ်။

အဲဒီလို ဘဏ်ကစိုက်ထုတ်ပေးထားတဲ့ငွေကို သတ်မှတ်ကာလအတွင်းမှာ customer ကအရစ်ကျပြန်လည်ပေးဆပ် ရမှာပါ။ အဲဒီလို ဘဏ်ကစိုက်ထုတ်ပေးထားပြီးနောက်မှ အရစ်ကျပြန်ပေးသွင်းရတဲ့ စနစ်ကြောင့် ဝယ်ယူသူအနေနဲ့ ကိုယ့်ရဲ့ငွေကို တစ်လုံးတစ်ခဲတည်းအသုံးပြုဖို့မလိုတော့ဘဲ သတ်မှတ်ထားသောပမာဏအတိုင်းအရစ်ကျသာပေးချေရတော့မှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ဝင်ငွေကို စနစ်တကျစီမံခန့်ခွဲနိုင်မယ့် အခွင့်အရေးကောင်းတွေ ရရှိနိုင်မှာဖြစ်ပါတယ်။

အရစ်ကျစနစ်နဲ့ ဝယ်ယူမယ့် customer အနေနဲ့ ဘဏ်က ယုံကြည်ရတဲ့ လူပုဂ္ဂိုလ်က အာမခံစာချုပ်တွေမှာ လက်မှတ်ရေးထိုး အာမခံပေးဖို့တော့ လိုအပ်မှာဖြစ်ပြီး လိုအပ်ပါကဝယ်ယူတဲ့ ပစ္စည်းတန်ဖိုးအတွက် လုံလောက်တဲ့ အာမခံ/ ပိုင်ဆိုင်မှုကို ဘဏ်မှာပေးအပ်ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင်အရစ်ကျပေးသွင်းရမယ့်ငွေကိုသတ်မှတ်တဲ့နေ့မှာ ပေးသွင်းဖို့ပျက်ကွက်ခဲ့ရင် နောက်ကျကြေးပေးဆောင်ရမှာကို လည်းသတိပြုရမှာ ဖြစ်ပါတယ်။

အရစ်ကျစနစ်နဲ့ customer တွေကို ကုန်ပစ္စည်းရောင်းချလိုတဲ့လုပ်ငန်းရှင်တွေအနေနဲ့ တော့ဘဏ်နဲ့နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုပြီး လုပ်ငန်းလုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အရစ်ကျစနစ် (hire purchase) ဝန်ဆောင်မှုပေးနေတဲ့ ဘဏ်တွေထဲမှာ CB ဘဏ်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ပုံမှန်ဝင်ငွေရှိသူတိုင်း ဘဝနေထိုင်မှုလိုအပ်ချက်တွေရရှိပိုင်ဆိုင်နိုင်စေရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပြီး ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

CB Bank ရဲ့ အရစ်ကျစနစ်ကိုရယူပြီး Customer တွေအနေနဲ့ အိမ်၊တိုက်ခန်း၊ စက်မှုလယ်ယာသုံးစက်ပစ္စည်းတွေ၊ ပညာသင်ကြားရေး၊ အဖိုးတန်စိန်ရွှေလက်ဝတ်ရတနာတွေအပြင် မိုလ်ဘိုင်းဖုန်း စတာတွေကို ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ CB Bank ရဲ့အရစ်ကျစနစ်နဲ့ ဝယ်ယူတဲ့ Customer တွေအနေနဲ့ ကိုယ်ဝယ်ယူတဲ့ပစ္စည်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို ကနဦးအနေနဲ့ ဘဏ်ကိုပေးသွင်းရမှာဖြစ်ပြီး ကျန် ၇၀ ရာခိုင်နှုန်းကို အရစ်ကျစနစ်နဲ့ပေးသွင်းရမှာပါ။ အဲဒီလို အရစ်ကျ ပေးသွင်းစဉ်ကာလအတွင်း ငှားရမ်းခအဖြစ် ပစ္စည်းတန်ဖိုးရဲ့ ၄ ရာခိုင်နှုန်း၊ ကော်မရှင်ခအဖြစ် ပစ္စည်းတန်ဖိုးရဲ့ ၁ ရာခိုင်နှုန်း တို့ကို ဘဏ်ကိုပေးဆောင်ဖို့တော့လိုအပ်မှာဖြစ်ပါတယ်။ ဘဝနေထိုင်မှုအတွက် လိုအပ်ချက်နဲ့လိုအင်ဆန္ဒတွေကို ကူညီ ဖြည့်ဆည်းပေးနိုင်ဖို့ CB Bank ရဲ့ အရစ်ကျငွေပေးချေစနစ်ကအသင့်ရှိနေတယ်လို့လည်း CB Bank ကပြောကြားထား ပါတယ်။

CB Bank ရဲ့ Hire Purchase ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေထပ်မံသိရှိလိုပါက CB Bank ရဲ့ website - http://www.cbbank.com.mm/ နဲ့ Official Facebook page - https://www.facebook.com/CBBankmyanmar/?fref=ts တို့မှာ ဝင်ရောက်ကြည်ရှုနိုင်ပါတယ်။

[Zawgyi Version]

မိုဘိုင္းလ္ဖုန္း၊ ကြန္ျပဴတာ ဒါမွမဟုတ္ အျခားတန္ဖိုးၾကီးပစၥည္းတစ္ခုခုကို အေရးတၾကီးဝယ္ဖို႔လိုေနတဲ့အခ်ိန္လက္ထဲမွာ ေငြကအျပည့္မရွိဘူးဆိုရင္ ဘယ္လိုလုပ္ၾကမလဲ။ အရင္တုန္းကဆိုရင္ေတာ့ ဒါဟာအေတာ္ေလးေျဖရွင္းရခက္တဲ့ အေျခအေနတစ္ရပ္ျဖစ္မွာပါ။

ဒီေန႔ေခတ္မွာေတာ့ဘဏ္လုပ္ငန္းဝန္ေဆာင္မႈေတြ ျပန္လည္တိုးတက္လာျခင္းႏွင့္အတူ ပံုမွန္ဝင္ေငြရွိသူေတြအေနနဲ႔ တန္ဖိုးၾကီးမားတဲ့ကုန္ပစၥည္းေတြကို ေငြတစ္လံုးတစ္ခဲတည္းသံုးစရာမလိုဘဲ အရစ္က်ေပးေခ်မႈစနစ္နဲ႔ ဝယ္ယူဖို႔ အခြင့္အလမ္းေတြရွိေနျပီျဖစ္ပါတယ္။ အရစ္က်ေငြေပးေခ်မႈစနစ္(Hire Purchase) ဆိုတာက ၀ယ္ယူလိုတဲ့ကုန္ပစၥည္း( ဥပမာ ေမာ္ေတာ္ကား၊ စက္ပစၥည္း၊ တိုက္ခန္း၊ အေဆာက္အအံုႏွင့္ အသံုးအေဆာင္ပစၥည္းမ်ား)ရဲ႕ တန္ဖိုးအေပၚ ကနဦးေပးသြင္းရမယ့္ ေငြပမာဏကို customer က ႀကိဳတင္ေပးသြင္းရျပီး က်န္ေငြကိုဘဏ္က စိုက္ထုတ္ေပးေခ်ေဆာင္ရြက္ေပးထားတဲ့ ေခ်းေငြျဖစ္ပါတယ္။

အဲဒီလို ဘဏ္ကစိုက္ထုတ္ေပးထားတဲ့ေငြကို သတ္မွတ္ကာလအတြင္းမွာ customer ကအရစ္က်ျပန္လည္ေပးဆပ္ ရမွာပါ။ အဲဒီလို ဘဏ္ကစိုက္ထုတ္ေပးထားျပီးေနာက္မွ အရစ္က်ျပန္ေပးသြင္းရတဲ့ စနစ္ေၾကာင့္ ဝယ္ယူသူအေနနဲ႔ ကိုယ့္ရဲ႕ေငြကို တစ္လံုးတစ္ခဲတည္းအသံုးျပဳဖို႔မလိုေတာ့ဘဲ သတ္မွတ္ထားေသာပမာဏအတိုင္းအရစ္က်သာေပးေခ်ရေတာ့မွာ ျဖစ္တဲ့အတြက္ ကိုယ့္ရဲ႕၀င္ေငြကို စနစ္တက်စီမံခန္႔ခြဲႏိုင္မယ့္ အခြင့္အေရးေကာင္းေတြ ရရွိႏိုင္မွာျဖစ္ပါတယ္။

အရစ္က်စနစ္နဲ႔ ဝယ္ယူမယ့္ customer အေနနဲ႔ ဘဏ္က ယံုၾကည္ရတဲ့ လူပုဂၢိဳလ္က အာမခံစာခ်ဳပ္ေတြမွာ လက္မွတ္ေရးထိုး အာမခံေပးဖို႔ေတာ့ လိုအပ္မွာျဖစ္ၿပီး လိုအပ္ပါက၀ယ္ယူတဲ့ ပစၥည္းတန္ဖိုးအတြက္ လံုေလာက္တဲ့ အာမခံ/ ပိုင္ဆိုင္မႈကို ဘဏ္မွာေပးအပ္ထားရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္အရစ္က်ေပးသြင္းရမယ့္ေငြကိုသတ္မွတ္တဲ့ေန႕မွာ ေပးသြင္းဖို႔ပ်က္ကြက္ခဲ့ရင္ ေနာက္က်ေၾကးေပးေဆာင္ရမွာကို လည္းသတိျပဳရမွာ ျဖစ္ပါတယ္။

အရစ္က်စနစ္နဲ႔ customer ေတြကို ကုန္ပစၥည္းေရာင္းခ်လိုတဲ့လုပ္ငန္းရွင္ေတြအေနနဲ႔ ေတာ့ဘဏ္နဲ႔ႏွစ္ဦးသေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုျပီး လုပ္ငန္းလုပ္ေဆာင္ရမွာပဲ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ အရစ္က်စနစ္ (hire purchase) ဝန္ေဆာင္မႈေပးေနတဲ့ ဘဏ္ေတြထဲမွာ CB ဘဏ္လည္း တစ္ခုအပါအဝင္ျဖစ္ျပီး ပံုမွန္ဝင္ေငြရွိသူတိုင္း ဘဝေနထိုင္မႈလိုအပ္ခ်က္ေတြရရွိပိုင္ဆိုင္ႏုိင္ေစေရး အေထာက္အပံ့ျဖစ္ေစရန္ ရည္ရြယ္ျပီး ဝန္ေဆာင္မႈေပးလ်က္ရွိပါတယ္။

CB Bank ရဲ႕ အရစ္က်စနစ္ကိုရယူျပီး Customer ေတြအေနနဲ႔ အိမ္၊တိုက္ခန္း၊ စက္မႈလယ္ယာသံုးစက္ပစၥည္းေတြ၊ ပညာသင္ၾကားေရး၊ အဖိုးတန္စိန္ေရႊလက္၀တ္ရတနာေတြအျပင္ မိုလ္ဘိုင္းဖုန္း စတာေတြကို ဝယ္ယူႏုိင္မွာပဲ ျဖစ္ပါတယ္။ CB Bank ရဲ႕အရစ္က်စနစ္နဲ႔ ဝယ္ယူတဲ့ Customer ေတြအေနနဲ႔ ကိုယ္ဝယ္ယူတဲ့ပစၥည္းတန္ဖိုးရဲ႕ ၃၀ ရာခိုင္ႏႈန္းကို ကနဦးအေနနဲ႔ ဘဏ္ကိုေပးသြင္းရမွာျဖစ္ျပီး က်န္ ၇၀ ရာခိုင္ႏႈန္းကို အရစ္က်စနစ္နဲ႔ေပးသြင္းရမွာပါ။ အဲဒီလို အရစ္က် ေပးသြင္းစဥ္ကာလအတြင္း ငွားရမ္းခအျဖစ္ ပစၥည္းတန္ဖိုးရဲ႕ ၄ ရာခိုင္ႏႈန္း၊ ေကာ္မရွင္ခအျဖစ္ ပစၥည္းတန္ဖိုးရဲ႕ ၁ ရာခိုင္ႏႈန္း တို႔ကို ဘဏ္ကိုေပးေဆာင္ဖို႔ေတာ့လိုအပ္မွာျဖစ္ပါတယ္။ ဘဝေနထိုင္မႈအတြက္ လိုအပ္ခ်က္နဲ႔လိုအင္ဆႏၵေတြကို ကူညီ ျဖည့္ဆည္းေပးႏုိင္ဖို႔ CB Bank ရဲ႕ အရစ္က်ေငြေပးေခ်စနစ္ကအသင့္ရွိေနတယ္လို႔လည္း CB Bank ကေျပာၾကားထား ပါတယ္။

CB Bank ရဲ႕ Hire Purchase ဝန္ေဆာင္မႈနဲ႔ပတ္သက္ျပီး အေသးစိတ္အခ်က္အလက္ေတြထပ္မံသိရွိလိုပါက CB Bank ရဲ႕ website - http://www.cbbank.com.mm/ နဲ႔ Official Facebook page - https://www.facebook.com/CBBankmyanmar/?fref=ts တို႔မွာ ၀င္ေရာက္ၾကည္႐ႈႏိုင္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs