• Lifestyle

    ထိုင်ပုံထိုင်နည်းကိုကြည့်ပြီး စိတ်နေစိတ်ထားကို အကဲခတ်နည်း

Thiha Htun
[Unicode Version]

လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို စကားပြောကြည့်ရင်းနဲ့ သိနိုင်တာတွေရှိသလို ကိုယ်နေဟန်ထားကိုကြည့်ပြီးလည်း အများကြီးသိနိုင်ပါတယ်။ လူတွေရဲ့စိတ်နေစိတ်ထားကို လေ့လာတဲ့ စိတ်ပညာရှင်တွေဟာ လူတွေရဲ့ ကိုယ်နေဟန်ထားနဲ့ ထိုင်တဲ့ ပုံစံတွေကို လေ့လာပြီး ကောက်ချက်လေးတွေချခဲ့ပါတယ်။

cover-image-13.jpg 

၁။ တင်ပလ္လင်ခွေထိုင်တတ်သူ

image-1-2.jpg 

တင်ပလ္လင်ခွေထိုင်တတ်သူတွေကတော့ လွတ်လပ်တဲ့စိတ်နေစိတ်ထားရှိသူ၊ သွက်လက်ဖျတ်လတ်သူ၊ ပေါ့ပေါးပါးပါးနေတတ်သူတွေဖြစ်ပါတယ်။ သူတို့ရဲ့စိတ်ထဲမှာ ဘာကိုမှ အရမ်းကြီး serious မထားတတ်ဘဲ အရာရာကို ပေါ့ပေါ့ပါးပါး လက်ခံနိုင်သူတွေလည်း ဖြစ်ကြပါတယ်။ သူတို့ဟာ ကြမ်းပြင်ပေါ်မှာပဲဖြစ်ဖြစ်၊ ဆိုဖာပေါ်မှာပဲဖြစ်ဖြစ် တင်ပလ္လင်ခွေ ထိုင်တတ်ကြပါတယ်။

၂။ ဒူးထောက်ထိုင်တတ်သူ

image-2-2.jpg 

ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထိုင်တတ်သူတွေကတော့ နေရာတိုင်းမှာ ခေါင်းမာတတ်သူ၊ ကိုင်တွယ်ရခက်ခဲသူတွေ ဖြစ်ပါတယ်။ သူတို့နဲ့ ပေါင်းသင်းရတာ ခေါင်းရှုပ်ဖို့ကောင်းလွန်းလို့ ဘယ်သူမှ ဆက်ဆံချင်ကြမှာ မဟုတ်ပါဘူး။

၃။ ခြေပစ်လက်ပစ်ထိုင်တတ်သူ

image-3-2.jpg 

ဓာတ်ပုံရိုက်ရင် ပို့စ်ပေးတဲ့ စတိုင်လ်အတိုင်းပါပဲ။ ဒူးတစ်ဖက်ကို ထောင်ထားပြီး ကျန်တဲ့ခြေထောက်တစ်ဖက်ကို ခြေဆင်းထိုင်တတ်သူမျိုးမှာ မိမိရဲ့ခန္ဓာကိုယ် အလှအပတစ်ခုလုံးကို ဖော်ပြနေတတ်သူမျိုး ဖြစ်ပါတယ်။ သူတို့ဟာ ဘဝမှာ ပေါ့ပေါ့ပါးပါးနေတတ်လွန်းတော့ ပေါ့ပျက်ပျက်နိုင်လွန်းတယ်လို့ အထင်ခံရသူတွေလည်း ဖြစ်ပါတယ်။

၄။ ခြေချိတ်ထိုင်တတ်သူ

ထိုင်ခုံပေါ်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းကို မတ်မတ်ထားပြီး ခြေချိတ်ထိုင်တတ်သူတွေတော့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိပြီး ဘဝမှာ ဖုံးကွယ်ထားစရာလည်း မရှိသလောက် နည်းပါးပါတယ်။

၅။ မတ်မတ်ထိုင်တတ်သူ

image-5-3.jpg 

ခန္ဓာကိုယ်အပေါ်ပိုင်းကော၊ ခန္ဓာကိုယ်အောက်ပိုင်းပါ မားမားမတ်မတ်ပုံစံမျိုးနဲ့ ထိုင်ခုံမှာထိုင်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်မှာတင်ထားတတ်သူမျိုးမှာတော့ မိမိကိုယ်ကိုယ်အပြည့်အဝ ယုံကြည်မှုရှိခြင်းနဲ့ တစ်ပါးသူတွေရဲ့ယုံကြည်မှုကိုပါ အပြည့်အဝရရှိနိုင်ခြင်းဆိုတဲ့ ဂုဏ်ဒြပ်တွေနဲ့ ပြည့်စုံနေပုံပေါ်ပါတယ်။

ရုပ်သံဇာတ်လမ်းတွဲများကို စွဲစွဲလမ်းလမ်းကြည့်ခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင် 

၆။ ပျင်းတိပျင်းရွဲ ထိုင်တတ်သူ

image-6.jpg

ကျောရိုးကို မတ်မတ်မထားဘဲ ပျင်းတိပျင်းရွဲပုံစံနဲ့ ထိုင်ခုံကျောကုန်းကို နောက်မှီထားသလို ခြေထောက်ကိုလည်း ချိတ်ထားတတ်သူကတော့ လိင်ဆွဲဆောင်မှုအပြည့်ရှိသလို သက်တောင့်သက်သာရှိဟန်လည်း ပေါ်ပါတယ်။ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိခြင်းကိုလည်း ဖော်ပြနေပါတယ်။

၇။ မတ်မတ်ထိုင်ပြီး ခုံပေါ်လက်တင်ထားတတ်သူ

image-8.jpg 

ခါးကို မတ်မတ်ထိုင်ပြီး လက်နှစ်ဖက်ကို စားပွဲခုံပေါ်မှာတင်ပြီး ယှက်ထားတတ်သူတွေကတော့ စိတ်မလုံခြုံသူတွေကိုဖြစ်ပြီး မိမိတို့ရဲ့အမှား (သို့) လိမ်ညာမှုတွေကို လူမသိစေချင်လို့ လက်တွေကို ယှက်သွယ်ထားတာလို့ ဆိုကြပါတယ်။

၈။ လက်ပိုက်ထားတတ်သူ

image-9.jpg 

ထိုင်ခုံပေါ်မှာ မတ်မတ်ထိုင်နေရင်း လက်ပိုက်ထားတတ်သူတွေကတော့ စိတ်တိုလွယ်၊ ဒေါသထွက်လွယ်သူတွေဖြစ်ပြီး စဆရကတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ မိမိကိုယ်ကိုယ် အလွန်အကျွံ အထင်ကြီးမှုကို လက်ပိုက်ထားရင်း ဖော်ပြတတ်ပါတယ်။

Source: youngisthan

 

[Zawgyi Version]

လူတစ္ေယာက္ရဲ႕ စိတ္ေနစိတ္ထားကို စကားေျပာၾကည္႔ရင္းနဲ႔ သိႏိုင္တာေတြရွိသလို ကိုယ္ေနဟန္ထားကိုၾကည္႔ၿပီးလည္း အမ်ားႀကီးသိႏိုင္ပါတယ္။ လူေတြရဲ႕စိတ္ေနစိတ္ထားကို ေလ႔လာတဲ႔ စိတ္ပညာရွင္ေတြဟာ လူေတြရဲ႕ ကိုယ္ေနဟန္ထားနဲ႔ ထိုင္တဲ႔ ပံုစံေတြကို ေလ႔လာၿပီး ေကာက္ခ်က္ေလးေတြခ်ခဲ႔ပါတယ္။

 

၁။ တင္ပလႅင္ေခြထိုင္တတ္သူ

 

တင္ပလႅင္ေခြထိုင္တတ္သူေတြကေတာ႔ လြတ္လပ္တဲ႔စိတ္ေနစိတ္ထားရွိသူ၊ သြက္လက္ဖ်တ္လတ္သူ၊ ေပါ႔ေပါးပါးပါးေနတတ္သူေတြျဖစ္ပါတယ္။ သူတို႔ရဲ႕စိတ္ထဲမွာ ဘာကိုမွ အရမ္းႀကီး serious မထားတတ္ဘဲ အရာရာကို ေပါ႔ေပါ႔ပါးပါး လက္ခံႏိုင္သူေတြလည္း ျဖစ္ၾကပါတယ္။ သူတို႔ဟာ ၾကမ္းျပင္ေပၚမွာပဲျဖစ္ျဖစ္၊ ဆိုဖာေပၚမွာပဲျဖစ္ျဖစ္ တင္ပလႅင္ေခြ ထိုင္တတ္ၾကပါတယ္။

၂။ ဒူးေထာက္ထိုင္တတ္သူ

 

ၾကမ္းျပင္ေပၚမွာ ဒူးေထာက္ထုိင္တတ္သူေတြကေတာ႔ ေနရာတိုင္းမွာ ေခါင္းမာတတ္သူ၊ ကိုင္တြယ္ရခက္ခဲသူေတြ ျဖစ္ပါတယ္။ သူတို႔နဲ႔ ေပါင္းသင္းရတာ ေခါင္းရႈပ္ဖို႔ေကာင္းလြန္းလို႔ ဘယ္သူမွ ဆက္ဆံခ်င္ၾကမွာ မဟုတ္ပါဘူး။

၃။ ေျခပစ္လက္ပစ္ထိုင္တတ္သူ

 

ဓာတ္ပံုရိုက္ရင္ ပို႔စ္ေပးတဲ႔ စတိုင္လ္အတိုင္းပါပဲ။ ဒူးတစ္ဖက္ကို ေထာင္ထားၿပီး က်န္တဲ႔ေျခေထာက္တစ္ဖက္ကို ေျခဆင္းထိုင္တတ္သူမ်ိဳးမွာ မိမိရဲ႕ခႏၶာကုိယ္ အလွအပတစ္ခုလံုးကို ေဖာ္ျပေနတတ္သူမ်ိဳး ျဖစ္ပါတယ္။ သူတို႔ဟာ ဘဝမွာ ေပါ႔ေပါ႔ပါးပါးေနတတ္လြန္းေတာ႔ ေပါ႔ပ်က္ပ်က္ႏိုင္လြန္းတယ္လို႔ အထင္ခံရသူေတြလည္း ျဖစ္ပါတယ္။

၄။ ေျခခ်ိတ္ထိုင္တတ္သူ

ထိုင္ခံုေပၚမွာ ခႏၶာကိုယ္အေပၚပိုင္းကို မတ္မတ္ထားၿပီး ေျခခ်ိတ္ထိုင္တတ္သူေတြေတာ႔ စိတ္ပိုင္းဆိုင္ရာလံုျခံဳမႈနဲ႔ မိမိကိုယ္ကိုယ္ယံုၾကည္မႈ အျပည္႔ရွိၿပီး ဘဝမွာ ဖံုးကြယ္ထားစရာလည္း မရွိသေလာက္ နည္းပါးပါတယ္။

၅။ မတ္မတ္ထိုင္တတ္သူ

 

ခႏၶာကိုယ္အေပၚပိုင္းေကာ၊ ခႏၶာကုိယ္ေအာက္ပိုင္းပါ မားမားမတ္မတ္ပံုစံမ်ိဳးနဲ႔ ထိုင္ခံုမွာထိုင္ၿပီး လက္ႏွစ္ဖက္ကို ဒူးေပၚမွာတင္ထားတတ္သူမ်ိဳးမွာေတာ႔ မိမိကိုယ္ကိုယ္အျပည္႔အဝ ယံုၾကည္မႈရွိျခင္းနဲ႔ တစ္ပါးသူေတြရဲ႕ယံုၾကည္မႈကိုပါ အျပည္႔အဝရရွိႏိုင္ျခင္းဆိုတဲ႔ ဂုဏ္ျဒပ္ေတြနဲ႔ ျပည္႔စံုေနပံုေပၚပါတယ္။

ရုပ္သံဇာတ္လမ္းတြဲမ်ားကို စြဲစြဲလမ္းလမ္းၾကည္႔ျခင္းက က်န္းမာေရးကိုထိခိုက္ေစႏိုင္ 

၆။ ပ်င္းတိပ်င္းရြဲ ထိုင္တတ္သူ



ေက်ာရိုးကို မတ္မတ္မထားဘဲ ပ်င္းတိပ်င္းရြဲပံုစံနဲ႔ ထိုင္ခံုေက်ာကုန္းကို ေနာက္မွီထားသလို ေျခေထာက္ကိုလည္း ခ်ိတ္ထားတတ္သူကေတာ႔ လိင္ဆြဲေဆာင္မႈအျပည္႔ရွိသလို သက္ေတာင္႔သက္သာရွိဟန္လည္း ေပၚပါတယ္။ ဒါမွမဟုတ္ စိတ္ပိုင္းဆိုင္ရာ လံုျခံဳမႈမရွိျခင္းကိုလည္း ေဖာ္ျပေနပါတယ္။

၇။ မတ္မတ္ထိုင္ၿပီး ခံုေပၚလက္တင္ထားတတ္သူ

 

ခါးကို မတ္မတ္ထိုင္ၿပီး လက္ႏွစ္ဖက္ကို စားပြဲခံုေပၚမွာတင္ၿပီး ယွက္ထားတတ္သူေတြကေတာ႔ စိတ္မလံုျခံဳသူေတြကိုျဖစ္ၿပီး မိမိတို႔ရဲ႕အမွား (သို႔) လိမ္ညာမႈေတြကို လူမသိေစခ်င္လို႔ လက္ေတြကို ယွက္သြယ္ထားတာလို႔ ဆိုၾကပါတယ္။

၈။ လက္ပိုက္ထားတတ္သူ

 

ထိုင္ခံုေပၚမွာ မတ္မတ္ထိုင္ေနရင္း လက္ပိုက္ထားတတ္သူေတြကေတာ႔ စိတ္တိုလြယ္၊ ေဒါသထြက္လြယ္သူေတြျဖစ္ၿပီး စဆရကေတြလည္း ျဖစ္ပါတယ္။ သူတို႔ဟာ မိမိကိုယ္ကိုယ္ အလြန္အကြ်ံ အထင္ႀကီးမႈကို လက္ပိုက္ထားရင္း ေဖာ္ျပတတ္ပါတယ္။

Source: youngisthan

 



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs