ဒီလိုမေးခွန်းတွေကိုသာ မေးတတ်မယ်ဆိုရင် အလုပ်ရဖို့တောင် ပိုပြီးအခွင့်အရေးများပါတယ်။

အလုပ်ခေါ်တဲ့ အင်တာဗျူးတွေကို ဖြေပြီးတိုင်းမှာ အင်တာဗျူးသူတွေဘက်က ကိုယ့်အနေနဲ့ မေးစရာရှိသလား၊ သိချင်တာရှိသလားလို့ မေးမြန်းလေ့ရှိပါတယ်။ အဲ့ဒီအခါမှာ "မရှိပါဘူး" လို့ ပြီးစလွယ် မဖြေလိုက်ပါနဲ့။ အခုပြောပြမယ့် မေးခွန်း ၃ ခုကို မေးဖြစ်အောင် မေးပြီးမှသာ အခန်းထဲကပြန်ထွက်လာခဲ့ပါ။ ကိုယ်ကမေးခွန်းတွေမေးလိုက်လို့ အင်တာဗျူးသူတွေဘက်က ငြိုငြင်သွားမှာ မစိုးရိမ်ပါနဲ့။ ဒီလိုမေးခွန်းတွေကိုသာ မေးတတ်မယ်ဆိုရင် အလုပ်ရဖို့တောင် ပိုပြီးအခွင့်အရေးများပါတယ်။

 

၁။ လုပ်ငန်းခွင်ထဲကသဘောသဘာဝ

အလုပ်ထဲမှာ လူတွေဘယ်လိုနေထိုင်ကြရလဲ၊ စည်းမျဉ်းစည်းကမ်းနဲ့ သဘောသဘာဝတွေကို သိထားဖို့ လိုပါတယ်။ ဘာတွေပါမလဲဆိုရင် နေထိုင်ပြုမူပုံစည်းမျဉ်းတွေ၊ ဆက်သွယ်မှု၊ လှုပ်ရှားဆောင်ရွက်မှု စတာတွေပေါ့။ ဒါတွေကို မေးမြန်းစုံစမ်းထားတဲ့အခါ အလုပ်ထဲမှာ ပိုပြီးသင်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။

 

၂။ ဝန်ထမ်းတစ်ယောက်ရဲ့တစ်နေ့တာ

ကိုယ်တကယ်အလုပ်လုပ်ရပြီဆိုရင် တစ်နေ့တာအတွင်း ဘာတွေလုပ်ရမယ်ဆိုတာကိုလည်း မေးမြန်းပါ။ ကိုယ့်ရဲ့တာဝန် ဝတ္တရားတွေက ဘာတွေလဲဆိုတာ သိထားသင့်ပါတယ်။ ဒါကိုမေးမြန်းလိုက်ခြင်းအားဖြင့် ကိုယ်လုပ်ရမှာတွေကိုသိလိုက်ရမှာဖြစ်သလို အဟန့်အတားတွေကိုလည်း ကြိုပြင်ဆင်လို့ရသွားပါတယ်။ ပြီးတော့ အလုပ်ကို သိပ်စိတ်ဝင်စားတယ်လို့လည်း အင်တာဗျူးသူက ထင်သွားပါလိမ့်မယ်။

၃။ နောက်တစ်ဆင့်

အင်တာဗျူးတစ်ခု ဖြေပြီးသွားတိုင်း အချိန်တစ်ခုကို စောင့်ဆိုင်းနေရတာ စိတ်ညစ်စရာတော့ ကောင်းပါတယ်။ တချို့ဆိုရင် အကြောင်းပြန်ပါ့မယ်လို့ပဲပြောပြီး ဘယ်နေ့ဘယ်ရက်ဆိုတာ မပြောဘူးလေ။ အဲ့ဒီတော့ ကိုယ့်မှာ အလုပ်ရနိုးနိုး မျှော်နေရင်း စိတ်ပင်ပန်းရတယ်။ အလုပ်ခေါ်/မခေါ်ဆိုတာကို ဘယ်နေ့မှာ နောက်ဆုံးထားပြီး အကြောင်းပြန်မလဲဆိုတာကို မေးခဲ့ပါ။ နောက်ဆုံးရက်မှာမှ သူတို့ဘက်ကအကြောင်းမကြားရင် ကိုယ်က ဖုန်းဆက်စုံစမ်းလို့လည်း ရတာပဲ။

 

အားလုံးမေးပြီးသွားရင်တော့ ကျေးဇူးတင်စကားကို မဖြစ်မနေ ပြောခဲ့ဖို့ လိုပါတယ်။ ကိုယ်က တစ်ခါတည်း အရွေးမခံရဘူးဆိုရင်တောင်မှ နောက်တစ်ကြိမ် ထည့်သွင်းစဉ်းစားဖို့ လိုလာတဲ့အခါ ပြန်စဉ်းစားပေးကြပါလိမ့်မယ်။

Ref : Bright Side

Share

Loading Next Article...
က္က