• Lifestyle
    ပြောဆိုဆက်ဆံရာမှာ ကျွမ်းကျင်သူတစ်ဦးဖြစ်ဖို့ အကြံပြုချက် ၆ ချက်
Phyo Min Thant
[Unicode Version]

Venture_Cityscape1.jpg 

တခြားသူတွေနဲ့ပြောဆိုဆက်ဆံတဲ့နေရာမှာ ကျွမ်းကျင်လိမ္မာဖို့ဟာလည်း အောင်မြင်မှုတွေရဖို့ အရေးပါတဲ့အချက် တစ်ချက်ပါပဲ။ ဒီနေ့ခေတ်မှာဆိုရင် လူချင်းတွေဆုံပြောဆိုဆက်ဆံမှုတွေမှာသာမက Email ၊ ဖုန်း နဲ့ အခြားဆက်သွယ်ရေးနည်းလမ်းတွေနဲ့ ပြောဆိုဆက်ဆံရာမှာပါ ကျွမ်းကျင်သူတစ်ဦးဖြစ်ဖို့ လိုအပ်လာပါတယ်။ အခြားသူတွေနဲ့ပြောဆိုဆက်ဆံတဲ့အရည်အချင်းကို တစ်ချို့သူတွေကမွေးရာပါအရည်အချင်းတစ်ရပ်လို ပိုင်ဆိုင်ထားကြ ပေမယ့် တစ်ချို့သူတွေအတွက်တော့ ကိုယ်နဲ့မရင်းနှီးသေးတဲ့သူတွေနဲ့ ပြောဆိုဆက်ဆံရတာက အခက်အခဲတစ်ရပ် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ အဲဒီလိုဖြစ်နေလို့လည်း စိတ်ဓါတ်ကျစရာတော့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြောဆိုဆက်ဆံမှုအရည်အချင်းဆိုတာ အာရုံစိုက်လေ့လာပြီး ကြိုးစားလေ့ကျင့်မယ်ဆိုရင် လူတိုင်းပိုင်ဆိုင်နိုင်တဲ့ အရည်အချင်းတစ်ရပ်မလို့ပါပဲ။ အခုဖော်ပြသွားမှာကတော့ ပြောဆိုဆက်ဆံရာမှာ ကျွမ်းကျင်သူတစ်ဦးဖြစ် လာစေဖို့ အထောက်အကူပြုမယ့် အကြံပြုချက် ၆ ချက်ပဲ ဖြစ်ပါတယ်။

(၁) ကိုယ်ကအရင် စ ပြောပါ

မရင်းနှီးသေးတဲ့သူတစ်ဦးနဲ့တစ်ဦး စကားပြောဆိုဆက်ဆံကြရာမှာ လူအတော်များများလုပ်မိလေ့ရှိတဲ့ အမှားတစ်ခုက တစ်ဖက်လူက စ ပြောတာကိုစောင့်နေပြီးမှ အလိုက်အထိုက်ပြန်ပြောတာပါ။ တကယ်တော့ ကိုယ်နဲ့ အခုမှစတွေ့ဖူးတဲ့သူတစ်ဦးနဲ့ တွေ့ဆုံရာမှာ ကိုယ့်ဘက်ကနေ တစ်ခုခုအရင်စပြောလိုက်တာက ပိုကောင်းပါတယ်။ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်မိတ်ဆက်ပြီးတဲ့နောက်မှာ ကိုယ့်ဘက်ကနေပဲ ရာသီဥတုအကြောင်းပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လက်တလောပတ်ဝန်းကျင်မှာမြင်တွေ့လိုက်ရတဲ့ကိစ္စတစ်ခုခုကိုပဲဖြစ်ဖြစ် စတင်ပြီးပြောလိုက်ခြင်းအားဖြင့် ကိုယ်က သူနဲ့ ပြောဆိုဆက်ဆံဖို့ စိတ်အားထက်သန်လျက်ရှိကြောင်း ဖော်ပြရာရောက်ပြီး တစ်ဖက်လူရဲ့ရင်းနှီးမှုကိုလည်း မြန်မြန်ဆန်ဆန် ရရှိမှာပါ။

 (၂) စိတ်ဝင်စားစရာအကြောင်းအရာတစ်ခု ပြင်ဆင်ထားပါ

တစ်ဦးနဲ့တစ်ဦးမိတ်ဆက်ပြီးပြီ၊ ရာသီဥတုအကြောင်းလို သိပ်အရေးမကြီးတဲ့စကားလေးတွေလည်းပြောပြီးသွားတဲ့ နောက်မှာ စကားဝိုင်းကအလျင်ပြတ်သွားတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးအတွက်ကိုယ့်ဘက်ကနေပြီး စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကြိုတင်ပြင်ဆင်သွားသင့်ပါတယ်။ အလုပ်ကိစ္စတွေ့ဆုံကြတာဆိုရင် ကိုယ့်ရဲ့အလုပ်၊ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ပြီး လူသိပ်မသိတဲ့အကြောင်းအရာမျိုးကို ပြောပြတာမျိုးလုပ်နိုင်ပါတယ်။ အဲဒီအချိန်မှာ တစ်ဖက်သားစိတ်ဝင်စားအောင်ပြောနိုင်မယ်ဆိုရင် သင့်အနေနဲ့စကားဝိုင်းကိုဦးဆောင်သူနေရာရရှိမှာ ဖြစ်ပါတယ်။

Article 29 image.jpeg 

(၃) တစ်ဖက်လူစိတ်ဝင်စားမယ့်အကြောင်းအရာပေါ်လာအောင် ဆွဲခေါ်ပါ

တကယ်လို့ သင်ပြောနိုင်တဲ့အကြောင်းအရာက တစ်ဖက်လူနဲ့မဆိုင်တဲ့ကိစ္စမျိုး၊ သူစိတ်မဝင်စားတဲ့ကိစ္စမျိုးဖြစ်နေရင် တစ်ဖက်လူဘယ်လိုအကြောင်းအရာမျိုးကိုစိတ်ဝင်စားနေလဲသိရအောင် ဆွဲခေါ်တတ်ဖို့လိုပါတယ်။ ဒီလိုလုပ်ဖို့အတွက် တော့ သူ့ကိုစကားပြောလာအောင် ဆွဲခေါ်ရမှာဖြစ်ပြီးသူပြောလာတဲ့အခါမှာ အကြောင်းအရာကိုဂရုတစိုက်နားထောင်ကာ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကိုယ်သိထားတဲ့စိတ်ဝင်စားစရာအချက်လေးတွေကိုပြောနိုင်ဖို့ကြိုးစားရမှာပဲ ဖြစ်ပါတယ်။

(၄) မေးခွန်းတွေမေးပါ

စကားကို ခပ်တိုတို၊ခပ်ပြတ်ပြတ် ပြောတတ်သူတွေနဲ့ပြောဆိုဆက်ဆံရတဲ့အခါ စကားဝိုင်းကို အရှိန်မပြတ်သွားအောင် ထိန်းနိုင်ဖို့ခက်ခဲတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးအတွက် သူစကားပြောတာအရှိန်မပြတ်သွားစေဖို့ သင်က အလိုက်အထိုက်မေးခွန်းလေးတွေမေးတတ်ဖို့လိုပါတယ်။ ဒီလိုမေးတဲ့နေရာမှာ သူပြောနေတာကို စိတ်ဝင်စားလို့ မေးတဲ့ပုံစံမျိုးဖြစ်သင့်ပြီး တရားခံစစ် စစ်နေတာမျိုးမဖြစ်ဖို့တော့ သတိထားရပါမယ်။

SEE ALSO: 

(၅) အပြောင်းအလဲမမြန်ပါနဲ့

အချိန်တိုအတွင်းမှာ အကြောင်းအရာအမျိုးမျိုးပြောင်းပြောနေတာမျိုး မလုပ်မိဖို့လိုပါတယ်။ သင့်အနေနဲ့က တစ်ဖက်သား ဘာစိတ်ဝင်စားမယ်မှန်းမသိလို့ အကြောင်းအရာအမျိုးမျိုးပြောင်းပြောတာဖြစ်ပေမယ့် တစ်ဖက်လူရဲ့စိတ်ထဲမှာ သင့်ကို စိတ်မတည်ငြိမ်တဲ့သူ၊ အပြောင်းအလဲမြန်တဲ့သူလို့မြင်သွားတာမျိုး၊ သင်ပြောတာကိုစိတ်မဝင်စားတော့တာမျိုး ဖြစ်သွားနိုင်ပါတယ်။ သင့်အနေနဲ့တစ်ဖက်လူက ဘာစိတ်ဝင်စားမှန်း ဘယ်လိုမှခန့်မှန်းလို့မရဘူးဆိုရင် သင်အပိုင်နိုင်ဆုံး အကြောင်းအရာတစ်ခုကိုပဲ တတ်နိုင်သမျှစိတ်ဝင်စားစရာဖြစ်အောင်ပြောပါ။

(၆) အနှစ်ချုပ်ပြန်ပြောပါ

စကားဝိုင်းသိမ်းတော့မယ်ဆိုတဲ့အချိန် သင်တို့ရဲ့တွေ့ဆုံဆွေးနွေးခဲ့မှုနဲ့ပတ်သက်ပြီး အနှစ်ချုပ်သုံးသပ်တာမျိုး လုပ်ဖို့ လိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သင်တို့ပြောဆိုခဲ့တဲ့အချက်တွေနဲ့ပတ်သက်လို့ စကားဝိုင်းမှာပါဝင်သူတွေအားလုံး ရှင်းရှင်းလင်းလင်းနဲ့မှတ်မှတ်ရရရှိသွားမှာ ဖြစ်သလို သင့်အပေါ်လည်းလေးစားယုံကြည်မှုတိုးစေမှာပါ။

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီး လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့ စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့နည်းလမ်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။

စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal က စိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။ www.theventure.com ကိုဝင်ရောက်ပြီးတော့ ဆက်လက်လေ့လာဖတ်ရှု့နိုင် ပါတယ်။

[Zawgyi Version]

တျခားသူေတြနဲ႔ေျပာဆိုဆက္ဆံတဲ့ေနရာမွာ ကြ်မ္းက်င္လိမၼာဖို႔ဟာလည္း ေအာင္ျမင္မႈေတြရဖို႔ အေရးပါတဲ့အခ်က္ တစ္ခ်က္ပါပဲ။ ဒီေန႔ေခတ္မွာဆိုရင္ လူခ်င္းေတြဆံုေျပာဆိုဆက္ဆံမႈေတြမွာသာမက Email ၊ ဖုန္း နဲ႔ အျခားဆက္သြယ္ေရးနည္းလမ္းေတြနဲ႔ ေျပာဆိုဆက္ဆံရာမွာပါ ကြ်မ္းက်င္သူတစ္ဦးျဖစ္ဖို႔ လိုအပ္လာပါတယ္။ အျခားသူေတြနဲ႔ေျပာဆုိဆက္ဆံတဲ့အရည္အခ်င္းကို တစ္ခ်ိဳ႕သူေတြကေမြးရာပါအရည္အခ်င္းတစ္ရပ္လို ပိုင္ဆိုင္ထားၾက ေပမယ့္ တစ္ခ်ိဳ႕သူေတြအတြက္ေတာ့ ကိုယ္နဲ႔မရင္းႏွီးေသးတဲ့သူေတြနဲ႔ ေျပာဆိုဆက္ဆံရတာက အခက္အခဲတစ္ရပ္ ျဖစ္ေကာင္းျဖစ္ေနႏုိင္ပါတယ္။ အဲဒီလိုျဖစ္ေနလို႔လည္း စိတ္ဓါတ္က်စရာေတာ့မရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေျပာဆိုဆက္ဆံမႈအရည္အခ်င္းဆိုတာ အာရံုစိုက္ေလ့လာျပီး ၾကိဳးစားေလ့က်င့္မယ္ဆိုရင္ လူတိုင္းပိုင္ဆိုင္ႏုိင္တဲ့ အရည္အခ်င္းတစ္ရပ္မလို႔ပါပဲ။ အခုေဖာ္ျပသြားမွာကေတာ့ ေျပာဆုိဆက္ဆံရာမွာ ကြ်မ္းက်င္သူတစ္ဦးျဖစ္ လာေစဖို႔ အေထာက္အကူျပဳမယ့္ အၾကံျပဳခ်က္ ၆ ခ်က္ပဲ ျဖစ္ပါတယ္။

(၁) ကိုယ္ကအရင္ စ ေျပာပါ

မရင္းႏွီးေသးတဲ့သူတစ္ဦးနဲ႔တစ္ဦး စကားေျပာဆုိဆက္ဆံၾကရာမွာ လူအေတာ္မ်ားမ်ားလုပ္မိေလ့ရွိတဲ့ အမွားတစ္ခုက တစ္ဖက္လူက စ ေျပာတာကိုေစာင့္ေနျပီးမွ အလိုက္အထိုက္ျပန္ေျပာတာပါ။ တကယ္ေတာ့ ကိုယ္နဲ႔ အခုမွစေတြ႕ဖူးတဲ့သူတစ္ဦးနဲ႔ ေတြ႕ဆံုရာမွာ ကိုယ့္ဘက္ကေန တစ္ခုခုအရင္စေျပာလိုက္တာက ပိုေကာင္းပါတယ္။ တစ္ဦးနဲ႔တစ္ဦးအျပန္အလွန္မိတ္ဆက္ျပီးတဲ့ေနာက္မွာ ကိုယ့္ဘက္ကေနပဲ ရာသီဥတုအေၾကာင္းပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ လက္တေလာပတ္ဝန္းက်င္မွာျမင္ေတြ႕လိုက္ရတဲ့ကိစၥတစ္ခုခုကုိပဲျဖစ္ျဖစ္ စတင္ျပီးေျပာလိုက္ျခင္းအားျဖင့္ ကိုယ္က သူနဲ႔ ေျပာဆိုဆက္ဆံဖို႔ စိတ္အားထက္သန္လ်က္ရွိေၾကာင္း ေဖာ္ျပရာေရာက္ျပီး တစ္ဖက္လူရဲ႕ရင္းႏွီးမႈကိုလည္း ျမန္ျမန္ဆန္ဆန္ ရရွိမွာပါ။

 (၂) စိတ္ဝင္စားစရာအေၾကာင္းအရာတစ္ခု ျပင္ဆင္ထားပါ

တစ္ဦးနဲ႔တစ္ဦးမိတ္ဆက္ျပီးျပီ၊ ရာသီဥတုအေၾကာင္းလို သိပ္အေရးမၾကီးတဲ့စကားေလးေတြလည္းေျပာျပီးသြားတဲ့ ေနာက္မွာ စကားဝိုင္းကအလ်င္ျပတ္သြားတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးအတြက္ကိုယ့္ဘက္ကေနျပီး စိတ္ဝင္စားစရာအေၾကာင္းအရာတစ္ခုၾကိဳတင္ျပင္ဆင္သြားသင့္ပါတယ္။ အလုပ္ကိစၥေတြ႕ဆံုၾကတာဆိုရင္ ကိုယ့္ရဲ႕အလုပ္၊ အသက္ေမြးဝမ္းေက်ာင္းနဲ႔ပတ္သက္ျပီး လူသိပ္မသိတဲ့အေၾကာင္းအရာမ်ိဳးကို ေျပာျပတာမ်ိဳးလုပ္ႏုိင္ပါတယ္။ အဲဒီအခ်ိန္မွာ တစ္ဖက္သားစိတ္ဝင္စားေအာင္ေျပာႏုိင္မယ္ဆိုရင္ သင့္အေနနဲ႔စကားဝုိင္းကိုဦးေဆာင္သူေနရာရရွိမွာ ျဖစ္ပါတယ္။

(၃) တစ္ဖက္လူစိတ္ဝင္စားမယ့္အေၾကာင္းအရာေပၚလာေအာင္ ဆြဲေခၚပါ

တကယ္လို႔ သင္ေျပာႏုိင္တဲ့အေၾကာင္းအရာက တစ္ဖက္လူနဲ႔မဆိုင္တဲ့ကိစၥမ်ိဳး၊ သူစိတ္မဝင္စားတဲ့ကိစၥမ်ိဳးျဖစ္ေနရင္ တစ္ဖက္လူဘယ္လိုအေၾကာင္းအရာမ်ိဳးကိုစိတ္ဝင္စားေနလဲသိရေအာင္ ဆြဲေခၚတတ္ဖို႔လိုပါတယ္။ ဒီလိုလုပ္ဖို႔အတြက္ ေတာ့ သူ႔ကိုစကားေျပာလာေအာင္ ဆြဲေခၚရမွာျဖစ္ျပီးသူေျပာလာတဲ့အခါမွာ အေၾကာင္းအရာကိုဂရုတစိုက္နားေထာင္ကာ အဲဒီအေၾကာင္းအရာနဲ႔ပတ္သက္ျပီး ကိုယ္သိထားတဲ့စိတ္ဝင္စားစရာအခ်က္ေလးေတြကိုေျပာႏုိင္ဖို႔ၾကိဳးစားရမွာပဲ ျဖစ္ပါတယ္။

(၄) ေမးခြန္းေတြေမးပါ

စကားကို ခပ္တိုတုိ၊ခပ္ျပတ္ျပတ္ ေျပာတတ္သူေတြနဲ႔ေျပာဆိုဆက္ဆံရတဲ့အခါ စကားဝိုင္းကို အရွိန္မျပတ္သြားေအာင္ ထိန္းႏုိင္ဖို႔ခက္ခဲတတ္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးအတြက္ သူစကားေျပာတာအရွိန္မျပတ္သြားေစဖို႔ သင္က အလိုက္အထုိက္ေမးခြန္းေလးေတြေမးတတ္ဖို႔လိုပါတယ္။ ဒီလိုေမးတဲ့ေနရာမွာ သူေျပာေနတာကို စိတ္ဝင္စားလို႔ ေမးတဲ့ပံုစံမ်ိဳးျဖစ္သင့္ျပီး တရားခံစစ္ စစ္ေနတာမ်ိဳးမျဖစ္ဖို႔ေတာ့ သတိထားရပါမယ္။

SEE ALSO: 

(၅) အေျပာင္းအလဲမျမန္ပါနဲ႔

အခ်ိန္တိုအတြင္းမွာ အေၾကာင္းအရာအမ်ိဳးမ်ိဳးေျပာင္းေျပာေနတာမ်ိဳး မလုပ္မိဖို႔လိုပါတယ္။ သင့္အေနနဲ႔က တစ္ဖက္သား ဘာစိတ္ဝင္စားမယ္မွန္းမသိလို႔ အေၾကာင္းအရာအမ်ိဳးမ်ိဳးေျပာင္းေျပာတာျဖစ္ေပမယ့္ တစ္ဖက္လူရဲ႕စိတ္ထဲမွာ သင့္ကို စိတ္မတည္ျငိမ္တဲ့သူ၊ အေျပာင္းအလဲျမန္တဲ့သူလို႔ျမင္သြားတာမ်ိဳး၊ သင္ေျပာတာကိုစိတ္မဝင္စားေတာ့တာမ်ိဳး ျဖစ္သြားႏိုင္ပါတယ္။ သင့္အေနနဲ႔တစ္ဖက္လူက ဘာစိတ္ဝင္စားမွန္း ဘယ္လိုမွခန္႔မွန္းလို႔မရဘူးဆိုရင္ သင္အပိုင္ႏုိင္ဆံုး အေၾကာင္းအရာတစ္ခုကိုပဲ တတ္ႏိုင္သမွ်စိတ္ဝင္စားစရာျဖစ္ေအာင္ေျပာပါ။

(၆) အႏွစ္ခ်ဳပ္ျပန္ေျပာပါ

စကားဝုိင္းသိမ္းေတာ့မယ္ဆိုတဲ့အခ်ိန္ သင္တို႔ရဲ႕ေတြ႕ဆံုေဆြးေႏြးခဲ့မႈနဲ႔ပတ္သက္ျပီး အႏွစ္ခ်ဳပ္သံုးသပ္တာမ်ိဳး လုပ္ဖို႔ လိုပါတယ္။ ဒီလိုလုပ္ျခင္းအားျဖင့္ သင္တုိ႔ေျပာဆုိခဲ့တဲ့အခ်က္ေတြနဲ႔ပတ္သက္လို႔ စကားဝိုင္းမွာပါဝင္သူေတြအားလံုး ရွင္းရွင္းလင္းလင္းနဲ႔မွတ္မွတ္ရရရွိသြားမွာ ျဖစ္သလို သင့္အေပၚလည္းေလးစားယံုၾကည္မႈတုိးေစမွာပါ။

ဒီေန႔ကမၻာမွာ လူမႈပတ္၀န္းက်င္နဲ႔ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာ အေရးတႀကီး လိုအပ္ခ်က္ေတြကိုျဖည့္ဆည္းေပးႏိုင္ဖို႔ အတြက္ စိတ္အားထက္သန္ၿပီး သူတို႔ရဲ႕ အရည္အေသြးေတြနဲ႔ စြမ္းအင္ေတြကို ပိုမိုေကာင္းမြန္တဲ့ ကမၻာတစ္ခုတည္ေဆာက္ ရာမွာအသံုးခ်ေနတဲ့ မ်ိဳးဆက္သစ္တစ္ရပ္ ရွိေနပါတယ္။ ကြ်န္ေတာ္တို႔ရဲ႕ Chivas Regal ဟာ အဲဒီမ်ိဳးဆက္သစ္ေတြကို အဓိပၸာယ္ျပည့္၀တဲ့နည္းလမ္းေတြနဲ႔ ထိေတြ႕ဆက္ဆံၿပီး သူတို႔ေတြထဲကေန ေအာင္ျမင္တဲ့ လူမႈကူညီေရး စြန္႔ဦးတီထြင္လုပ္ငန္းရွင္ေတြ ေပၚထြက္လာေစဖို႔အတြက္ အားေပးကူညီသြားဖို႔ ဆံုးျဖတ္ထားပါတယ္။

စီးပြားေရးလုပ္ငန္းနဲ႔ တီထြင္ဖန္တီးမႈေတြက ေကာင္းမြန္မႈအတြက္အင္အားတစ္ရပ္ျဖစ္လာႏိုင္တယ္လို႔ Chivas Regal က စိတ္ထဲႏွလံုးထဲက ယံုၾကည္ထားပါတယ္။ www.theventure.com ကို၀င္ေရာက္ၿပီးေတာ့ ဆက္လက္ေလ့လာဖတ္ရႈ႕ႏုိင္ ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs