• Lifestyle
    ကျန်းမာရေးကို ထိခိုက်စေတဲ့ နေ့စဉ်သုံးပစ္စည်း (၅) မျိုး
Thiha Htun
[Unicode Version]

ကျွန်တော်တို့တွေ နေ့စဉ်သုံးစွဲဖြစ်နေတဲ့ ပစ္စည်းတွေဟာ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူတွေ၊ မားကက်တင်းပညာရှင်တွေနဲ့ ကြော်ငြာအေဂျင်စီတွေရဲ့ လွှမ်းမိုးမှုကြောင့်သာ သုံးဖြစ်နေတာဖြစ်ပြီး တကယ်တမ်းကျတော့ ကျန်းမာရေးကို တစ်မျိုးတစ်ဖုံထိပါးစေနိုင်ပါတယ်။ နေ့စဉ်သုံးပစ္စည်းတွေထဲက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ပစ္စည်းတွေကတော့...

၁။ ပလတ်စတစ်ဘူးတွေ

containers-classic.jpg 

ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ အစားအစာထည့်ဘူးတွေဟာ ကျွန်တော်တို့ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ တိတိကျကျ ပြောရရင် ပလတ်စတစ်ပစ္စည်းတွေ ခိုင်မာအောင်ထည့်ထားတဲ့ ဓာတုပစ္စည်းတွေက ကျွန်တော်တို့ကို ထိခိုက်စေတာပါ။ အထူးသဖြင့် အဲဒီပလတ်စတစ်ဘူးတွေကို ပူလောင်တဲ့အစားအစာတွေ ထည့်မိတဲ့အချိန်မှာ အခြေအနေက ပိုမိုဆိုးဝါးသွားတတ်ပါတယ်။

အဲဒီလိုအချိန်မှာ ပလတ်စတစ်ဘူးတွေမှာ အဆိပ်အတောက်ဖြစ်လာပြီး အန္တရာယ်လည်းများလာပါတယ်။ ဒါကြောင့် ပလတ်စတစ်ဘူးတွေထဲမှာ ပူလောင်တဲ့အစားအစာတွေ မထည့်သင့်သလို အချိန် (၅) လ ထက်ကျော်လွန်အောင်လည်း အသုံးမပြုသင့်ပါဘူး။ မိုက်ခရိုဝေ့ဖ် မီးဖိုထဲ မထည့်သင့်တာကိုတော့ သိထားပြီးသားဖြစ်မှာပါ။

၂။ Crocs ကွင်းထိုးဖိနပ်တွေ

71FUINouPxL._UL1500_.jpg 

လူသန်းပေါင်းများစွာဟာ Crocs တံဆိပ်ဖိနပ်တွေကို နှစ်သက်စွာစီးနေကြပါတယ်။ Crocs ရဲ့ တမူထူးခြားတဲ့ ဒီဇိုင်းကိုလည်း လူတိုင်းနှစ်သက်ကြပါတယ်။ ဒါပေမယ့် Crocs ဖိနပ်တွေဟာ ခြေဖနောင့်အတွက် သိပ်မကောင်းပါဘူး။

Crocs ဖိနပ်ကြောင့်ဖြစ်တဲ့ ခြေဖနောင့်အနေအထားပုံမမှန်ခြင်းကနေ ခြေချောင်းလေးတွေရွဲ့စောင်းခြင်း၊ အသားမာတက်ခြင်းနဲ့ ခြေထောက်နာကျင်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ Crocs ဖိနပ်ထက် ပိုပြီးသက်တောင့်သက်သာရှိမယ့် ဖိနပ်တွေ စီးသင့်တဲ့ နောက်ထပ်အကြောင်းရင်း တစ်ခုကတော့ ကြာကြာစီးရင် ခြေခွင် (ခြေချောင်းနဲ့ ဖနောင့်ကြားကနေရာ) ဟာ ပျော့ပျောင်း လာတတ်ပြီး ခြေထောက်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၃။ မျက်တောင်ခြယ်ဆေး

image1xxl.jpg 

မျက်တောင်ခြယ်ဆေး အသစ်တစ်ချောင်းဝယ်တော့မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို သေချာစစ်ဆေးကြည့်ပါ။ paraben လိုမျိုး၊ အလူမီနီယမ်မှုန့်လိုမျိုး၊ propylene glycol လိုမျိုး ပါဝင်ဓာတုပစ္စည်းအချို့ဟာ မျက်စိကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ နောက်ပြီး အိမ်မှာမေ့ကျန်ခဲ့လို့ဆိုပြီး အပြင်သွားခါနီး သူငယ်ချင်းရဲ့ မျက်တောင်ခြယ်ဆေးကို ငှားသုံးတာမျိုးကိုလည်း ရှောင်ကြဉ်ပါ။ ဘာလို့လဲဆိုတော့ ဘက်တီးရီးယားနဲ့ မှိုတွေ တွယ်ကပ်နေနိုင်ပြီး မျက်စိပိုးဝင်ခြင်း ဖြစ်စေနိုင်လို့ပါပဲ။

ရုပ်သံဇာတ်လမ်းတွဲများကို စွဲစွဲလမ်းလမ်းကြည့်ခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင် 

၄။ တွယ်ကပ်ခြင်းမရှိတဲ့ ဒယ်အိုး (nonstick cockware)

Nonstickfryingpan.jpg 

တွယ်ကပ်ခြင်းမရှိတဲ့ ဒယ်အိုးပြား (nonstick cockware) တွေမှာပါဝင်တဲ့ ဖလိုရင်းပါဝင်မှုမြင့်မားတဲ့ ဓာတုပစ္စည်းတွေဟာ အလွန်အန္တရာယ်များပါတယ်။ အပူချိန် (၂၃၀) ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်တဲ့အခါ ဒယ်အိုးမျက်နှာပြင်မှ အငွေ့ပြန်လွယ်တဲ့ အရာဝတ္ထုတွေ ပေါ်ထွက်လာတတ်ပါတယ်။ ဒတ်ချ်လူမျိုးသုတေသီတွေရဲ့အဆိုအရ အဲဒီအဆိပ်အတောက်ပစ္စည်းတွေ သွေးထဲရောက်လာရင် ကင်ဆာဆဲလ်တွေ ဖြစ်လာနိုင်ပါတယ်တဲ့။

၅။ ဘက်တီးရီးယားကာကွယ်တဲ့ ဆပ်ပြာ

hand-washing-hero-image.jpg 

ဘက်တီးရီးယားကာကွယ်တဲ့ဆပ်ပြာတွေထဲမှာ ပါဝင်တဲ့ပိုးသတ်ဆေးပမာဏဟာ ဝ.၃ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ ဒါပေမယ့် အန္တရာယ်ကတော့ အများကြီးပါပဲ။ အဲဒီပစ္စည်းတွေဟာ ခုခံအားကို လျော့နည်းစေပြီး ခန္ဓာကိုယ်ရဲ့ antibiotic စုပ်ယူနိုင်စွမ်းကိုလည်း လျော့နည်းစေပါတယ်။ နောက်ပြီး ဟော်မုန်းမညီမညွတ်ဖြစ်ခြင်း၊ ကြွက်သားနာကျင်ခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

Source: Brightside

 

[Zawgyi Version]

ကြ်န္ေတာ္တို႔ေတြ ေန႔စဥ္သံုးစြဲျဖစ္ေနတဲ႔ ပစၥည္းေတြဟာ ကုန္ပစၥည္းထုတ္လုပ္ေရာင္းခ်သူေတြ၊ မားကက္တင္းပညာရွင္ေတြနဲ႔ ေၾကာ္ျငာေအဂ်င္စီေတြရဲ႕ လႊမ္းမိုးမႈေၾကာင္႔သာ သံုးျဖစ္ေနတာျဖစ္ၿပီး တကယ္တမ္းက်ေတာ႔ က်န္းမာေရးကို တစ္မ်ိဳးတစ္ဖံုထိပါးေစႏိုင္ပါတယ္။ ေန႕စဥ္သံုးပစၥည္းေတြထဲက က်န္းမာေရးကို ထိခိုက္ေစႏိုင္တဲ႔ ပစၥည္းေတြကေတာ႔...

၁။ ပလတ္စတစ္ဘူးေတြ

ပလတ္စတစ္နဲ႔ ျပဳလုပ္ထားတဲ႔ အစားအစာထည္႔ဘူးေတြဟာ ကြ်န္ေတာ္တို႔ရဲ႕က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။ တိတိက်က် ေျပာရရင္ ပလတ္စတစ္ပစၥည္းေတြ ခိုင္မာေအာင္ထည္႔ထားတဲ႔ ဓာတုပစၥည္းေတြက ကြ်န္ေတာ္တို႔ကို ထိခိုက္ေစတာပါ။ အထူးသျဖင္႔ အဲဒီပလတ္စတစ္ဘူးေတြကို ပူေလာင္တဲ႔အစားအစာေတြ ထည္႔မိတဲ႔အခ်ိန္မွာ အေျခအေနက ပိုမိုဆိုးဝါးသြားတတ္ပါတယ္။

အဲဒီလိုအခ်ိန္မွာ ပလတ္စတစ္ဘူးေတြမွာ အဆိပ္အေတာက္ျဖစ္လာၿပီး အႏၱရာယ္လည္းမ်ားလာပါတယ္။ ဒါေၾကာင္႔ ပလတ္စတစ္ဘူးေတြထဲမွာ ပူေလာင္တဲ႔အစားအစာေတြ မထည္႔သင္႔သလို အခ်ိန္ (၅) လ ထက္ေက်ာ္လြန္ေအာင္လည္း အသံုးမျပဳသင္႔ပါဘူး။ မိုက္ခရိုေဝ႔ဖ္ မီးဖိုထဲ မထည္႔သင္႔တာကိုေတာ႔ သိထားၿပီးသားျဖစ္မွာပါ။

၂။ Crocs ကြင္းထုိးဖိနပ္ေတြ

လူသန္းေပါင္းမ်ားစြာဟာ Crocs တံဆိပ္ဖိနပ္ေတြကို ႏွစ္သက္စြာစီးေနၾကပါတယ္။ Crocs ရဲ႕ တမူထူးျခားတဲ႔ ဒီဇိုင္းကိုလည္း လူတိုင္းႏွစ္သက္ၾကပါတယ္။ ဒါေပမယ္႔ Crocs ဖိနပ္ေတြဟာ ေျခဖေနာင္႔အတြက္ သိပ္မေကာင္းပါဘူး။

Crocs ဖိနပ္ေၾကာင္႔ျဖစ္တဲ႔ ေျခဖေနာင္႔အေနအထားပံုမမွန္ျခင္းကေန ေျခေခ်ာင္းေလးေတြရြဲ႕ေစာင္းျခင္း၊ အသားမာတက္ျခင္းနဲ႔ ေျခေထာက္နာက်င္ျခင္းေတြ ျဖစ္ေစႏိုင္ပါတယ္။ Crocs ဖိနပ္ထက္ ပိုၿပီးသက္ေတာင္႔သက္သာရွိမယ္႔ ဖိနပ္ေတြ စီးသင္႔တဲ႔ ေနာက္ထပ္အေၾကာင္းရင္း တစ္ခုကေတာ႔ ၾကာၾကာစီးရင္ ေျခခြင္ (ေျခေခ်ာင္းနဲ႔ ဖေနာင္႔ၾကားကေနရာ) ဟာ ေပ်ာ႔ေပ်ာင္း လာတတ္ၿပီး ေျခေထာက္က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။

၃။ မ်က္ေတာင္ျခယ္ေဆး

image1xxl.jpg 

မ်က္ေတာင္ျခယ္ေဆး အသစ္တစ္ေခ်ာင္းဝယ္ေတာ႔မယ္ဆိုရင္ ပါဝင္ပစၥည္းေတြကို ေသခ်ာစစ္ေဆးၾကည္႔ပါ။ paraben လိုမ်ိဳး၊ အလူမီနီယမ္မႈန္႔လိုမ်ိဳး၊ propylene glycol လုိမ်ိဳး ပါဝင္ဓာတုပစၥည္းအခ်ိဳ႕ဟာ မ်က္စိက်န္းမာေရးကို ဆိုးရြားစြာ ထိခိုက္ေစႏိုင္ပါတယ္။ ေနာက္ၿပီး အိမ္မွာေမ႔က်န္ခဲ႔လို႔ဆိုၿပီး အျပင္သြားခါနီး သူငယ္ခ်င္းရဲ႕ မ်က္ေတာင္ျခယ္ေဆးကို ငွားသံုးတာမ်ိဳးကိုလည္း ေရွာင္ၾကဥ္ပါ။ ဘာလို႔လဲဆိုေတာ႔ ဘက္တီးရီးယားနဲ႔ မႈိေတြ တြယ္ကပ္ေနႏိုင္ၿပီး မ်က္စိပိုးဝင္ျခင္း ျဖစ္ေစႏိုင္လို႔ပါပဲ။

ရုပ္သံဇာတ္လမ္းတြဲမ်ားကို စြဲစြဲလမ္းလမ္းၾကည္႔ျခင္းက က်န္းမာေရးကိုထိခိုက္ေစႏိုင္ 

၄။ တြယ္ကပ္ျခင္းမရွိတဲ႔ ဒယ္အိုး (nonstick cockware)

Nonstickfryingpan.jpg 

တြယ္ကပ္ျခင္းမရွိတဲ႔ ဒယ္အိုးျပား (nonstick cockware) ေတြမွာပါဝင္တဲ႔ ဖလိုရင္းပါဝင္မႈျမင္႔မားတဲ႔ ဓာတုပစၥည္းေတြဟာ အလြန္အႏၱရာယ္မ်ားပါတယ္။ အပူခ်ိန္ (၂၃၀) ဒီဂရီဆဲလ္စီးယပ္စ္ထက္ ေက်ာ္လြန္တဲ႔အခါ ဒယ္အိုးမ်က္ႏွာျပင္မွ အေငြ႕ျပန္လြယ္တဲ႔ အရာဝတၳဳေတြ ေပၚထြက္လာတတ္ပါတယ္။ ဒတ္ခ်္လူမ်ိဳးသုေတသီေတြရဲ႕အဆိုအရ အဲဒီအဆိပ္အေတာက္ပစၥည္းေတြ ေသြးထဲေရာက္လာရင္ ကင္ဆာဆဲလ္ေတြ ျဖစ္လာႏိုင္ပါတယ္တဲ႔။

၅။ ဘက္တီးရီးယားကာကြယ္တဲ႔ ဆပ္ျပာ

hand-washing-hero-image.jpg 

ဘက္တီးရီးယားကာကြယ္တဲ႔ဆပ္ျပာေတြထဲမွာ ပါဝင္တဲ႔ပိုးသတ္ေဆးပမာဏဟာ ၀.၃ ရာခိုင္ႏႈန္းေလာက္ပဲရွိပါတယ္။ ဒါေပမယ္႔ အႏၱရာယ္ကေတာ႔ အမ်ားႀကီးပါပဲ။ အဲဒီပစၥည္းေတြဟာ ခုခံအားကို ေလ်ာ႔နည္းေစၿပီး ခႏၶာကိုယ္ရဲ႕ antibiotic စုပ္ယူႏိုင္စြမ္းကိုလည္း ေလ်ာ႔နည္းေစပါတယ္။ ေနာက္ၿပီး ေဟာ္မုန္းမညီမညြတ္ျဖစ္ျခင္း၊ ၾကြက္သားနာက်င္ျခင္းတို႔ကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

Source: Brightside

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs