• Lifestyle
    စကား (၆)ခွန်း (၄)ခွန်းပယ်
Pyae Phyo Thein
[Unicode Version]

archery.gif 

ကျွန်တော်တို့ နေ့စဉ်သုံးစွဲပြောဆိုနေကြတဲ့ စကားတွေကို အမျိုးအစားခွဲကြည့်ရင် (၆)မျိုးသာရှိတယ်ဆိုပဲဗျ။ ဒီ (၆)မျိုးထဲကမှ ပြောသင့်ပြောထိုက်တဲ့ စကားဆိုလို့ (၂)မျိုးပဲပါပြီး ကျန်(၄)မျိုးကို ပယ်ထားတယ်ဗျ။ သိပ်လည်း မှတ်သားစရာကောင်းပါပေ့ဗျာ။ အစကတော့ ကျွန်တော်လည်း ရှိတာမှခြောက်မျိုး၊ လေးမျိုးပယ်လိုက်တော့ ဘာသွားပြောတော့မလဲလို့ တွေးမိတာပေါ့ဗျာ။ ဒါပေမဲ့ ဖတ်ကြည့်ပြီး သေချာတွေးကြည့်တော့မှပဲ အဟုတ်သားဗျ။ လက်တွေ့လောကမှာလည်း အဲဒီနှစ်မျိုးက မရှိမဖြစ်ပဲ။ အမှန်တကယ် လိုအပ်တာလည်း ဒီနှစ်မျိုးပဲဗျ။

အဲဒါတွေကတော့ -

၁။  ဟုတ်မှန်၍ အကျိုးရှိရမည်။ သူလည်းနာလို၊ ကြားလိုသောစကား။

၂။  ဟုတ်မှန်၍ အကျိုးရှိသော်လည်း သူ မနာလို၊ မကြားလိုသောစကား။

၃။  ဟုတ်မှန်၏။ သို့သော် အကျိုးလည်းမရှိ။ သူလည်း မနာလို၊ မကြားလိုသောစကား။

၄။  မဟုတ်မမှန်သော်လည်း အကျိုးရှိ၍ သူ နာလိုနှစ်သက်သောစကား။

၅။  မဟုတ်မမှန်၊ အကျိုးမရှိ။ သူ နာလိုနှစ်သက်သောစကား။

၆။  မဟုတ်မမှန်၊ အကျိုးလည်းမရှိ။ သူလည်း မနာလို၊ မကြားလိုသောစကား

aid20079-v4-728px-Become-a-Philosopher-Step-10-Version-2.jpg 

အဲဒီ (၆)မျိုးထဲက နံပါတ် (၁) နဲ့ (၂) နှစ်မျိုးကိုပဲ နေ့စဉ်ဘဝမှာ အသုံးပြုရမယ်လို့ ဆုံးမညွှန်ပြ ထားတယ်ဗျ။ ဘာလို့လဲဆိုတော့ အဲဒီနှစ်မျိုးလုံးက မှန်ကန်တဲ့အပြင် အကျိုးကျေးဇူးကောင်းတွေ ဖြစ်ထွန်းစေလို့ပဲဗျ။ ဒါပေမဲ့ အဲဒီနှစ်မျိုးထဲကမှ နံပါတ် (၂)ကို ရံဖန်ရံခါ လိုအပ်လာမှသာ ကာလ ဒေသ ပုဂ္ဂလပေါ်မူတည်ပြီး သုံးသင့်တယ်လို့လည်း ဆိုထားပါတယ်။ ဘာကြောင့်လဲဆိုရင် သူများမကြားလို၊ မနာလိုတဲ့ မှန်ကန်အကျိုးရှိတဲ့စကားနဲ့စာရင် သူများလည်း ကြားလို၊ နာလိုပြီး မှန်ကန်အကျိုးရှိတဲ့စကားက ပိုပြီး သင့်လျော်လို့ပါ။

ဒါကြောင့် ရှေးပညာရှိကြီးတွေက  “စကားခြောက်ခွန်း၊ လူ၌ထွန်ုး၊ လေးခွန်းရှောင်ခွာ၊ နှစ်ခွန်းသာ” ဆိုပြီး ဗုဒ္ဓမြတ်စွာဘုရား ဆုံးမညွှန်ပြထားတဲ့ အတိုင်း လိုက်နာကျင့်သုံးကြဖို့ အားလုံးကို ဆုံးမခဲ့ကြပါတယ်။

[Zawgyi Version]

archery.gif 

ကၽြန္ေတာ္တို႔ ေန႔စဥ္သံုးစြဲေျပာဆိုေနၾကတဲ့ စကားေတြကို အမ်ိဳးအစားခြဲၾကည့္ရင္ (၆)မ်ိဳးသာရွိတယ္ဆိုပဲဗ်။ ဒီ (၆)မ်ိဳးထဲကမွ ေျပာသင့္ေျပာထိုက္တဲ့ စကားဆိုလို႔ (၂)မ်ိဳးပဲပါၿပီး က်န္(၄)မ်ိဳးကို ပယ္ထားတယ္ဗ်။ သိပ္လည္း မွတ္သားစရာေကာင္းပါေပ့ဗ်ာ။ အစကေတာ့ ကၽြန္ေတာ္လည္း ရွိတာမွေျခာက္မ်ိဳး၊ ေလးမ်ိဳးပယ္လိုက္ေတာ့ ဘာသြားေျပာေတာ့မလဲလို႔ ေတြးမိတာေပါ့ဗ်ာ။ ဒါေပမဲ့ ဖတ္ၾကည့္ၿပီး ေသခ်ာေတြးၾကည့္ေတာ့မွပဲ အဟုတ္သားဗ်။ လက္ေတြ႔ေလာကမွာလည္း အဲဒီႏွစ္မ်ိဳးက မရွိမျဖစ္ပဲ။ အမွန္တကယ္ လိုအပ္တာလည္း ဒီႏွစ္မ်ိဳးပဲဗ်။

အဲဒါေတြကေတာ့ -

၁။  ဟုတ္မွန္၍ အက်ိဳးရွိရမည္။ သူလည္းနာလို၊ ၾကားလိုေသာစကား။

၂။  ဟုတ္မွန္၍ အက်ိဳးရွိေသာ္လည္း သူ မနာလို၊ မၾကားလိုေသာစကား။

၃။  ဟုတ္မွန္၏။ သို႔ေသာ္ အက်ိဳးလည္းမရွိ။ သူလည္း မနာလို၊ မၾကားလိုေသာစကား။

၄။  မဟုတ္မမွန္ေသာ္လည္း အက်ိဳးရွိ၍ သူ နာလိုႏွစ္သက္ေသာစကား။

၅။  မဟုတ္မမွန္၊ အက်ိဳးမရွိ။ သူ နာလိုႏွစ္သက္ေသာစကား။

၆။  မဟုတ္မမွန္၊ အက်ိဳးလည္းမရွိ။ သူလည္း မနာလို၊ မၾကားလိုေသာစကား

အဲဒီ (၆)မ်ိဳးထဲက နံပါတ္ (၁) နဲ႔ (၂) ႏွစ္မ်ိဳးကိုပဲ ေန႔စဥ္ဘဝမွာ အသံုးျပဳရမယ္လို႔ ဆံုးမညႊန္ျပ ထားတယ္ဗ်။ ဘာလို႔လဲဆိုေတာ့ အဲဒီႏွစ္မ်ိဳးလံုးက မွန္ကန္တဲ့အျပင္ အက်ိဳးေက်းဇူးေကာင္းေတြ ျဖစ္ထြန္းေစလို႔ပဲဗ်။ ဒါေပမဲ့ အဲဒီႏွစ္မ်ိဳးထဲကမွ နံပါတ္ (၂)ကို ရံဖန္ရံခါ လိုအပ္လာမွသာ ကာလ ေဒသ ပုဂၢလေပၚမူတည္ၿပီး သံုးသင့္တယ္လို႔လည္း ဆိုထားပါတယ္။ ဘာေၾကာင့္လဲဆိုရင္ သူမ်ားမၾကားလို၊ မနာလိုတဲ့ မွန္ကန္အက်ိဳးရွိတဲ့စကားနဲ႔စာရင္ သူမ်ားလည္း ၾကားလို၊ နာလိုၿပီး မွန္ကန္အက်ိဳးရွိတဲ့စကားက ပိုၿပီး သင့္ေလ်ာ္လို႔ပါ။

ဒါေၾကာင့္ ေရွးပညာရွိႀကီးေတြက  “စကားေျခာက္ခြန္း၊ လူ၌ထြန္ုး၊ ေလးခြန္းေရွာင္ခြာ၊ ႏွစ္ခြန္းသာ” ဆိုၿပီး ဗုဒၶျမတ္စြာဘုရား ဆံုးမညႊန္ျပထားတဲ့ အတိုင္း လိုက္နာက်င့္သံုးၾကဖို႔ အားလံုးကို ဆံုးမခဲ့ၾကပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs