• Lifestyle
    အစားအသောက်တွေကို မြတ်နိုးသူတွေအတွက် အလုပ်အကိုင် (၅) မျိုး
Thiha Htun
[Unicode Version]

အစားအသောက်စားသုံးခြင်းဆိုတာ ကျွန်တော်တို့လူသားအများစုအတွက် မရှိမဖြစ်လိုအပ်လို့ လုပ်နေရတယ်ဆိုပေမယ့် တချို့တွေအတွက်တော့ နှစ်သက်မြတ်နိုးမှုတွေနဲ့လုပ်နေတဲ့ အလုပ်တစ်ခုပါ။ တချို့တွေက အစားအစာမျိုးစုံရဲ့အရသာကို နှစ်သက်စွာ စားသုံးဖို့အတွက် မွေးဖွားလာတာပါ။ အဲဒီလိုလူတွေကို foodie လို့ခေါ်ပြီး အစားအသောက်ဟာ သူတို့အတွက်တော့ အရာရာတိုင်းပါပဲ။

food-blog.jpg 

တကယ်လို့ ခင်ဗျားသာ အဲဒီလို အစားအသောက်တွေကို မြတ်နိုးတဲ့ foodie တစ်ယောက်ဖြစ်နေမယ်ဆိုရင် မိမိရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ကိုလည်း အစားအသောက်တွေနဲ့ ပတ်သက်တဲ့ အလုပ်တစ်ခုခုကိုပဲ လုပ်ချင်မှာပါပဲ။ ဒါဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ အလုပ်အကိုင်တွေက ခင်ဗျားအတွက် ဖြစ်နေမှာပါ။

၁။ အစားအသောက်ဝန်ဆောင်မှု လုပ်ကိုင်သူ

1.jpg 

တခြားလူတွေက ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေ တက်ရောက်နေချိန်မှာ ခင်ဗျားကတော့ ပွဲတက်လာမယ့်သူတို့အတွက် အစားအသောက်တွေကို စီစဉ်ပေးရမှာပါ။ ခင်ဗျားသာ အစားအသောက်တွေကို တကယ်နှစ်သက်သူဆိုရင် ဒီအလုပ်လုပ်ရတာကို ခင်ဗျားပျော်ရွှင်နေမိမှာပါ။ အစားအသောက်ဝန်ဆောင်မှုဆိုတာ menu တွေဖန်တီးတာပါမယ်။

အစားအသောက် မှာယူပေးတာ ပါမယ်။ အခမ်းအနားမှာ အစားအသောက်တွေကို ပွဲတက်ပရိသတ်တွေရှေ့ကို အစီအစဉ်တကျ ရောက်အောင် စီမံရတာပါမယ်။ တကယ်လို့ ဒါတွေအားလုံးကို အစီအစဉ်တကျ ဆောင်ရွက်နိုင်ပြီဆိုရင် ခင်ဗျားကို ဟိုတယ်တွေ၊ အေဂျင်စီတွေ၊ စားသောက်ဆိုင်တွေက သူတို့ရဲ့ဖောက်သည်တွေအတွက် အကောင်းဆုံးအတွေ့အကြုံကို ဖန်တီးပေးဖို့ ခင်ဗျားကို အကူအညီတောင်းလာပါလိမ့်မယ်။

၂။ အစားအသောက် ဘလော့ဂါ (Food Blogger)

blogher-food-15-irvin-lin-interview.jpg 

စားသောက်ဆိုင်တွေရှိရာကို ဆာဗေးဆင်းတာတို့၊ စားသောက်ဖွယ်အသစ်တွေကို ပရိသတ်သိအောင် ချပြတာတို့၊ စားသောက်ကုန် လုပ်ငန်းကို ဝေဖန်အကဲဖြတ်တာတို့က အစားအသောက်ဘလော့ဂါတွေရဲ့ အလုပ်ဖြစ်ပါတယ်။ အစားအသောက်ဘလော့ဂါ အများစုကတော့ သီးခြားရပ်တည်တတ်ကြပြီး သူတို့ရဲ့ဆောင်းပါးတွေကို မဂ္ဂဇင်းတို့၊ ဝက်ဘ်ဆိုဒ်တို့ကို ပို့ခြင်းဖြင့် ဝင်ငွေကို ရယူတတ်ကြပါတယ်။

ဒါ့အပြင် ဘလော့ဂါတွေက စားသောက်ဆိုင်တွေကို ညွှန်းပေးတာတို့၊ စပွန်ဆာယူတာတို့၊ ကြော်ငြာယူတာတို့ကလည်း ဝင်ငွေရရှိနိုင်ပါသေးတယ်။ ဒါပေမယ့် ဒီအလုပ်အကိုင်ဟာ စစချင်းမှာတော့ အချိန်နဲ့ငွေ တော်တော်ရင်းနှီးမြှုပ်နှံနိုင်မှ တော်ကာကျတဲ့ အလုပ်မျိုးပါ။

၃။ စားသောက်ဆိုင်ဧည့်လမ်းညွှန်

miami-beach-art-deco-tour-guide.jpg 

ခင်ဗျားနေထိုင်ရာမြို့မှာရှိတဲ့ အံ့အားသင့်ဖွယ် ထူးထူးဆန်းဆန်းလက်ရာတွေ၊ အစားအသောက်တွေကို ရှာဖွေရတာ နှစ်သက်သူဆိုရင်တော့ ဒီအလုပ်ဟာ ခင်ဗျားအတွက်ပါပဲ။ ခင်ဗျားလိုပဲ အစားအသောက်မြတ်နိုးသူ ခရီးသွားတွေကို အဲဒီလို ထူးထူးဆန်းဆန်းအစားအစာလေးတွေနဲ့ လိုက်လံမိတ်ဆက်ပေးခြင်းဖြင့် အလုပ်လုပ်ကိုင်ရမှာပါ။

ဒီအလုပ်အကိုင်ကတော့ အစားအသောက် ဘလော့ဂါလောက် မလွယ်တာက သူများမသိသေးတဲ့ ထူးထူးဆန်းဆန်း အစားအသောက်တွေကို လိုက်လံရှာဖွေနိုင်၊ သူများကိုလည်း မိတ်ဆက်ပေးနိုင်ရမှာမို့ပါ။ တချို့ကတော့ အစားအသောက် ဘလော့ဂါအလုပ်နဲ့ တွဲလုပ်ကြပါတယ်။

လူတိုင်းမဖြစ်မနေ လိုက်နာသင့်တဲ့ အစားအသောက်ဆိုင်ရာ စည်းမျဉ်းများ 

၄။ dietician (အာဟာရဗေဒ ပညာရှင်)

dietician_nutrition.jpg 

တချို့လူတွေက အစားအသောက်ကို ဘယ်လိုအရသာခံစားမလဲ စဉ်းစားပြီး ဝိတ်တွေတက်နေချိန်မှာ dietician တွေရဲ့ အခန်းကဏ္ဍကတော့ ဘယ်လိုအစားအသောက်တွေကို ဘယ်လိုအတိုင်းအထွာနဲ့ စားသုံးသင့်လဲဆိုုတာကို ဆုံးဖြတ်ပေး၊ အကြံပေးရမှာပါ။ အထူးသဖြင့် ကိုယ်အလေးချိန်လျှော့ချနေသူတွေအတွက် အာဟာရဆိုင်ရာ အကြံဉာဏ်တွေ ပေးရမှာလည်း ဖြစ်ပါတယ်။ များသောအားဖြင့် dietician တွေဟာ ဆေးခန်းတွေ၊ gym တွေနဲ့ သုတေသနဌာနတွေမှာ အလုပ်လုပ်ကိုင်ရပါတယ်။

၅။ အစားအစာသုတေသီ

food-research.jpg 

အစားအစာသုတေသီတွေကတော့ အစားအစာဖြန့်ဖြူးရောင်းရသူတွေဆီမှာ အလုပ်လုပ်ကိုင်ကြပြီး သူတို့ရဲ့ထုတ်ကုန်ပစ္စည်းတွေမှာ ဘာအားနည်းချက်ရှိလဲဆိုတာနဲ့ ပိုမိုကောင်းမွန်အောင် ဘယ်လိုပြုလုပ်ရမလဲဆိုတာနဲ့ ပတ်သက်တဲ့အကြံတွေပေးဖို့ ခန့်အပ်ထားတာဖြစ်ပါတယ်။

ဥပမာ... အာလူးကြော်ကုမ္မဏီတစ်ခုအတွက် ပိုမိုကြွပ်ရွတဲ့၊ အရသာကောင်းမွန်တဲ့ အာလူးကြော်တွေ ထုတ်လုပ်နိုင်ဖို့ ဘာလုပ်ရမလဲဆိုတာကို အကြံပေးရသလိုမျိုးပေါ့။ အစားအသောက်သုတေသီအလုပ်ဟာလည်း လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။

Source: youngisthan

 

[Zawgyi Version]

အစားအေသာက္စားသံုးျခင္းဆိုတာ ကြ်န္ေတာ္တို႔လူသားအမ်ားစုအတြက္ မရွိမျဖစ္လိုအပ္လို႔ လုပ္ေနရတယ္ဆိုေပမယ္႔ တခ်ိဳ႕ေတြအတြက္ေတာ႔ ႏွစ္သက္ျမတ္ႏိုးမႈေတြနဲ႔လုပ္ေနတဲ႔ အလုပ္တစ္ခုပါ။ တခ်ိဳ႕ေတြက အစားအစာမ်ိဳးစံုရဲ႕အရသာကို ႏွစ္သက္စြာ စားသံုးဖို႔အတြက္ ေမြးဖြားလာတာပါ။ အဲဒီလိုလူေတြကို foodie လို႔ေခၚၿပီး အစားအေသာက္ဟာ သူတို႔အတြက္ေတာ႔ အရာရာတိုင္းပါပဲ။

 

တကယ္လို႔ ခင္ဗ်ားသာ အဲဒီလို အစားအေသာက္ေတြကို ျမတ္ႏိုးတဲ႔ foodie တစ္ေယာက္ျဖစ္ေနမယ္ဆိုရင္ မိမိရဲ႕ အသက္ေမြးဝမ္းေၾကာင္း အလုပ္အကိုင္ကိုလည္း အစားအေသာက္ေတြနဲ႔ ပတ္သက္တဲ႔ အလုပ္တစ္ခုခုကိုပဲ လုပ္ခ်င္မွာပါပဲ။ ဒါဆိုရင္ေတာ႔ ေအာက္မွာေဖာ္ျပထားတဲ႔ အလုပ္အကိုင္ေတြက ခင္ဗ်ားအတြက္ ျဖစ္ေနမွာပါ။

၁။ အစားအေသာက္ဝန္ေဆာင္မႈ လုပ္ကိုင္သူ

 

တျခားလူေတြက ပြဲလမ္းသဘင္ေတြ၊ အခမ္းအနားေတြ တက္ေရာက္ေနခ်ိန္မွာ ခင္ဗ်ားကေတာ႔ ပြဲတက္လာမယ္႔သူတို႔အတြက္ အစားအေသာက္ေတြကို စီစဥ္ေပးရမွာပါ။ ခင္ဗ်ားသာ အစားအေသာက္ေတြကို တကယ္ႏွစ္သက္သူဆိုရင္ ဒီအလုပ္လုပ္ရတာကို ခင္ဗ်ားေပ်ာ္ရႊင္ေနမိမွာပါ။ အစားအေသာက္ဝန္ေဆာင္မႈဆိုတာ menu ေတြဖန္တီးတာပါမယ္။

အစားအေသာက္ မွာယူေပးတာ ပါမယ္။ အခမ္းအနားမွာ အစားအေသာက္ေတြကို ပြဲတက္ပရိသတ္ေတြေရွ႕ကို အစီအစဥ္တက် ေရာက္ေအာင္ စီမံရတာပါမယ္။ တကယ္လို႔ ဒါေတြအားလံုးကို အစီအစဥ္တက် ေဆာင္ရြက္ႏိုင္ၿပီဆိုရင္ ခင္ဗ်ားကို ဟိုတယ္ေတြ၊ ေအဂ်င္စီေတြ၊ စားေသာက္ဆိုင္ေတြက သူတို႔ရဲ႕ေဖာက္သည္ေတြအတြက္ အေကာင္းဆံုးအေတြ႕အၾကံဳကို ဖန္တီးေပးဖို႔ ခင္ဗ်ားကို အကူအညီေတာင္းလာပါလိမ္႔မယ္။

၂။ အစားအေသာက္ ဘေလာ႔ဂါ (Food Blogger)

 

စားေသာက္ဆိုင္ေတြရွိရာကို ဆာေဗးဆင္းတာတို႔၊ စားေသာက္ဖြယ္အသစ္ေတြကို ပရိသတ္သိေအာင္ ခ်ျပတာတို႔၊ စားေသာက္ကုန္ လုပ္ငန္းကို ေဝဖန္အကဲဲျဖတ္တာတို႔က အစားအေသာက္ဘေလာ႔ဂါေတြရဲ႕ အလုပ္ျဖစ္ပါတယ္။ အစားအေသာက္ဘေလာ႔ဂါ အမ်ားစုကေတာ႔ သီးျခားရပ္တည္တတ္ၾကၿပီး သူတို႔ရဲ႕ေဆာင္းပါးေတြကို မဂၢဇင္းတို႔၊ ဝက္ဘ္ဆိုဒ္တို႔ကို ပို႔ျခင္းျဖင္႔ ဝင္ေငြကုိ ရယူတတ္ၾကပါတယ္။

ဒါ႔အျပင္ ဘေလာ႔ဂါေတြက စားေသာက္ဆိုင္ေတြကို ညႊန္းေပးတာတို႔၊ စပြန္ဆာယူတာတို႔၊ ေၾကာ္ျငာယူတာတို႔ကလည္း ဝင္ေငြရရွိႏိုင္ပါေသးတယ္။ ဒါေပမယ္႔ ဒီအလုပ္အကိုင္ဟာ စစခ်င္းမွာေတာ႔ အခ်ိန္နဲ႔ေငြ ေတာ္ေတာ္ရင္းႏွီးျမွဳပ္ႏွံႏိုင္မွ ေတာ္ကာက်တဲ႔ အလုပ္မ်ိဳးပါ။

၃။ စားေသာက္ဆိုင္ဧည္႔လမ္းညႊန္

 

ခင္ဗ်ားေနထိုင္ရာၿမိဳ႕မွာရွိတဲ႔ အံ႕အားသင္႔ဖြယ္ ထူးထူးဆန္းဆန္းလက္ရာေတြ၊ အစားအေသာက္ေတြကို ရွာေဖြရတာ ႏွစ္သက္သူဆိုရင္ေတာ႔ ဒီအလုပ္ဟာ ခင္ဗ်ားအတြက္ပါပဲ။ ခင္ဗ်ားလိုပဲ အစားအေသာက္ျမတ္ႏိုးသူ ခရီးသြားေတြကို အဲဒီလို ထူးထူးဆန္းဆန္းအစားအစာေလးေတြနဲ႔ လိုက္လံမိတ္ဆက္ေပးျခင္းျဖင္႔ အလုပ္လုပ္ကိုင္ရမွာပါ။

ဒီအလုပ္အကိုင္ကေတာ႔ အစားအေသာက္ ဘေလာ႕ဂါေလာက္ မလြယ္တာက သူမ်ားမသိေသးတဲ႔ ထူးထူးဆန္းဆန္း အစားအေသာက္ေတြကို လိုက္လံရွာေဖြႏိုင္၊ သူမ်ားကိုလည္း မိတ္ဆက္ေပးႏိုင္ရမွာမို႔ပါ။ တခ်ိဳ႕ကေတာ႔ အစားအေသာက္ ဘေလာ႔ဂါအလုပ္နဲ႔ တြဲလုပ္ၾကပါတယ္။

လူတိုင္းမျဖစ္မေန လိုက္နာသင္႕တဲ႔ အစားအေသာက္ဆိုင္ရာ စည္းမ်ဥ္းမ်ား 

၄။ dietician (အာဟာရေဗဒ ပညာရွင္)

 

တခ်ိဳ႕လူေတြက အစားအေသာက္ကို ဘယ္လိုအရသာခံစားမလဲ စဥ္းစားၿပီး ဝိတ္ေတြတက္ေနခ်ိန္မွာ dietician ေတြရဲ႕ အခန္းက႑ကေတာ႔ ဘယ္လိုအစားအေသာက္ေတြကို ဘယ္လိုအတိုင္းအထြာနဲ႔ စားသံုးသင္႔လဲဆိုုတာကို ဆံုးျဖတ္ေပး၊ အၾကံေပးရမွာပါ။ အထူးသျဖင္႔ ကိုယ္အေလးခ်ိန္ေလွ်ာ႔ခ်ေနသူေတြအတြက္ အာဟာရဆိုင္ရာ အၾကံဉာဏ္ေတြ ေပးရမွာလည္း ျဖစ္ပါတယ္။ မ်ားေသာအားျဖင္႔ dietician ေတြဟာ ေဆးခန္းေတြ၊ gym ေတြနဲ႔ သုေတသနဌာနေတြမွာ အလုပ္လုပ္ကုိင္ရပါတယ္။

၅။ အစားအစာသုေတသီ

 

အစားအစာသုေတသီေတြကေတာ႔ အစားအစာျဖန္႔ျဖဴးေရာင္းရသူေတြဆီမွာ အလုပ္လုပ္ကိုင္ၾကၿပီး သူတို႔ရဲ႕ထုတ္ကုန္ပစၥည္းေတြမွာ ဘာအားနည္းခ်က္ရွိလဲဆိုတာနဲ႔ ပိုမိုေကာင္းမြန္ေအာင္ ဘယ္လိုျပဳလုပ္ရမလဲဆိုတာနဲ႔ ပတ္သက္တဲ႔အၾကံေတြေပးဖို႔ ခန္႔အပ္ထားတာျဖစ္ပါတယ္။

ဥပမာ... အာလူးေၾကာ္ကုမၼဏီတစ္ခုအတြက္ ပိုမိုၾကြပ္ရြတဲ႔၊ အရသာေကာင္းမြန္တဲ႔ အာလူးေၾကာ္ေတြ ထုတ္လုပ္ႏိုင္ဖို႔ ဘာလုပ္ရမလဲဆိုတာကို အၾကံေပးရသလိုမ်ိဳးေပါ႔။ အစားအေသာက္သုေတသီအလုပ္ဟာလည္း လြယ္ကူတဲ႔ အလုပ္တစ္ခုေတာ႔ မဟုတ္ပါဘူး။

Source: youngisthan

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs